ပင်မနေရာ ကြားဖြတ်သတင်း ကက (ကြည်း) လေးလ ပတ်အစည်းအဝေး ကျင်းပပြီးစီးသွားခဲ့ သတင်း

ပင်မနေရာ ကြားဖြတ်သတင်း ကက (ကြည်း) လေးလ ပတ်အစည်းအဝေး ကျင်းပပြီးစီးသွားခဲ့ သတင်း

ကက (ကြည်း) လေးလ ပတ်အစည်းအဝေး ကျင်းပပြီးစီးသွားခဲ့ သတင်း

Print PDF
User Rating: / 3
PoorBest 

မင်းအောင်လှိုင် ထီးတင်နေပုံ

၂၆-၉-၂၀၁၁ ခုနှစ် ကမှ စတင်ခဲ့တဲ့ ကက (ကြည်း) လေးလ ပတ်အစည်းအဝေး ကျင်းပပြီးစီး သွားခဲ့ကြောင်း၊ ၆-၁၀-၂၀၁၁ ခုနှစ် ခန့်မှာ ကက (လေ) လေးလ ပတ်အစည်းအဝေး ကျင်းပသွားရန် ရှိကြောင်း စစ်ဘက် နီးစပ်သူများက စည်းလုံးခြင်းရဲ့ အင်အား ဝက်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။ အဲ့ဒီ လေးလ ပတ်အစည်းအဝေးတွေဟာ လေးလ တစ်ကြိမ်နှုန်းနဲ့ တစ်နှစ်လျှင် သုံးကြိမ် ပြုလုပ်သွားတဲ့ အစည်းအဝေး ဖြစ်ကြောင်း၊ ကက (ကြည်း) လေးလပတ် အစည်းအဝေမှာ တပ်မတော် တစ်ခုလုံးရှိ အနိမ့်ဆုံး ဒကစ မှူး၊ စကခ မှူး၊ တပ်မမှူးတို့မှသည် တိုင်းမှူးများ အပါအဝင် ကစထ မှူး၊ ညွန်ကြားရေးမှူးများ၊ စရဖ ချုပ် (ထောက်လှမ်းရေး)၊ လေကြောင်း ကာကွယ်ရေး အရာရှိချုပ်၊ စစ်ရေးချုပ် စစ်ထောက်ချုပ် ကဲ့သို့သော ထိပ်ပိုင်း ဗိုလ်ချုပ်များ တက်ရောက်ကြတဲ့ အစည်းအဝေး ဖြစ်ကြောင်း၊ အဲ့ဒီအစည်းအဝေးမှာ လတ်တလော စစ်မက်ဖြစ်ပွားနေတဲ့ K.I.A နှင့် တိုက်ပွဲများ အသေးစိတ် အစီရင်ခံစာ အပေါ် သုံးသပ်ချက်များနှင့် မဟာဗျူဟာ နည်းဗျူဟာများ ချမှတ်ခဲ့ကြောင်း၊ မြစ်ဆုံရေကာတာ စီမံကိန်းနှင့် စပ်လျဉ်းပြီး အစိုးရဘက်က ရပ်ဆိုင်းထားတဲ့အပေါ် တရုတ်နှင့် နယ်စပ် အရေးအခင်းတင်းမာ လာမှု ရှိပါက ကြိုတင် ပြင်ဆင်နိုင်ရေး စီမံချက်များ ဆွေးနွေးခဲ့ကြောင်း၊ တိုင်းမှူးများက လက်ရှိတိုင်းနှင့် ပြည်နယ် ဒေသကြီး ဝန်ကြီးချုပ်များနှင့် ဆက်ဆံရေး၊ မြို့ပြ လုံခြုံရေး တာဝန်ယူရတဲ့ အခန်းကဏ္ဍမှ တဖြည်းဖြည်း နောက်ဆုတ်သွားသလို လုပ်ပိုင်ခွင့် အာဏာ လျော့ကျသွားပြီး သတ်မှတ်ထားတဲ့ ရာထူးအဆင့် Power နိမ့်ကျ သွားတာနဲ့အမျှ တပ်မတော်သားများနှင့် အာဏာပိုင် အဖွဲ့အစည်းများအကြား ပြဿနာများကို ဆွေးနွေး တင်ပြခဲ့ကြောင်း၊ လွှတ်တော်တွေမှာ တာဝန်ပေးအပ်ထားတဲ့ ၂၅ % သော တပ်မတော် ကိုယ်စားလှယ်များရဲ့ လှုပ်ရှားဆောင်ရွက်မှု အခန်းကဏ္ဍကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ အစည်းအဝေးအပြီး နေပြည်တော် ကြပ်ပြေးမှာ အန္တရယ် ကင်းရှင်းဖို့ Power တင်တဲ့အနေနဲ့ ဘုရား ထီး တင်ပွဲ ကျင်းပခဲ့ကြောင်း၊ စတဲ့ သတင်းများကို ပေးပို့ခဲ့ပါတယ်။ ဆက်လက်ပြီး စစ်ဘက်နီးစပ်သူများက သတင်း ဆက်လက်ပို့ရာမှာ တပ်မတော်အတွင်း အရာရှိနှင့် မိသားစုဝင် (အမျိုးသမီးငယ်) တချို့ဟာ ခံစားချက်များ မကျေနပ်ချက်များကို အွန်လိုင်းအင်တာနက်ပေါ်တွင် တင်ရန် ကြိုးစား ဆက်သွယ် လာကြောင်း သတင်း ရရှိပါတယ်။

Last Updated ( Monday, 03 October 2011 21:19 )  

နောက်ဆုံးရသတင်းများ