သိုးထိန်းရဲ့ ဘ၀ကောက်ကြောင်း တစ်စိတ်တစ်ဒေသ - အပိုင်း(၂)
ဆောင်းပါးရှင်
- သိုးထိန်း
အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
အဲဒီပုဂ္ဂိုလ်များ
(ယာဉ်တိုက်မှုကို ကြည့်ဖို့လာနေတဲ့ ပုလိပ် ၂ ယောက်) အား အားကိုးတကြီးနဲ့ ကျွန်တော်က
အမောတကော ပြောလိုက်ရပါတယ်…
“အကိုတို့
လုပ်စမ်းပါဦး၊ ကျွန်တော့်ဘက်က လမ်းကြောင်းအမှန်ကြီးကို ဖြတ်တိုက်သွားတယ်”
ဆိုပြီး ပိန်ရှုံ့နေပြီဖြစ်တဲ့ ကျွန်တော့်ကားတံခါးကို ပြန်ဖွင့်လိုက်မိတာပေါ့။
အဲဒီမှာ သကောင့်သား နှစ်ကောင်က ဘာပြောသလဲဆိုတော့……
“ညီလေးကားကို ဖြူနီကြားမှာ ရပ်လို့မရဘူး၊ မင်းရဲ့ လိုင်စင် ပေး” တဲ့။
“ဘုရား၊
ဘုရား”
ဒီလောက်ထူပူနေတာ
ဖြူနီကြားမှန်း ဘာမှန်း ဘယ်သိပါ့မလဲ၊ ပိုဆိုးတာက ကျွန်တော့်မှာ ယာဉ်မောင်း လိုင်စင်
မရှိခြင်းပင်။ မရှိဆို ကျွန်တော့် အသက်က (၁၇) နှစ်ကျော်ရုံသာ ရှိမည်။ (၁၃) နှစ်သားထဲက ကားကို မြို့ပတ်မောင်းနေတာ ဘာ ယာဉ်တိုက်မှုမှ မဖြစ်သလို တခါတလေ
ကိုယ့်ကိုကိုယ် ယာဉ်မောင်းလိုင်စင် ရှိမှ မောင်းလို့ရတာကို မေ့နေသည်။ ဒါကို
ရိပ်မိ သွားတဲ့ ပုလိပ်က -
“မင်းတို့က
လိုင်စင်မရှိဘဲ မောင်းချင်တာကိုးကွ” ဆိုပြီး
ကားလိုင်စင်တွေ၊
သော့တွေကို သိမ်းကာ ကားနံပါတ် မှတ်လိုမှတ်၊ အတိုက်ခံရတဲ့ ကားကိုဘဲ အမှုစစ်တော့မယ့်
ပုံစံမျိုး။ ပြီးမှ -
“ပိန်တာလောက်တော့
ပြင်လိုက်ပေါ့ကွာ၊ မင်းကို တိုက်သွားတဲ့ကားမှာ ဗိုလ်မှူးချုပ် အေးမြင့်ကြူ
ပါတယ်ကွ၊ ရုံးရောက် ဂတ်ရောက်ဆို မင်းနာသွားမယ်” တဲ့။
အမျိုးသား ညီလာခံ စီမံခန့်ခွဲမှုကော်မတီ
အစည်းအဝေးတွင်
ဗိုလ်အေးမြင့်ကြူအား တွေ့ရစဉ် (ညာအစွန်)
ကျွန်တော်
ဘာပြောနိုင်ပါတော့မှာလဲ။ ဒါနဲ့ ကျွန်တော်လည်း
“ဘာမှ
မဖြစ်ရင် ပြီးတာဘဲ ထပ်လဲ မပြောတော့ပါဘူး” လို့
ပြောပြီး
ခုနက သိမ်းထားတဲ့ ကားလိုင်စင်တွေ၊ သော့တွေ ပုလိပ်တွေ ယူထားတာကို ကားပေါ်တက်
မောင်းမယ်လုပ်ပြီးမှ သွားယူဖို့ သတိရပါတော့တယ်။ ဟိုဘက်ခြမ်းက ဒင်းတို့ကို
ဖွင့်ပြမိတဲ့ ကားတံခါးကို ပြန်မပိတ်ရသေးဘူး။ ကျွန်တော် တော်တော် စိတ်ညစ်သွားပါတယ်။
ဒီကောင်တွေရှေ့မှာ ကြာကြာနေလို့မကောင်း။ တော်ကြာ ဆက်ရစ်နေမှ အခက်။
Last Updated on Monday, 08 March 2010 13:40
အပြည့်အစုံသို့