ကျွမ်းကျင်ရာ - အပိုင်း (၂)

Print

 ကျွမ်းကျင်ရာ - အပိုင်း (၂)

 

ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း

 

အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

 

အချို့က မြန်မာ စစ်ဗိုလ်ချုပ်များ နေ့စဉ်နှင့်အမျှ ပြည်သူတွေနဲ့ ဆိုင်တဲ့ အလုပ်တွေ လုပ်ပေးနေသည်ကို အကောင်းမမြင် အဆိုးမြင်သမား ဟု ကျွန်တော့်အား စွပ်စွဲကြည့်လျှင် ပြန် လည် ဖြေရှင်းလိုပါသည်။ ကျွန်တော် သည် အဆိုးမြင်ဝါဒီသမား မဟုတ်ပါ။

အကောင်းကို မြင်သောကြောင့်သာ အခုလို ပြောနေရခြင်း ဖြစ်သည်။ ဤတွင် ကျွန်တော့် အနေနှင့် ရူပဗေဒ သဘောတရား တစ်ခုကို ရှင်းလင်းပြလိုပါသည်။

 

လူတစ်ဦးသည် အလွန်လေးလံသော ကျောက်တုံးတစ်တုံးကို နေရာရွေ့အောင် လက်ဖြင့်တွန်းနေရာ တစ်နေ့ကုန်သွား သော်လည်း နေရာမရွေ့၊ အားသွန်ခွန်စိုက် တွန်းခဲ့ သောကြောင့် အလွန်လည်း ပင်ပန်းနေချေပြီ။ သို့ရာတွင် ရူပဗေဒ သဘောအရ ဤသည်ကို အလုပ်ဟု မခေါ်။

 

 

 

ဒုတိယလူတစ်ဦးသည် ၎င်းကျောက်တုံးကိုပင် လက်ဖြင့် မတွန်းဘဲ တုတ်ဖြင့်ကော်၍ တွန်းလှိမ့်ရာ နာရီဝက်ပင် မကြာ၊ ထိုကျောက်တုံး နေရာရွှေ့သွားခဲ့သည်။ ဒုတိယလူသည် လုံးဝမပင်ပန်း၊ အချိန်လည်း မကုန်ပေ။ သို့ရာတွင် ရူပဗေဒ သဘော အရ ဒုတိယ လူသည် အောင်မြင်သော အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု သတ်မှတ်ရမည် ဖြစ်သည်။

 

မြန်မာစစ်ဗိုလ်ချုပ်များသည် နေ့စဉ်နှင့်အမျှ ကိုယ်နှင့် မဆိုင်သော အလုပ်များတွင် ၀င်လုပ်နေကြသည်။ မပင်ပန်းဟု မဆိုလို ပင်ပန်းပါလိမ့်မည်။ သို့ရာတွင် ကျောက်တုံး ရွေ့ မရွေ့ ကိုတော့ အချိန်က ဆုံးဖြတ်ပေးခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံ များ ကျောက်တုံးရွေ့၍ လမ်းပင်ဖောက်ပြီးချေပြီ။ မြန်မာပြည်ကြီးကတော့ လမ်းလယ်ခေါင်က ကျောက်တုံးကို ရွှေ့ဖို့ ကြိုးစားဆဲပင်။

 

“ကျွန်တော်သည် အဆိုးမြင် ၀ါဒီသမားလော၊ အကောင်းမြင် သမားလော”

 

ထပ်မံပြီးတော့ အရေးကြီးသည်ကို သုံးသပ်တင်ပြပါဦးမည်။ လူအများကို အုပ်ချုပ်ရသော အဖွဲ့အစည်းဌာနသည် စစ်တပ်ဖြစ်သည်။ ဤသည်မှာ ငြင်းဖွယ်ရာမရှိ။ စစ်တပ်သည် “မ” တစ်ထောင်သားတွေနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဤသည်ကို တသွေး တသံ တမိန့် ဖြစ်အောင် အုပ်ချုပ်ရသည်။ အာဏာကို သုံးရသည်။ ချုပ်ခြယ်မှု ထားရသည်။ အဘယ် ကြောင့်ဆိုသော် စစ်သားသည် အသက်ပေး၍ စစ်တိုက်ရသည်။ အသက်ပေး၍ နိုင်ငံကို ကာကွယ်ရမည်။ အသက်တွေကို စွန့်လွှတ်ရသော အလုပ်ဖြစ်သည်။ ဤသို့ အသက် စွန့်လွတ်ရသော နေရာတွင် တသွေး တသံ တမိန့် ဖြစ်အောင် အုပ်ချုပ်မှသာ တော်ကာကျသည်။ သို့တည်းမဟုတ် ပျော့ပြောင်းစွာ အုပ်ချုပ်ခဲ့လျှင် အသက်စွန့်၍ တိုက်ခိုက်ရမည့် စစ်ပွဲ တစ်ပွဲအတွက် မည်သည့် စစ်သားမျှ ရှေ့ကတက်မည် မဟုတ်ပေ။ ဤသည်ကို ၎င်းတို့၏ အုပ်ချုပ်မှုများအတွက် ကျွမ်းကျင်စွာ ကျင့်သုံးတတ်ရသည်မှာ မဆန်းပေ။

