ပင်မနေရာ စစ်အင်အား ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်း အဖားတော် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံကွေး (မြင့်) - အပိုင်း (၄)

ပင်မနေရာ စစ်အင်အား ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်း အဖားတော် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံကွေး (မြင့်) - အပိုင်း (၄)

အဖားတော် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံကွေး (မြင့်) - အပိုင်း (၄)

Print PDF
User Rating: / 8
PoorBest 

ဆောင်းပါးရှင် - ပြည်တွင်းမှ အတွင်းသိသူတစ်ဦး ( အပိုင်း (၃) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်....)



ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မည်ဆိုသော သမ္မတကြီး ဦးသိန်းစိန်တစ်ယောက် Good Government ဖြစ်ရမည်ဟု ကြွေးကြော်နေပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ကာ သန့်ရှင်းသော အစိုးရ ဖြစ်ရမည်ဟုလည်း သံဓိဌာန် ချထားလေရာ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ဒုဝန်ကြီး တစ်ဦးကြောင့် နာမည်ပျက်ရကိန်း ကြုံတွေ့နိုင်ပါကြောင်း စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုက်ဒ်သို့ အတွင်းသိသူ တစ်ဦးက ကျော်ဇံမြင့် အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် ပေးပို့လာတာမို့ တင်ပြပေးလိုက်ရပါတယ်။ အယ်ဒီတာ၊

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်းကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် မေးမြန်းချက်များကို ပြန်လည်ဖြေကြား နေစဉ်


(၄)    အပတ်စဉ် အဖားမပျက် ဖားမြဲ ဖားအိမ်ကတော့ ယခုပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီး  ဒုဗိုလ်ချုပ်ကြီးကိုကိုတို့ အိမ်ကို ဖြစ်ပါတယ်။ မရိုးနိုင်အောင် အကြောင်း အမျိုးမျိုးပြပြီး (ဥပမာ- မမနွမ်းရေ၊ သည်နေ့တော့ အိမ်မှာ မုန့်ဟင်းခါး ချက်လို့၊ ကျောက်ကျောထိုးလို့) စသည်ဖြင့် ပေါချောင်ကောင်း လိုင်းသွင်းခဲ့ပါတယ်။ အခြားသူတွေကတော့ သိန်းကျော်တန် ပိုးချိတ်တွေ၊ ခြင်းကြီး ခြင်းငယ်နဲ့ ဂါရဝပြုနေချိန်မှာ ဆရာကွေးနဲ့ ခင်ရဲမွန်တို့ကတော့ ငါးထောင် လောက်တောင် မတန်တဲ့ စားစရာတွေနဲ့ အချိုအချောင်နှိုက်ကာ ဖားကြသူတွေပါ။ ဖားတာတောင်မှ ဈေးအပေါဆုံးကိုမှ ရွေးပြီး ဖားတတ်တဲ့သူတွေပါ။ ဘယ်လိုပြောရမလဲ ဖား ပါးဝတယ် ပြောရမလားဘဲ။ ဆက်တိုက်ဖါးရင် ငွေကုန်ကြေးကျများမှာ စိုးလို့တူပါတယ်။

 

(၅)    ဒုဗိုလ်ချုပ်ကြီး ကိုကို တို့အိမ်လိုပဲ ခြံချင်းကပ်လျက် အိမ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ အိမ်ကိုလည်း ရေရေလည်လည် ဂျွမ်းပစ်ပြီး ဖားပါသတဲ့။ စစ်ဦးစီးမှူး ပထမတန်း ဂျီဝမ်းဘဝတုန်းက ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်းက တပ်မမှူးဖြစ်ခဲ့စဉ် ကျော်ဇံမြင့်ရဲ့ အသုံးမကျမှုများ၊ အချိုပေါ် သကာလောင်း အဆင့်လောက်သာ လုပ်တတ်သူဟု အကြောင်းသိထားသူမို့လို့ သူတို့ရဲ့ ဖါးကွက်ကို ပြင်လိုက်ပါတယ်။


(၆) တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်နဲ့ စစ်ကျောင်းအုပ်ကြီးဘဝမှာ ပြန်တွေ့တော့ မျက်နှာများ ရမလား၊ တိုင်းမှူး ဖြစ်သွားအောင် ထောက်ခံပေးမလားဆိုပြီး အပြုံးမျိုးစုံ (ငါးခူ၊ ငါးရံ့၊ ငါးဆားနယ်) ပြုံးပြီး၊ သွားဖြဲပြီး ဖားကြပါသတဲ့။ ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း ကတော် ဒေါ်မာမာဝေ အတွက် မကောင်း မကန်း ဘိန်းမုန့်တွေ ပို့၊ မတရားလောဘနဲ့ တောင်းထားတဲ့ ဂုတ်သွေးစုပ်ကာ ရထားတဲ့ ပိုက်ဆံနဲ့ တန်ဖိုးကြီး အင်္ကျီ၊ ထမီများ ဝယ်ပြီးဖား၊ ဒေါ်မာမာဝေ ကြိုက်တယ်ဆိုတဲ့ဝိုင် ကေကေအို မှ ကြေးအိုးများ ဝယ်ကာ ဖားတတ်တဲ့ လင်မယား နှစ်ယောက်ပါ။


