
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း
ကက(လေ)နှင့် နီးစပ်သူအသိုင်းအ၀ိုင်းများက လေးလပတ်အစည်းအဝေးကို မူလသတ်မှတ်ထားတဲ့ရက်ထက် နောက်ဆုတ်ကျင်းပသွားကြောင်း သတင်းပေးပို့လာပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့များတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှာ ကက(လေ)ရဲ့ လေးလပတ်အစည်းအဝေး ကျင်းပလျက်ရှိကြောင်း သတင်းဝင်ရောက်လာပါတယ်။ အဲဒီအစည်းအဝေးဟာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ် ခင်အောင်မြင့်နှင့် တကွ လေတပ်စခန်းဌာနချုပ်မှူးများ၊ အုပ်မှူးများ၊ စက်မှု/လက်မှုအရာရှိကြီးများ တက်ရောက်ကြကြောင်း သိရှိရပါတယ်။ အိန္ဒိယနိုင်ငံမှ သမ္မတဦးသိန်းစိန် ပြန်ရောက်လာပြီးလျင် ပါရှိသွားသော စစ်ဘက် ကိုယ်စားလှယ်များရဲ့ လေတပ်ဆိုင်ရာ ကူညီထောက်ပံ့မှုများနှင့် ယခင် အိန္ဒိယဦးစီးချုပ် လာရောက် လည်ပတ်ခဲ့စဉ်က ဆွေးနွေးခဲ့တဲ့ လေတပ်ဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုကိစ္စများ ဆွေးနွေးနိုင်တယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။
| < Prev | Next > |
|---|