 

ဆန်းသည်က မြန်မာစစ်ဗိုလ်ချုပ်များ မြန်မာပြည်ကြီးကို အုပ်ချုပ်နေခြင်းပင်။ အုပ်ချုပ်ခံ ပြည်သူများသည် စစ်သားများ မဟုတ်။ လွတ်လပ်မှုကို ခုံမင်သော လူတန်းစား ဖြစ်သည်။ လွတ်လပ်စွာ တွေးခေါ်မည်။ လွတ်လပ်စွာ ငြင်းခုန်မည်။ လွတ်လပ်စွာ ဆွေးနွေးမည်။ ပြည်သူများကို စစ်သားများကဲ့သို့ ဘောင်အတွင်းမှာ ထား၍ှမရ။ စစ်ဗိုလ်ချုပ်များကလည်း လွတ်လပ်မှု ဆိုသည်ကို လုံးဝ ကြည့်မရ။ သဟဇာတ မဖြစ်သော အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ လူတန်းစား ကြားမှာ နိုင်ငံတိုးတက်စရာ မရှိဘဲ ပြည်သူတွေ၏ လွတ်လပ်စွာ ထိုးထွက်မှုနှင့် ပြင်းထန်သော အာဏာသုံး နှိပ်ကွပ်မှုတွေရဲ့ အကျိုးဆက်အဖြစ် နိုင်ငံအတွင်း အဓိကရုဏ်း များစွာ ဖြစ်ပေါ်နေရသည်မှာ စစ်အုပ်ချုပ်မှု တလျှောက်ပင်။

 

အမှန်တော့ နိုင်ငံတစ်ခုကို အုပ်ချုပ်ရာတွင် တရားသေ ဘောင်တစ်ခုကို ဆုပ်ကိုင်ထား၍ မရ။ လျော့ချည် တင်းချည် ရှိရမည်။ ပြောင်းလွယ် ပြင်လွယ် ရှိရမည်။ များသော အားဖြင့် ပျော့ပြောင်းသော သဘောထားကို ကျင့်သုံးရမည်။ သံခင်း တမန်ခင်း ပရိယာယ်များစွာ သုံးရမည်။ အလွန်တရာ ခက်ခဲနက်နဲသော ကိစ္စရပ်ဖြစ်သည်။ တင်စားရသော် အလွန်တရာ သိမ်မွေ့နက်နဲသော ပညာရပ် ဖြစ်သည်။

 

အုပ်ချုပ်ခံ လူတန်းစားမှာ ပြည်သူဖြစ်၍ ပြည်သူများ၏ အသံကို နားထောင်ရမည်။ (သို့မဟုတ်) အုပ်ချုပ်ခွင့်အာဏာပေးထားသူမှာ ပြည်သူဖြစ်၍ ပြည်သူများ၏ အသံကိုသာ နားထောင်ရမည်။

 

