
?????????? ??????????????? ??????????
K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သော နမ့်ဆန်ယာန်ဧရိယာ တဝိုက်မှာ K.I.A ဘက်မှ မနေ့က စက်တက်ဘာ (၁၇) ရက်နေ့တွင် အောင်မြေချဲ့ထွင် ရှင်းလင်းရေး ဝင်ရာ အစိုးရတပ်မှ စစ်သည်အလောင်း (၃၀) ကျော် တွေ့ရှိကြောင်း K.I.A နှင့် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။ တဆက်တည်းမှာပင် စက်တက်ဘာ (၁၇) ရက်နေ့ကလည်း အင်ဒေါင် ဒဘတ် ကျေးရွာမှာ K.I.A နှင့် စစ်အစိုးရအကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရှိရပါတယ်။ အလားတူ စက်တင်ဘာ (၁၇) ရက်နေ့ မိုးမောက်မြို့နယ် နမ်ဖတ်ခါ့ကျေးရွာမှာ K.I.A sniper တပ်ဖွဲ့က စစ်တပ်မှ စစ်သည်တစ်ယောက်ကို ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
| < Prev | Next > |
|---|

