How do I apply payday loan Your Finances are your own Business
ပင်မနေရာ ကြားဖြတ်သတင်း ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကြီး ဗိုလ်မှူးချုပ် ထွန်းသန်း သိပါရန်

ပင်မနေရာ ကြားဖြတ်သတင်း ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကြီး ဗိုလ်မှူးချုပ် ထွန်းသန်း သိပါရန်

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကြီး ဗိုလ်မှူးချုပ် ထွန်းသန်း သိပါရန်

Print PDF
User Rating: / 1
PoorBest 

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း

ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း တစ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးက ရုန်းကန်လှုပ်ရှားနေရတဲ့ သူ့ဘဝဖြစ်စဉ်တစ်ခုကို ကိုယ်တွေ့ဖြစ်စဉ် တစ်ခုအနေနဲ့ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ တိုက်ရိုက်ဆက်သွယ် တင်ပြလာပါတယ်။ အဲဒီ တပ်ကြပ်ကြီးဟာ လစာငွေ (၆၆၀၀၀) ကျပ် ရရှိပြီး မိသားစု လေးဦးရှိရာ ဆန်ဖိုးငွေ တစ်နေ့လျှင် ၁ ပြည်ကို (၆၀၀) ကျပ်နှုန်းနဲ့ ဝယ်စားရလို့  တစ်လအတွက် (၁၈၀၀၀) ကျပ် ကုန်သွားပြီ ဖြစ်ပါတယ်။ အဲဒီ ဆန်ဈေးနှုန်းဟာ အချိန်ကာလ ၂၀၁၀ ကုန်ခါနီး အချိန်ကဖြစ်ပြီး ဤဝက်ဘ်ဆိုဒ်မှ ဆန်ဈေးနှုန်းကို နောက်ဆုံးအတည်ပြုချက်အရ (ကော်ချက်) ဆန်ဈေးနှုန်းမှာ တစ်ပြည်လျှင် (၃၀၀၀) ကျပ် ဝန်းကျင်အထိ တက်သွားပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီး အဲဒီတပ်ကြပ်ကြီး ငိုပြတာက သားသမီးများမှ ဆယ်တန်းကျောင်းသား ကျူရှင်ခ အတွက် (၁၅၀၀၀) ကျပ်၊ ရှစ်တန်းကျောင်းသူ ကျူရှင်ခက (၈၀၀၀) ကျပ် ကုန်ကျသွားလို့ စုစုပေါင်း ကုန်ကျစရိတ် (၄၁၀၀၀) ကျပ် ရှိသွားသဖြင့် သူ့ရဲ့လစာ (၆၆၀၀၀) ကျပ် ထဲမှ နုတ်ရင် လက်ကျန်ငွေ (၂၅၀၀၀) ကျပ်သာ ကျန်ရှိပါတော့တယ်။ ဒါကြောင့် အဲဒီတပ်ကြပ်ကြီး အပါအဝင် အခြားအဆင့် စစ်သည်များဟာ လစာငွေနဲ့ မလုံလောက်လို့ အချို့ရဲမေများဟာ ပုဂ္ဂလိကစက်ရုံများတွင် နေ့စားလုပ်ဆောင်ရပြီး  ကန်ထရိုက်အဆောက်အဦး ဆောက်လုပ်ရေး လုပ်ငန်းများမှာ ပန်းရံအလုပ်ကြမ်းဖြင့်လည်း နေ့စားလုပ်ကိုင်ရကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အထက်ဌာနရဲ့ ညွန်ကြားချက်အရ ဘဏ်စုဆောင်းငွေအဖြစ် လူပျို စစ်သည်တစ်ဦးလျှင် (၁၅၀၀၀) ကျပ် နှင့် အိမ်ထောင်သည် စစ်သည်တစ်ဦးလျှင် (၁၀၀၀၀) ကျပ်ကို မစုမနေရ အဖြတ်ခံ စုရသေးကြောင်း စားဝတ်နေရေး အလွန်တရာ ခက်ခဲနေကြကြောင်း သတင်းရရှိပါတယ်။

Last Updated ( Monday, 20 August 2012 05:15 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