အုပ်ချုပ်သူသည် အစိုးရဖြစ်၍ အုပ်ချုပ်ခံရသူသည် ပြည်သူဖြစ်သော်လည်း အမှန်တော့ အစိုးရသည် ပြည်သူ၏ ကျေးကျွန်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူများ၏ စားဝတ်နေရေး၊ ပြည်သူများ၏ ဘ၀တိုးတက်ရေး၊ ပြည်သူများ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရေး အားလုံးကို အစိုးရမှ ဖန်တီးလုပ်ဆောင်ပေးရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အစိုးရသည် ပြည်သူယုံကြည်သော၊ ပြည်သူချစ်သော အစိုးရဖြစ်ဖို့ ပြည်သူတင်မြှောက်မှသာ ရမည် ဖြစ်သည်။ ထိုသို့မှမဟုတ်ဘဲ စစ်အုပ်ချုပ်မှုနှင့် သွားနေသရွေ့ဖြင့်တော့ စစ်ဗိုလ်ချုပ် တစ်ဦးသည် အုပ်ချုပ်ခံ တပ်မှူးတစ်ဦး၏ စောဒကတက်မှု တင်ပြမှုကို မနာခံ မလိုက်လျော သကဲ့သို့ အုပ်ချုပ်ခံ ပြည်သူများကိုလည်း လုံးဝ စာနာထောက်ထား ငဲ့ညှာမည် မဟုတ်ပေ။ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ ကျွမ်းကျင်ပိုင်နိုင်သော စစ်အုပ်ချုပ်မှု ပုံစံနှင့်သာ မြန်မာပြည်ကြီးကို အုပ်ချုပ်မြဲ အုပ်ချုပ်နေမည်သာ။ ဤသို့ဆိုလျှင် မည်သို့မျှ သဟဇာတ မဖြစ်ဘဲ ပြည်သူတို့၏ ဘဝ တိုးတက်ရာ လမ်းမမြင်။ ပြည်သူတို့၏ ဘဝ မတိုးတက်လျှင် မိမိတို့ နိုင်ငံလည်း တိုးတက်သည်ဟု မဆိုနိုင်၊ လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ရှင်းပါသည်။

 

အမှန်တော့ လက်ရှိစစ်ဗိုလ်ချုပ်များသည် အရည်အချင်းများ အပြည့်ရှိသည်ကို ကျွန်တော် လက်ခံယုံကြည်ပါသည်။ သို့ရာတွင် ၎င်းတို့၏ ကျွမ်းကျင်ပိုင်နိုင်သည့် ပညာရပ်များကို နေရာမှားယွင်းစွာ အသုံးချနေခြင်းသည်သာ ဘ၀င်မကျစရာ။ ကျွန်တော် ဖြစ်စေချင်သည်မှာ စစ်သေနာပတိချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟူသော ဂုဏ်ဒြပ်ဖြင့် မြန်မာပြည် မြေပုံကို စားပွဲပေါ်ခင်းကာ နိုင်ငံကာကွယ်ရေးအတွက် စစ်သေနင်္ဂဗျူဟာများကို စိတ်ကြိုက်ချမှတ်နေစေချင်သည်။ အခြေအနေအရ ကမ္ဘာ့မြေပုံကိုပါ ခဲတံထောက်၍ စစ်တပ်ကြီးကို လိုသလို ရွေ့ကာ ပုံဖော်နေလျှင် အဘယ်မျှ အားရှိဖွယ်ရာ ကောင်းလိုက်မည်နည်း။ ပြည်သူများ၏ တိုးတက်ရာ တိုးတက်ကြောင်းကို ပြည်သူတင်သော အစိုးရက စီမံဖန်တီးနေ ပေလိမ့်မည်။ မည်သည့်နောက်ဆံမှ တင်းစရာမျှ မလို။

 

ဤတွင် ကျွမ်းကျင်ရာ လိမ္မာရာ ဆိုသည့်စကား တစ်ခုကိုသုံး၍ နိဂုံးချုပ်လိုသည်မှာ စစ်တပ်အတွင်း အုပ်ချုပ်မှုနှင့် နိုင်ငံတစ်ခုကို အုပ်ချုပ်မှုသည် ရောထွေး ဆက်စပ်သွားပါက ဆရာဝန်ကို စစ်တိုက်ခိုင်း၍ အင်ဂျင်နီယာကို ဆေးကုခိုင်းကာ တံငါသည်ကို တံတား ဆောက်ခိုင်းသကဲ့သို့ ဖြစ်နေမည်မှာ မလွဲပေ။ မြန်မာပြည်ကြီးမှာ သူကျွမ်းကျင်ရာ သူပိုင်နိုင်ရာ တာဝန်များကို ကိုယ်စီထမ်းဆောင်၍ ကျွန်တော်တို့ မြန်မာပြည်ကြီး အစဉ်တိုးတက် ပါစေကြောင်း ဆုတောင်းကြရအောင်။

 

