Breaking News

Print PDF

 ကြားဖြတ် လေတပ်သတင်းများ

 

၂၉-၁-၂၀၁၀ နေ့က လေတပ်အရာရှိ တစ်ဦးဖြစ်သော ဗိုလ်ဆန်းမော်ဟာ ၀၇:၀၀ နာရီတွင် မိတ္ထီလာ (၁/၅၀၀) စစ်ဆေးရုံသို့ ဦးခေါင်းထဲတွင် သွေးယိုစီးသော အနေအထားဖြင့် ရောက်ရှိလာပြီး ၁၃:၀၀ နာရီတွင် ချက်ချင်း သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူ၏ မိသားစုမှာ ပခုက္ကူမှ တောင်သူများ ဖြစ်ကြပြီး ဖြစ်စဉ်အမှန် မသိရပဲ ဖြစ်နေရပါတယ်။ ဗိုလ်ဆန်းမော်အား ၃၁-၁-၂၀၁၀ တွင် မြေမြှုပ် သဂြုင်္ိလ်လိုက်ကြကြောင်း လေတပ် အသိုင်းအ၀ိုင်းမှ သတင်းပေးပို့ လာပါတယ်။ အဲဒီဖြစ်စဉ်အရ အချင်းချင်း ရန်ဖြစ်ခြင်း၊ တစ်ဦးဦးမှ လုပ်ကြံခြင်းဟု ထင်မြင်ယူဆရကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ ထပ်မံ စုံစမ်းသိရှိရပါတယ်။

 

 

 

နောက်ထပ် ၀င်လာတဲ့ သတင်းတစ်ပုဒ်ကတော့ မိတ္ထီလာ မြေပြင်အတတ်သင် လေတပ်စခန်းမှ လေ ၃၇၈၀ ဗိုလ်မင်းရဲထွန်းဟာ ၃၀-၁-၂၀၁၀ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ပြည်သာယာ (၁) လမ်း နေ အသက် ၅၃ နှစ် ခန့်ရှိ အမျိုးသမီး တစ်ဦးအား လိုင်စင်မဲ့ ဆိုင်ကယ်ဖြင့် တိုက်မိရာ ထိုအမျိုးသမီးကြီးမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဗိုလ်မင်းရဲထွန်းကို လူသေမှုဖြင့် အမှုမဖွင့်ခိုင်းဘဲ တပ်ထဲသို့ ပြန်ခေါ်သွားခဲ့ပါတယ်။ အကြောင်းရင်းကို ထပ်မံ စုံစမ်းသိရှိရာတွင် နောက်ခံ Background ကောင်းတဲ့ ဗိုလ်မင်းရဲထွန်း ဟာ စစ်ဦးစီး အရာရှိချုပ် (လေ) ရဲ့ သားနှင့် ရင်းနှီးသော သူငယ်ချင်း ဖြစ်နေသဖြင့် လွတ်လပ်စွာ ထားကြပြီး ၎င်းဆိုင်ကယ်တိုက်မှုကိုလည်း အရေးမယူကြခြင်း ဖြစ်ကြောင်း လေတပ်အသိုင်းအ၀ိုင်းမှ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့ လာပါတယ်ခင်ဗျား။

 

သဘောထား အမြင်ပေးရန် (2)
  • ဘာမထီသွေး  - ဥပဒေရဲ့ အထက်မှာ စစ်တပ်ရှိတယ်ဆိုတာလား . . .
    ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်တပ်ဆိုတာ အခွင့်ထူးခံလူတန်းစားပုံစံဖြစ်နေပါတယ်။ စစ်တပ်ထဲမှာ ရာထူးကြီးကြီးရှိရင် လူသတ်တာဘဲဖြစ်ဖြစ်၊ မုဒိန်းကျင့်တာဘဲ ဖြစ်ဖြစ်၊ မူးယစ်ဆေးဝါး မှောင်ခိုသယ်တာဘဲ ဖြစ်ဖြစ် တရားဝင် လိုင်စင်ရလုပ်ငန်းလို လုပ်နိုင်တယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ စစ်တပ်မှာ ရာထူးကြီးလာလေ တရားဥပဒေရဲ့ အထက်ကို ရောက်လေလေ ဖြစ်ပါတယ်။ ဒီပုံစံနဲ့ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲအပြီး လွှတ်တော်မှာပါ စစ်သားတွေ နေရာရလာရင် တို့ မြန်မာပြည်က ဟိုအရင်တုန်းကလို ဘူဇွာလူတန်းစားတွေခေတ်ကို ပြန်ရောက်ကြဦးမှာလား . . . . . . . .
  • ပြည်ပရောက်တပ်မတော်လေ စစ်သည်တဦ
    ကျနော်တော့ ဘာမှ မပြောလိုပါဘူး။ ဆင်သွားတာထက်တောင် ရှင်းသေးတယ်။ ဒို့ တပ်မတော်ကြီးတခုလုံးထဲမှာ စစ်သည်ကနေ အရာရှိထိ ပညာတတ်တွေအများဆုံးနဲ့ စစ်သားတောင်ပညာသည်အုပ်စုလို့ သတ်မှတ်ခံရတဲ့ လေမှာတောင် ဒီလိုဖြစ်နေရင် တပ်မတော်ကြည်း ဘယ်လိုနေမလဲ မစဉ်းစားရဲတော့ဘူး။ လေက ဦးစီးချုပ်တော့ မျက်နှာငယ်ရမှာလား သို့ မဟုတ် အဲဒီလို မမျှတ မမှန်ကန်တဲ့ အုပ်ချုပ်မှုတွေကြောင့် မျက်နှာရမှာလား လုပ်ကြပါအုံး အရပ်ကတို့ ရေ
သဘောထားရေးမယ်
Your Contact Details:
ခု ရှိသည်။:
[b] [i] [u] [url] [quote] [code] [img]   
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
Security
ဖေါ်ပြထားသည့် ရုပ်ပုံမှ စာသားများ အတိုင်း ပြန်လည်ရေးသား စေလိုတယ်။

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Who's Online

We have 96 guests online
JoomlaWatch Stats 1.2.8b_10-dev by Matej Koval

<br /> <br /><a href="http://www.onlinecasinoextra.com/">casinos</a> <a href="http://www.99counters.com/">counter</a>

Web Stats free counters
counter Free counter and web stats