ပင်မနေရာ ကြားဖြတ်သတင်း စစ်ရာထူးခန့်ချုပ် ဘာတွေလုပ်နေသလဲ… (Breaking News)

ပင်မနေရာ ကြားဖြတ်သတင်း စစ်ရာထူးခန့်ချုပ် ဘာတွေလုပ်နေသလဲ… (Breaking News)

စစ်ရာထူးခန့်ချုပ် ဘာတွေလုပ်နေသလဲ… (Breaking News)

Print PDF
User Rating: / 0
PoorBest 

လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးလက်အောက်မှ အရာရှိများ

၁၄-၁၀-၂၀၁၁ ရက်နေ့မှာ စစ်ရာထူးခန့်ချုပ်ရုံးရဲ့ အဆင့်တိုး အမိန့်စာထွက်လာကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ အဲဒီအမိန့်စာတွင် စစ်တက္ကသိုလ်ကျောင်းဆင်း DSA ၄၄ အရာရှိများအား တပ်မတော် (ရေ/လေ) ညွှန်ကြားရေးမှူးရုံး လက်ရုံးတပ်ဖွဲ့များမှအပ ခြေလျင်တပ်များမှ အရာရှိများသာ Officiating ဗိုလ်မှူးလစာစား ယာယီခွဲမှူး ဗိုလ်မှူး/ ဗိုလ်ကြီး အဆင့်တိုးရာထူး တင်သွားကြောင်း သိရပါတယ်။ ဒါကြောင့် ညွှန်ကြားရေးမှူးရုံး လက်ရုံးများမှ အရာရှိများက ၄င်း မညီမျှမှုအား မကျေနပ်ကြကြောင်း ဆိုပါတယ်။ အလားတူ ယခင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်မြင့်ဆွေရဲ့ PSO အဖြစ် ထိန်းသိမ်း ခံခဲ့ရဖူးတဲ့၊ လေတပ်သတင်း ပေါက်ကြားမှုများအား စုံစမ်းဖော်ထုတ်ရန် လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(လေ)မှ လျှို့ဝှက်ခိုင်းစေထားသည်ဟု နာမည်ထွက်နေသော DSA ၃၈ မှ လေ ၂၃၁၄ ဗိုလ်ကြီး မင်းသိန်းထွန်း(လက်နက်အရာရှိ) တစ်ဦးတည်းသာ Officiating ဗိုလ်မှူးလစာစား ယာယီခွဲမှူး ဗိုလ်မှူး/ ဗိုလ်ကြီး အဆင့်တိုးရာထူး တင်ပေးခဲ့ခြင်းကြောင့် ကျန် Seniorခွက်ပျောက်စစ်ဗိုလ်များ အပါအ၀င် လေတပ် အရာရှိများ တအံ့တသြဖြစ်ခဲ့ရကြောင်း သတင်းပေးပို့လာပါတယ်။

Last Updated ( Wednesday, 19 October 2011 12:40 )  

နောက်ဆုံးရသတင်းများ