ဆောင်းပါးရှင် - ပြည်တွင်းမှ အတွင်းသိသူတစ်ဦး (အပိုင်း (၄) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်....)
ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မည်ဆိုသော သမ္မတကြီး ဦးသိန်းစိန်တစ်ယောက် Good Government ဖြစ်ရမည်ဟု ကြွေးကြော်နေပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ကာ သန့်ရှင်းသော အစိုးရ ဖြစ်ရမည်ဟုလည်း သံဓိဌာန် ချထားလေရာ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ဒုဝန်ကြီး တစ်ဦးကြောင့် နာမည်ပျက်ရကိန်း ကြုံတွေ့နိုင်ပါကြောင်း စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုက်ဒ်သို့ အတွင်းသိသူ တစ်ဦးက ကျော်ဇံမြင့် အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် ပေးပို့လာတာမို့ တင်ပြပေးလိုက်ရပါတယ်။ အယ်ဒီတာ၊

..ထွေအုပ်၊ အကျဉ်းဦးစီး၊ အထူးသတင်းတပ်ဖွဲ့၊ စစစ၊ ရဲ စသည့် လက်အောက် အဖွဲ့အစည်းများကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ပြည်ထောင်စုဝန်ကြီး မသိအောင် လင်ရော၊ မယားရော အားပါးတရ နှိုက်ကြပါသတဲ့။ အပြောင်းအရွှေ့လုပ်ချင်သလား၊ ပြည်ထဲရေး ဒုဝန်ကြီးအိမ်ကို လာထား၊ အားလုံး အဆင်ပြေရမည်။ ငွေသာ ဖောဖောသီသီ ယူခဲ့ပါတဲ့။ နောက်တစ်ခု ရှိသေးတယ်။ ကြည်း ၁၇၄၈၉၊ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က သူ့အိမ်ကိုလာဖားရင် အလေးပြုပြီး ဝင်တာကို လုံးဝ မကြိုက်ပါဘူးတဲ့ခင်ဗျား။ ဘာလို့လဲဆိုတော့ အလေးပြုတယ်ဆိုတာ လက်နှစ်ဖက် အနက် တစ်ဖက်ဖက်က အားနေလို့ပဲတဲ့။ လက်မအားရအောင် ပစ္စည်းဆွဲလာတဲ့သူဆိုရင် အလေးမပြုနိုင်ဘူးတဲ့။ လက်မအားနိုင်အောင် ဆွဲလာတဲ့ သူကိုပဲ ပိုကြိုက်တယ်ဆိုပြီး အိမ်မှာ တွေ့ဆုံကာ အချိုအချောင်လေးတွေ နှိုက်ပါသတဲ့။
ကိုယ်တိုင် အဖားတော်သလို ယူထားသည့် မိန်းမ ခင်ရဲမွန်ကလည်း သူ့ထက် မသာရင်သာ နေမယ်၊ သူ့လိုပါပဲ။ နာမည်ကတော့ ဆန်းသလားမပြောနဲ့၊ ပြည်မြို့ဇာတိက ဖြစ်ပြီး နာမည်ကတော့ တပ်မြို့နာမည်နဲ့ လာတူနေတာ။ ခင်ရဲမွန်က မဆလ စစ်အာဏာရှင် ဦးနေဝင်းနဲ့ အမျိုးတော်တယ် ဆိုပြီး ကျော်ဇံကွေးတို့ အပိုင်ကြံလိုက်တာလေ။ သိတယ်မဟုတ်လား။ တော် (၄) တော် (မိဘတော်၊ မိန်းမတော်၊ ဆရာတော်၊ အဖားတော်) အားလုံးနဲ့ ပြည့်စုံပြီ ဆိုမှတော့ ကျော်ဇံကွေးတို့ ရာထူးတွေ မြင့်လာတာပေါ့။
