ပင်မနေရာ စစ်အင်အား ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်း ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ အပိုင်း (၂)

ပင်မနေရာ စစ်အင်အား ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်း ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ အပိုင်း (၂)

ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ အပိုင်း (၂)

Print PDF
User Rating: / 10
PoorBest 

ဆောင်းပါးရှင် - စစ်ဘက်နီးစပ်သူများ  ( အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)

 



နအဖဟာကြပ်ပြေးကိုပြောင်းတဲ့အခါ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁ နာရီ အချိန်မှာ ၀န်ကြီးတွေရဲ့ ပါးစပ်ဖျား နှုတ်ကနေ "ထွက်ပြီ"...."ထွက်ပြီ" လို့ ရွတ်ဆိုစေပြီးမှ ရန်ကုန်က ကားတန်းထွက်လာခိုင်းကြောင်း သိရပါတယ်။ ဆက်လက်ပြီး အာဏာမြဲစေဖို့ ယတြာ အစီအမံနဲ့ ထွက်တာ ဖြစ်ပါတယ်။

မူလက ကြပ်ပြေးကို စစ်ရုံးတစ်ခုတည်းသာ ပြောင်းဖို့ ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ၀န်ကြီးဌာနများကိုပါ ပြောင်းရွေ့ခဲ့လို့ ၀ရုန်းသုန်းကား ဖြစ်ခဲ့ရကြောင်း၊ ၁၉၈၈ အရေးအခင်း သင်ခန်းစာကို ရယူပြီး အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးယန္တယား ထိန်းချုပ်နိုင်ဖို့ ၀န်ကြီးဌာနများကို တစ်ပါတည်း ခေါ်ခြင်းဖြစ်ကြောင်း၊ ၀န်ကြီးများကလည်း ကြပ်ပြေးမှာ ဗိုလ်သန်းရွှေရဲ့  ထုထောင်းခြင်းခံရမှာ စိုးလို့ လက်အောက်ခံ လုပ်ငန်း၊ ဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူး အဆင့်ထိ ကို တပါတည်း ခေါ်ဆောင်သွားကြောင်း၊ ဒါကြောင့် အုပ်ချုပ်မှု အခက်အခဲ ပြဿနာများစွာ တက်လာကြောင်း၊ ကြပ်ပြေးမှာ ၀န်ကြီးဌာနများ နေရာလုပွဲကြီးဖြစ်နေလို့ နယ်စပ်စည်ပင်ဝန်ကြီး ဗိုလ်သိန်းညွှန့်အား ကြပ်ပြေးမြို့ တော်ဝန်ခန့်ကာ လူမိုက်အဖြစ် တာဝန်ပေးခဲ့ကြောင်း၊ အသံလွှင့်ရုံ နေရာမှာ ကန့်သတ်ချက်တွေ ရှိတာကြောင့် တပ်ကုန်းမြို့မှာ ရွေးသင့် မသင့် အခက်အခဲ ဖြစ်နေကြောင်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်းရဲ့ PA ဗိုလ်ကြီးတစ်ဦးဆိုရင် စိတ်ပျက်လက်ပျက် ဖြစ်နေသလို တချို့ ၀န်ကြီးတွေဆိုရင် ကြပ်ပြေးရဲ့ လွင်တီးခေါင် ကိုကြည့်ပြီး မျောက်မှိုင် မှိုင်နေကြတယ်လို့သိရကြောင်း၊ ဗိုလ်မောင်အေးကလည်း ကြပ်ပြေး တည်ဆောက်ရာမှာ အနည်းဆုံး ဒေါ်လာသန်း (၃၀၀) ကုန်ကျမှာကို မလိုလားကြောင်း၊ နောက်ဆုံးတော့ ကန့်လန့်ကာ နောက်ကွယ်က ကြိုးကိုင်သူ မကြိုင်ကြိုင်ရဲ့ ကကြိုးဇာတ်ကွက် အတိုင်းသာ 'က' ရတော့ကြောင်း၊ ရွှေတိဂုံစေတီတော်ပုံတူကို ကြပ်ပြေးမှာ တည်စေပြီး ဌာပနာတိုက်ကိုပင် ရွှေ့ပြောင်းရန် အကြံအစည် ကြီးမားခဲ့ကြောင်း၊ ဆင်ဖြူတော်ဟာ ဘင်္ဂလားဒေ့ရှ်မှ ပိုင်ရှင်ရှိသူပေါ်လာလို့ တိုးတိုးတိတ်တိတ် ပေးလျော်လိုက်ရကြောင်း၊ ဆင်ဖြူတော်စစ်မစစ် တစ်ချို့က