စာဖတ်ပရိသတ်များခင်ဗျား
နအဖရဲ့ ဆက်သွယ်ရေး တပ်ရင်း တစ်ခုမှာ အတွင်းစည်း တာဝန် ထမ်းဆောင်တဲ့ပြည်တွင်းမှ တပ်မတော်သား တစ်ဦး ပေးပို့လာသော ဆောင်းပါး တစ်ပုဒ်ကို ဒီကနေ့ တင်ပြ ပေးလိုက်ပါတယ်။ ဒီဆောင်းပါးမှာ FOC လို့ ခေါ်တဲ့ ဖိုင်ဘာကေဘယ်ကြိုးနဲ့ ပတ်သက်ပြီး အတွင်းကျကျ တင်ပြထားပါတယ်။
မူကောင်းပြီး လူမကောင်းဘဲ နအဖ အထက်ပိုင်းဟာ “ဗုန်း” ဖို့လောက်ကိုတာချောင်းနေကြတာမို့ တကယ်တမ်းမှာတော့ တိုင်းပြည် ဘဏ္ဍာငွေတွေ ဆုံးရူံးနေသလိုခေတ်မှီ ဖွံ့ဖြိုး တိုးတက်တဲ့ တပ်မတော်ဖြစ်ဖို့ဆိုတာဟာလည်း အလှမ်းဝေးနေပါသေးပုံနဲ့ တပ်ရင်းမှူးနဲ့ အထက် စစ်အာဏာရှင်တွေက စက်သုံးဆီကို အကြံအဖန်လုပ် ရောင်းစားပြီး သတ်မှတ် ဧရိယာ အနည်းအကျဉ်းကိုမြေတူးစက်ကြီး ဘက်ဟိုးဖြင့် နာရီပိုင်းသာ တူးခိုင်းပုံ၊ ကျန်တဲ့ ဧရိယာအပိုင်းအား လူအင်အားကိုသာ အသုံးပြုတဲ့အတွက် စံနှုန်းနှစ်ပေ အကျယ်နှင့် ခြောက်ပေ အနက် တူးရမယ့်အစား အကျယ် တစ်ပေ အနက် တစ်ပေခွဲသာ တူးပြီးကေဘယ်လ်ကြိုး ခင်းခဲ့ကြပုံ၊ တစ်နေ့တာ ပြီးစီးမှုကိုတော့ ကြေးနန်းဖြင့် လျှို့ဝှက်အဆင့်အတန်းနဲ့ အစီရင်ခံစာ တင်ပြပြီး ခပ်တည်တည်နဲ့ ဖြီးဖြန်းနေကြပုံ၊ စစ်သည်တွေက မနိုင်တဲ့ဝန် ထမ်းရတဲ့အတွက်ရှေးခေတ် ကျွန်ကြီးများသဖွယ် ပင်ပန်းဆင်းရဲစွာ ရုန်းကန်လှုပ်ရှားရပုံတွေကို ဒီဆောင်းပါးကဖြစ်ရပ် အမှန်အတိုင်း ကွက်ကွက် ကွင်းကွင်း တင်ပြထားပါတယ်။ အခုလိုပေးပို့ လာသောဆောင်းပါးရှင် မိုးကြိုးအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင် ရှိပါကြောင်း “စည်းလုံးခြင်းရဲ့အင်အား” မှ မှတ်တမ်းတင် ဂုဏ်ပြု ဖေါ်ပြ အပ်ပါတယ်ခင်ဗျား။