သေနတ်ကို မိုးပေါ်မပစ်တဲ့ အမျိုးပီပီ သူမကလည်း ပိုက်ဆံကို မိုးပေါ်မပစ်ပါ။ ရှိသမျှ အိတ်ထဲကို သိမ်းကျုံးထည့်ကာ ယောက်ကျားက ပြည်သူ့ချွေးနှဲစာတွေကို မတရားသဖြင့် ပက်ပက်စက်စက် တောင်း၊ မိန်းမက အဖတ်တင်အောင် ဆည်တဲ့ကန်သင်း မကဘဲ ပင်လယ်ကြီးလောက်ကို စုတာ။ အိမ်ထောင်သက် တစ်လျှောက် နေထိုင်စားသောက်စရိတ်ကို အချိုအချောင်နှိုက်ကာ နေထိုင်ကြတဲ့ တကယ့်စံပြလင်မယားပါပဲ။ အိတ်ကပ်ထဲက ပိုက်ဆံထွက်ဖို့ဆိုတာ ခင်ရဲမွန်တို့ လုံးဝ မစဉ်းစား၊ ဘယ်လိုဝင်မလဲဆိုတာပဲ စဉ်းစား၊ အလကားရမယ်၊ စပွန်ဆာရှိတယ်ဆိုရင်ဖြင့် ပါးစပ်သရမ်းကြတဲ့ လင်မယားနှစ်ယောက်၊ ကျော်ဇံမြင့်က သည်းခြေကျောက်တည် ရောဂါဖြစ်၊ ခင်ရဲမွန်က ကိုယ်မှာ ယားနာတွေပေါက်၊ လူကသာ အရာရှိကတော်၊ အနေအထိုင်၊အပြောအဆို၊ သန့်ရှင်းသပ်ရပ်မှုကတော့ ဈေးထဲက ငါးစိမ်းသည်မှ သူ့ထက်သာအုံးမယ်။ ညစ်တိညစ်ပတ်၊ စုတ်တိစုတ်ချာ ဝတ်စားဆင်ယင်ကာ လူကြီးအိမ်ကို မြောင်းဖောက် မတတ် ကူးချည် သန်းချည် သွားတတ်သူဖြစ်ပါတယ်။
မကောင်းမကန်း မုန့်ဟင်းခါး၊ ရွှေဖရုံသီး ဆနွင်းမကင်း၊ ဘိန်းမုန့်၊ ကျောက်ကျော များဖြင့် အကုန်အကျ နည်းပြီး အချိုအချောင်နှိုက်ကာ မျက်နှာလို မျက်နှာရ ဖားတတ်သူပါ။ ကိုယ်တိုင် လုပ်တတ်လားဆိုတော့လည်း စစ်အာဏာရှင်အမျိုးပီပီ ဘာမှမလုပ်တတ်၊ ကြက်ဥ၊ ဘဲဥတောင် မပြုတ်တတ်တဲ့ သူမက ဆရာမ လုပ်ရာမှာတော့ စားဖိုမှူးကြီးထက် ဆိုးသတဲ့။ ဟိုလိုလုပ်ပါလား၊ သည်လိုလုပ်ပါလား၊ ငါလည်းမလုပ်တတ်ဘူး။ သည်လို အမျိုးအစားပါ။ တပ်မှာ ယောက်ကျား တပ်ရင်းမှူး ဖြစ်မှ လိုက်နေတဲ့သူက ပြောလိုက်ရင်တော့ အရာရှိငယ်ကတော် ဘဝတုန်းက ဘယ်သူ့ကို ဘယ်လို လုပ်ပေး ရတယ်၊ ဘယ်အိမ်မှာ ဘယ်လို အမှိုက်လှည်း၊ ကျုံး၊ အိုးခွက်ပန်းကန်ဆေး၊ ဟင်းချက်ပေးရတာ၊ ဘာညာနဲ့ အပလိ ချောက်ချက်နဲ့ ပြောတတ်သေး။ လက်တွေ့မှာတော့ သူမ လုပ်တတ်တာ ဘာမှ မရှိပါ။ အဝတ်လည်း မလျှော်တတ်၊ ခေါက်တောင် မခေါက်တတ်ပါ။ ဟင်းမချက်တတ်၊ ဈေးမဝယ်တတ်၊ မိန်းမဆိုတာ အိမ်ထောင် ထိန်းသိမ်းမှု ကောင်းရမယ် ဆိုပြီး ပါးစပ်ကနေ အခြားကတော်တွေကိုသာ ဆရာမ လုပ်နေတာ။