သံသယဖြစ်ကြောင်း၊ ဆင်ဖြူတော်ကို သစ်တောရေးရာ ဒုဝန်ကြီး ဦးသိုက်ထွန်းကိုယ်တိုင် ကြပ်မတ်ပြီး နာရီနှင့်အမျှ အစာကျွေးမွေးမှု ဆေးကုသမှုမှတ်တမ်း လုပ်ကိုင်ခဲ့ရကြောင်း၊ ကြပ်ပြေးရဲ့  အကြီးဆုံး ကန်ထရိုက်ကို ဗိုလ်ရွှေမန်းရဲ့ သားဖြစ်သူ အောင်သက်မန်းပိုင်တဲ့ ဧရာရွှေဝါကုမ္ပဏီက ရသွားပေမဲ့ တကယ်တမ်း ဆောက်လုပ်ရေးလုပ်ငန်း မနိုင်မနင်း ဖြစ်လာချိန်မှာ မန္တလေးက ဆောက်လုပ်ရေး ကန်ထရိုက် များကို ခေါ်ယူခွဲပေးရကြောင်း၊ ဘိလပ်မြေများကို ပြည်တွင်းက မလုံလောက်လို့ ထိုင်းနိုင်ငံမှ တရားဝင် သွင်းခွင့် ဖွင့်ပေးရကြောင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်ဘို၊ ဗိုလ်အောင်သောင်း တို့ဟာ လူထုကို ရက်စက်စွာ နှိပ်ကွပ်သလောက် သူတို့အလှည့်ကျမှာ ကြောက်အားပိုတတ်ကြောင်း၊ ဗိုလ်သန်းရွှေ ဆိုရင် သူအာဏာ သိမ်းလိုက်တဲ့ သူ့ရဲ့ ကျေးဇူးရှင် ဗိုလ်စောမောင်နှင့် တပ်ရင်းတစ်ရင်းမှာ တွေ့ဆုံခဲ့စဉ်က ရန်သူနှင့်တိုက်ပွဲ ပြီးဆုံးသွားလို့ တပ်ခွဲမှူး ဗိုလ်စောမောင်က တပ်စုမှူး ဗိုလ်သန်းရွှေကို ကတုတ်ကျင်းထဲမှ ချော့မော့ခေါ်ယူ ရတဲ့အထိ သတ္တိနည်းခဲ့ကြောင်း၊ ဗိုလ်မောင်ဘိုဟာ ခလရ (၈၁) မှာ ဒုတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကလည်း ရန်သူနှင့် တိုက်ပွဲဖြစ်ခဲ့စဉ်က ကတုတ်ကျင်းထဲတွင် ကြောက်ဒူးတုန် ၀ပ်နေတာမျိုး၊ ရပခတိုင်းမှူး ဘ၀က လမ်းကြောင်းမှာ ခြုံခိုချမယ်လို့ ကြိမ်းဝါးထားတဲ့ SSA ရဲ့  အသံကို ကြောက်လန့်ပြီး ကားထဲမှာ သူထိုင်နေကျ နေရာမှာ မထိုင်ဘဲ သူ့တပည့်နဲ့ နေရာလဲ ထိုင်လိုက်လို့ အစားထိုးဝင်လိုက်တဲ့ သူ ကျဆုံးသွား ရကြောင်း၊ သူကိုယ်တိုင်ကတော့ ကိုယ်ဝန်ဆောင် မိန်းမများကိုတောင် မချန်ဖို့ ရက်စက်စွာ သတ်ဖြတ်ခိုင်း ခဲ့သူဖြစ်ကြောင်း၊ ဗိုလ်အောင်သောင်း ဆိုရင် အင်းလျားလမ်းမှာရှိတဲ့ သူ့အိမ်ပတ်ပတ်လည်ကို လျှပ်စစ်လိုင်း လွှတ်ထားတဲ့ သံဆူးကြိုးများ ချထားကြောင်း၊ ကြပ်ပြေးရှိ တောင်ကြီးများကို ထွင်းဖေါက်ပြီး လှိုင်းခေါင်းထဲမှာ ဂူအောင်း သတ္တ၀ါအဖြစ် ဗိုလ်သန်းရွှေက နေမည်ဖြစ်ကြောင်း၊ အမေရိကန်နဲ့ အာဖဂန်နစ္စတန် တောင်ကြောများ အတွင်း ခိုအောင်းနေတဲ့ တာလီဘန်များကို တုန်ခါအားပြင်းထန်တဲ့ ဒုံးနဲ့ဗုံးကြီးများ ဖြင့် မြေဖို့ သတ်လိုက်တဲ့ ဖြစ်စဉ်များရှိကြောင်း၊ ဒါကြောင့် ဗိုလ် သန်းရွှေအနေနဲ့ မြေကြီးအောက် တူးဆွကာ Underground နေရင်တော့ သူလုပ်ထားတဲ့ အကုသိုလ်ကြောင့် ငရဲမင်းကြီးက အ၀ီစီငရဲသို့ လွယ်ကူစွာ ခေါ်ယူမှာ ဖြစ်ကြောင်း၊ ဘာလို့လဲ ဆိုတော့ ငလျင်ကြောဟာ ကြပ်ပြေးမှာ ရှိနေတာကြောင့် အကြောက်ပိုတဲ့ ဗိုလ်သန်းရွှေဟာ မေမြို့ကို ဒုတိယ နေပြည်တော် အဖြစ် ပြောင်းရန် စီစဉ်ခဲ့ကြောင်း စသဖြင့် စစ်ဘက်နီးစပ်သူများ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့  တင်ပြလာပါတယ်။

Last Updated ( Thursday, 15 September 2011 16:36 )  

နောက်ဆုံးရသတင်းများ