How do I apply payday loan Your Finances are your own Business
ပင်မနေရာ ကြားဖြတ်သတင်း လေချုပ်ဖတ်ဖို့ ပေါက်ကွဲသံစဉ်

ပင်မနေရာ ကြားဖြတ်သတင်း လေချုပ်ဖတ်ဖို့ ပေါက်ကွဲသံစဉ်

လေချုပ်ဖတ်ဖို့ ပေါက်ကွဲသံစဉ်

Print PDF
User Rating: / 1
PoorBest 

ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုဗိုလ်ချုပ်ကြီးမြတ်ဟိန်းအား အိန္ဒိယလေတပ်ဦးစီးချုပ်နှင့်အတူတွေ့ရစဉ်

လေတပ်တွင်းမှ အရာရှိ စစ်သည်များရဲ့ ပေါက်ကွဲသံများကို လေတပ် အသိုင်းအဝိုင်းက “စည်းလုံးခြင်းရဲ့အင်အား” သို့ သတင်း ပေးပို့လာပါတယ်။ အဲဒါကတော့ အကြီးအကဲတွေက လေတပ် စခန်းမှူးများအား လေးလပတ်တိုင်း တပ်မတော် (လေ) ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက် အမှန်အတိုင်း တင်ပြပါ၊ ဆွေးနွေးပါဟု ဆိုနေသည့်တိုင်အမှန်တကယ် လိုအပ်ချက်များ လုပ်မပေးနိုင်သည်ကို လေတပ်သားများ သိနေကြပါကြောင်း။ ကာကွယ်ရေးဦးစီးချုပ် (လေ) ကိုယ်တိုင် အခြေအနေမှန်များကို သိရှိလိုပါက လေတပ်စခန်းများသို့ လှည့်လည်ကြည့်ရူရုံဖြင့်လည်း မသိနိုင်ကြောင်း၊ တပ်စစ်ဆေးမည်ဆိုပြီး နေ့တစ်ဝက်မျှ နေရုံမျှနှင့်လည်း စခန်းများ၊ ဌာနချုပ်များရဲ့ အခြေအနေအမှန်ကို သေချာစွာ မသိနိုင်ကြောင်း၊ လေတပ်စခန်းကြီးများရဲ့ ဟန်ပြ အစစ်ခံချက်များကိုသာ ကြည့်ပြီး ကျေနပ် ဝမ်းသာနေပါက လေတပ်ကြီးထဲတွင် ဘာဖြစ်နေမှန်းကို လုံးဝ သိမြင်နိုင်မည် မဟုတ်ပါကြောင်း သုံးသပ် တင်ပြလာပါတယ်။

ဆက်လက်ပြီး လေတပ်ရဲ့ အခြေအနေမှန်များကို လေတပ်တွင် အခြေခံ အကျဆုံးဖြစ်တဲ့ အထွေထွေ (လေ) လုပ်ငန်းမှ အရာရှိ စစ်သည်များ မိသားစုများရဲ့ ရင်ဖွင့်ချက်များကို စိတ်ဝင်တစား နားထောင် ပေးမှသာ အသေးစိတ် သိမှာဖြစ်ကြောင်း၊ လေချုပ်အိမ်မှာနေတဲ့ အထွေထွေ (လေ) စစ်သည်များ၊ လေတပ် စခန်းမှူး၊ အုပ်မှူး/တပ်မှူးများ အနားတွင် ကပ်နေတဲ့ အထွေထွေ (လေ) စစ်သည်များကို မေးရင်တော့ ထူးခြားလာမှာ မဟုတ်ကြောင်း၊ အခြားသော လုံခြုံရေး၊ တပ်ရဲများနှင့် စိုက်ခင်းများ၊ ကြက်ခြံ/ ၀က်ခြံများတွင် နေနေရတဲ့ အထွေထွေ (လေ) စစ်သည်များကို ခြိမ်းခြောက်မှု မရှိသော အခြေအနေမျိုးတွင် လွတ်လပ်စွာ မေးမြန်းရင်း ပြောဆိုစေပါက လေတပ်ရဲ့ အမှန်လက်တွေ့ အခြေအနေနဲ့ ကြပ်တည်းမှုများကို ကြားသိရမှာ ဖြစ်ပါကြောင်း တင်ပြလာပါတယ်။

အလားတူ အရာရှိများအတွင်းမှ အက်ကြောင်းများကို လည်းကောင်း၊ စစ်သည်များ အတွင်းမှ နည်းပညာ အကြပ်ကြီးများနှင့် လေတပ် ငယ်မွေးခြံပေါက် အကြပ်များရဲ့အက်ကြောင်း များကိုလည်းကောင်း သေချာသိအောင် ကြိုးစားသင့်ပါကြောင်း၊ တပ်စစ်ဆေးခံစဉ် ဝတ်ကျေတန်းကျေ မေးရင်တော့ သတင်းပို့စရာ မရှိဘူးလို့သာ ဖြေလာမှာ ဖြစ်ပါကြောင်း၊   လေချုပ် သက်တမ်းတလျှောက် လေတပ်စခန်း အားလုံးသို့ ရောက်ဖူးပြီးပြီလားဟု ပြန်လည် ဆန်းစစ်ရန် လိုပါကြောင်း၊ လေတပ် စခန်းမှူးအိမ်သို့ ရိက္ခာ ဆန်/ဆီ ၀ယ်ပို့နေသမျှ၊ အုပ်ချုပ်ရေး တပ်မှူးအိမ်သို့ ရိပ်သာ (၃) မှ ဟင်းပို့နေရသမျှ၊ စက်မူလက်မူ တပ်မှူးအိမ်သို့ စက်မှုလက်မှုနှင့် တပ်ထောက်တို့မှ ဆီရောင်းရငွေ အပ်နေသမျှ၊ အုပ်မှူးများမှ ခွဲတမ်းဝေနေသမျှ ကာလပတ်လုံး လေတပ်မှ အက်ကြောင်းများဟာ ထင်နေဆဲ၊ အသံထွက်နေဆဲသာ ဖြစ်ပါကြောင်း ပေါက်ကွဲသံစဉ်များကို သတင်း ပေးပို့လာပါတယ်။ မိမိ တပ်သားများကိုတောင် မကြည့်နိုင်ဘဲ တိုင်းပြည်အတွက် ဘာကြောင့် ခေါင်းဆောင်ဆိုတဲ့နေရာကို ကိုယ့်ဘာသာ တက်ယူထားကြပါသလဲလို့ ကိုယ့်ကိုယ်ကို  မှန်ထဲပြန်ကြည့်ရင်း မေးကြည့်စေလိုကြောင်း စည်းလုံးခြင်းရဲ့အင်အားမှတဆင့် ရင်ဖွင့်လိုက်ရပါတယ်။

Last Updated ( Monday, 20 August 2012 07:38 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