ကျော်ဇံကွေးနဲ့ ခင်ရဲမွန်တို့ ဘယ်လောက်ညစ်ပတ်လဲဆိုရင် တစ်နေ့လုံးနေမှ လင်မယားနှစ်ယောက် စလုံး ရေချိုးချင်မှ ချိုးတာပါ။ ယောက်ကျားကလည်း ခေါင်းမှာ ဗောက်၊ မိန်းမကလည်း ဖိုသီဖတ်သီနဲ့ ဆံပင်မှာ ဗောက်မွေး အော်ဒါယူထားကြသူတွေပါ။ အပြင်သွားပြီဆိုလည်း ကားထဲမှာ လင်မယားနှစ်ယောက် စလုံး အီး ပေါက်ကြ။ ဝမ်းကမမှန်၊ အီးက ဗွမ်ဗွမ်နဲ့၊ လိုက်မောင်းပို့ရတဲ့ ကားသမားဆို ငရဲကျနေတဲ့ အတိုင်းပါပဲတဲ့။ ပွဲမတိုးတဲ့ လင်မယားနှစ်ယောက်နဲ့ အတူသွားလာရတဲ့ အောက်လက်ငယ်သားတွေ ဆိုရင် မျက်နှာသိပ်ငယ်ရရှာပါသတဲ့။ ကိုယ့်လူကြီးဆိုပြီး လက်ညှိုးထိုးပြီး မပြရဲ။ အရေးထဲ မွေးစားသားလေး မောင်ညီညီဇံကလည်း အရမ်းသောင်းကျန်းတယ်ဆိုပဲ။ သွေးမတော် သားမစပ် မွေးစားသားလေးကို တယုတယနဲ့ အလိုလိုက်ထားလို့ ပျက်စီးချင်တိုင်း ပျက်စီးနေပါသတဲ့။ ခင်ရဲမွန်က ကလေးမမွေးနိုင်ဘဲ မြုံနေလို့ ကျော်ဇံမြင့် တပ်မ(၁၁)မှာ တပ်ရင်းမှူးလုပ်တုန်းက အခြားအဆင့်တစ်ဦးရဲ့ ကလေးကို မွေးစားလိုက်ပါတယ်။
အဲ့ဒီကလေးက ညီညီဇံပါတဲ့။ ယောက်ကျားမပီမသ၊ ဂန်ဒူးကလေး ညီညီဇံအား ကျော်ဇံမြင့်နဲ့ ခင်ရဲမွန်က ဖူးဖူး မှုတ်ထားလို့ ကလေးကိုလည်း ပြည်ထဲရေးက လူတွေက ကြောက်ရပါသတဲ့။ ခလုတ်နှိပ် တတ်လွန်းလို့လည်း စလံပေးရပါသတဲ့။ ယောက်ကျားများ မြင်ရင် အခြောက်ပီပီ ဟိုကိုင် ဒီကိုင်လုပ်တတ်လွန်းလို့ အိမ်တွင် လုံခြုံရေးကျသော ရဲများ ဘုရားတ တ နေရတယ်တဲ့။ ညီညီဇံ မမြင်ပါစေနဲ့ ဆိုပြီး ဆုတောင်းနေရတယ်။ မြင်ရင် ဟိုကိုင်၊ ဒီကိုင် လုပ်၊ သူ့အလို မပြည့်ရင်လည်း မွေးစားအဖေ၊ အမေကို လှမ်းအော်ပြီး လီဆယ် တိုင်ကြားတတ်လွန်းလို့ အားလုံးရဲ့ အော်ကြော့လန် လေးပါ။
ထိုသို့သော ပင်ကိုယ်စိတ်နေစိတ်ထား၊ အသွင်အပြင်၊ စရိုက်လက္ခဏာ နှင့် မိသားစုပုံစံ ဘာတစ်ခု မှ မကောင်းသော၊ ညံ့ဖျင်းလွန်းသော၊ မိမိ မိသားစုကိုတောင် အောင်မြင်အောင် မတည်ဆောက်နိုင်သော၊ မွေးစားသား ကျားကျားလျားလျား ဖြစ်အောင်တောင် ဆုံးမသွန်သင် မလုပ်နိုင်သော ကြည်း ၁၇၄၈၉၊ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်အား ပြည်ထဲရေး၊ဒုဝန်ကြီးရာထူးနဲ့ မထိုက်တန်ဟု ယူဆပါကြောင်း၊ ပြည်တွင်းတွင် ထားပါက အချိုအချောင် နှိုက်တတ်လွန်းသဖြင့် ပြည်ပတွင်သာ နှစ်ရှည်လများ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်သင့်ပါကြောင်း ဆွေးနွေးတင်ပြလိုက်ရပါပေသည်။
| Next > |
|---|