သဘောထား အမြင်ပေးရန် (3)
  • ဘဘကြီး နေ၀င်း  - စိတ်လျှော့လိုက်ပါ
    ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ ဖြစ်လာမယ့် အရပ်သား သမ္မတ အုပ်ချုပ်မယ့်ခေတ် ရောက်တော့မယ့် အချိန်မှာ အဘယ်ကြောင့် နအဖ အကြောင်းပဲ ထပ်တလဲလဲပြောနေရတာလဲ...နအဖ ရဲ့ သမိုင်းက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဇာတ်လမ်းက ပြီးဆုံးသွားပြီ...သူ့နေရာနဲ့သူ ကျွမ်းကျင်မှုဆိုင်ရာတွေဟာလည်း ၂၀၁၀ နောက်ပိုင်းမှာ အလိုလိုဖြစ်လာပါလိမ့်မယ်...စစ်တပ်က စစ်တပ်အလုပ်လုပ်လို့ နိုင်ငံကို အုပ်ချုပ်မယ့် သမ္မတကလည်း သူ့အလုပ်လုပ်လို့ တိုးတတ်ကြီးပွား ခေတ်မှီ သူမတူအောင် ချမ်းသာလာမယ့် အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်လာမယ့်အချိန်မှာ နအဖ ဓာတ်ပြားဟောင်းကြီးတွေပဲ ပြန်ဖွင့်မနေပါနဲ့....ဓာပြားဟောင်းကြီးကို နားထောင်ရလွန်းလို့ နားငြီးနေပြီ...ခေတ်သစ် မော်ဒန် ဗီစီဒီ ချက်လေးတွေကိုလည်း ဖွင့်ပါအုံး...
  • ဆရာပဏ္ဏဝ  - ရေရှင် မြေရှင် လေရှင်
    မှန်ပါသည်၊ ဗိုလ်ချုပ်မှူးကြီး သည် ပြည်သူများကို စစ်တပ်သဖွယ် အုပ်ချုပ်နေသည်။ ထို့ထက် နက်ရှိုင်းစွာ ဆန်းစစ်ကြည့် မည်ဆိုလျှင် ပြည်သူပြည်သားများ ကို "မဟာရန်သူကြီး" အဖြစ် ဗိုလ်ချုပ်မှူးကြီး မြင်နေပြီး သူတဦးတည်းပိုင် လို့ သတ်မှတ်ထားတဲ့ လက်မရွံ့စစ်တပ်ကြီး ဖြင့် အပစ်မဲ့၊ လက်နက်မဲ့၊ အကာအကွယ်မဲ့ တိုင်းသူပြည်သား၊ ရဟန်းသံဃာ အပေါင်း အား စိတ်တိုင်းကျ ပစ် လိုက ပစ်၊ ဖမ်း လိုက ဖမ်း၊ ရိုက် လိုက ရိုက်၊ လယ်မြေများ ကို မတရား သိမ်း လိုက သိမ်း၊ ပြည်သူပြည်သား အားလုံးပိုင်ဆိုင်သော မြေပေါ်မြေအောက် သယံဇာတများ ကိုလည်း တဦးတည်း စိတ်တိုင်းကျ မောင်ပိုင်စီး ပြီး ထင်တိုင်းကြဲ၊ ရန်းချင်တိုင်း ရန်းကား လာသည်မှာ အနှစ်နှစ်ဆယ်ကျော်လာပါပြီ။ ယနေ့အထိ အနှီပုဂ္ဂိုလ်ကြီး အား ဖယ်ရှားသုတ်သင်နိုင်သော မြန်မာသူရဲကောင်း တဦးတယောက် မဆိုထားနှင့် အရိပ်ပင်လျှင် ရှာမတွေ့သေးပါ။ ဒါနှင့် အားမရသေး အနှီပုဂ္ဂိုလ်သည် ပုဆိုးဝတ်၍ တဖန် ဆက်လက် ထင်တိုင်းကြဲရန် တားစူနေပြီး ဖြစ်သည်၊ ဒီတခါ မြန်မာလူမျိုး တုန်းကောင်း တုန်းသွားနိုင်သည် ကို သတိချပ်ပါလေ။
သဘောထားရေးမယ်
Your Contact Details:
ခု ရှိသည်။:
[b] [i] [u] [url] [quote] [code] [img]   
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
Security
ဖေါ်ပြထားသည့် ရုပ်ပုံမှ စာသားများ အတိုင်း ပြန်လည်ရေးသား စေလိုတယ်။

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Who's Online

We have 94 guests online
JoomlaWatch Stats 1.2.8b_10-dev by Matej Koval

<br /> <br /><a href="http://www.onlinecasinoextra.com/">casinos</a> <a href="http://www.99counters.com/">counter</a>

Web Stats free counters
counter Free counter and web stats