(၇)    ဖားနည်းမျိုးစုံနဲ့ ဖားတဲ့ အိမ်တွေ များစွာရှိပါသေးတယ်။ သိရသလောက် ပြောရရင် ပြုတ်သွားတဲ့ ကစထမှူးဗိုလ်ချုပ် တင်ငွေ၊ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း (DSA – 24 တစ်ပတ်စဉ်ထဲလဲ သူငယ်ချင်း ဖြစ်နေတာတောင် မရှက်ဘဲ ဖားတာပဲ)၊ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ (ငြိမ်း)၊ ဒုဗိုလ်ချုပ်ကြီး အောင်ထွေး (ငြိမ်း)၊ သတ္တုတွင်း ဝန်ကြီး ဦးသိန်းထိုက် (ယခင် တပ်မတော် စစ်ဆေးရေး အရာရှိချုပ်)၊ နေပြည်တော် ကောင်စီဝင် ဒေါက်တာသန်းအောင် (ယခင် ဒါရိုက်တာ၊ ကကဆေး)၊  ဗိုလ်ချုပ် ဇော်ဝင်း ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် (ဒုလကရချုပ်-၁)၊ ဗိုလ်ချုပ် သိုးထိန်း (ဒုလကရချုပ်-၂)၊ ဒုဗိုလ်ချုပ်ကြီး စိုးဝင်း (ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ဒုဗိုလ်ချုပ်ကြီး ဝင်းမြင့် (စစ်ရာထူးခန့်ချုပ်)၊ ဒုဗိုလ်ချုပ်ကြီး သောင်းအေး (တပ်မတော် စစ်ဆေးရေး အရာရှိချုပ်)၊ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (စစ်ရေးချုပ်)၊ ဒုဗိုလ်ချုပ်ကြီး ဝေလွင် (စစ်ထောက်ချုပ်)၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့် (တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်နဲ့ စစ်ဥပဒေချုပ်)၊ ဗိုလ်ချုပ် တင်မောင်ဝင်း (ဒါရိုက်တာ၊ ကကတမ်း)၊ ဗိုလ်မှူးချုပ် လူအေး (စစ်ဦးစီး ဗိုလ်မှူးချုပ်)၊ ဗိုလ်ချုပ် မောင်မောင်အေး (နေပြည်တော် တိုင်းမှူး) စသဖြင့် ရောဂါရှာ ပြဿနာ ဖန်တီးနိုင်တဲ့ လူကြီးများကို လက်အောက်ငယ်သားများထံမှ မတရား ယူထားတဲ့ ပိုက်ဆံတွေထဲက ဆယ့်ငါးပုံ ပုံ တစ်ပုံလောက်ကို ပက်ပက်စက်စက် ဖားဖို့ သုံးစွဲပါသတဲ့။

 

ထိုကဲ့သို့ လူမျိုး အဘယ်ကြောင့် ပြည်ထဲရေး ဒုဝန်ကြီး ဖြစ်သွားလဲ ဟု မေးစရာရှိပါသည်။ တော်လို့လား ဟု မေးရင် နိုး ။ မဟုတ်ပါ။ အရည်အချင်းရှိလို့လား ဟု မေးရင် နိုးးးးးးးးးးးးး။ မဟုတ်ပါ။ လွန်စွာ ဖားတတ်လို့ပါ။ အဖားတော်ရာမှာရော၊ အလျားတော်ရာမှာရော အကယ်ဒမီပေး ရမယ့်သူပါ။

 

လက်ရှိ ပြည်ထဲရေး ဒုဝန်ကြီး ဘဝမှာလည်း ဒုတိယသမ္မတ၊ ဒေါက်တာစိုင်းမောက်ခမ်း နောက်လိုက်ရင်း တိုင်းပြည်တစ်ခွင် လှည့်လှည် တောင်းရမ်း နေဆဲပါဘဲတဲ့။ တာလေ ငလျင်တုန်းကလည်း ငလျင်လှုပ်တဲ့ နေရာကို မသွားဘဲ တာလေ ရဲစခန်းကို သွားစစ်ကာ မြို့နယ် ရဲစခန်းမှူးဆီကနေ ငွေနှိုက်၊ ဒေသထွက် စားစရာများကို ဓားမြတိုက်ယူပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးနှင့် ဒုတိယသမ္မတ (၂) ကို ဖားလိုက်ပါ သေးတယ်။ ဟို သီချင်းထဲကလို ဖြစ်နေပါပြီ။ မချစ်ရင် မနေနိုင်တာက လွဲလို့။ ကျော်ဇံမြင့် အတွက်ကတော့ မဖားရင် မနေနိုင်တာက လွဲလို့ .။ အပိုင်း (၅) မှာ ဆက်လက်ဖတ်ရှုကုန်ကြအံ့…။

အပိုင်း (၅) ကို ဆက်လက်ဖော်ပြသွားပါမည်....

Last Updated ( Sunday, 02 October 2011 08:47 )  

နောက်ဆုံးရသတင်းများ