ဆောင်းပါးရှင် – L.t Comet (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)
ဖက်ဆစ်ဝါဒ
နအဖ ရုရှားပြန် တပ်မတော်အရာရှိ တစ်ဦးက L.t Comet ဆိုတဲ့ ကလောင် နံမည်နဲ့ ကျွန်တော် ကိုဖိုးတရုတ်ထံသို့ဖြစ်ရပ်မှန် ကိုယ်တွေ့ အကြောင်း အရာတွေကိုပေးပို့ လာပါတယ်။ လူမဆန်တဲ့ ရက်စက် ကြမ်းကြုတ်တဲ့ အာဏာရူး နအဖတွေရဲ့ လုပ်ရပ်တွေကို စာဖတ် ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။ အခုလိုပေးပို့လာတဲ့ ရုရှားပြန် တပ်မတော်အရာရှိ L.t Comet ကိုလည်း ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ကြောင်း စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
နိုင်ငံရေး လှုပ်ရှားနေသူတွေ အားလုံးကို သိစေချင်တဲ့စေတနာနဲ့ ဒီစာကိုရေးလိုက် တာပါ။ ပြီးတော့ နအဖရဲ့ လုပ်ကွက်တွေကိုလည်း နိုင်ငံရေး လှုပ်ရှားနေကြတဲ့ မျိုးချစ်တွေအနေနဲ့ မသိသေးတဲ့ အရာတစ်ခုကို သိဖို့ အတွက် စေတနာနဲ့ ရေးသား လိုက်တာလည်း ဖြစ်ပါတယ်။