??? ???????
ဗိုလ်ချုပ်ကြီး သူရရွှေမန်း အမြင့်မှ ကျဆုံးရတဲ့ အကြောင်းရင်း သတင်းတွေကို စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုက်ဒ်သို့ သတင်းပေးပို့လာပါတယ်။ ဗိုလ်သူရရွှေမန်းဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် လျာထားခံခဲ့ရသလို နောင်တခေတ်ရဲ့ သမ္မတအဖြစ်လည်း စိတ်ကူးယဉ် အိပ်မက် မက်ထိုက်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုကြောင့် အမှတ်တွေလျော့ပြီး ပြုတ်ကျသွားတာကိုတော့ စစ်ဖက်လေ့လာသူများက သိချင်ကြမှာ ဖြစ်ပါတယ်။ စစ်ဖက် နီးစပ်သူ တစ်ဦးက ဒီလိုဆိုပါတယ်။
“ရွှေမန်းဟာ တပ်မ (၆၆) ဗျူဟာမှူးဘဝတုံးက ကရင်ပြည်နယ် စစ်ဆင်ရေး ဝင်ရောက်ခဲ့ရာမှာ DKBA ဗိုလ်ချုပ် ဖြစ်လာမယ့် အရာခံဗိုလ်ကျော်သန်းတို့နဲ့ ကျွမ်းဝင်နီးစပ်ခဲ့တာပေါ့ဗျာ။ ဘယ်လောက် ရင်းနီး သလဲဆိုရင် ဗိုလ်ရွှေမန်း နတခတိုင်းမှူးအဖြစ် ပုသိမ်မှာ ရှိနေတုံး DKBA ဗိုလ်ကျော်သန်းတို့အဖွဲ့ တကူးတက သွားခဲ့ကြတယ်။ ရွှေမန်းကို ဂါရ၀ပြု လက်ဆောင်တွေလည်း တပုံတပင်ကြီး ပေးခဲ့တယ်၊ ကျော်သန်းကို ဘုရားဖူး မြန်မာပြည်မှာ လိုက်လည်ဖို့လည်း ရွှေမန်းက စီစဉ်ပေးခဲ့တယ်ဗျ”
တခါ ထိုင်းနိုင်ငံနဲ့ နယ်နမိတ် ပြဿနာ ဖြစ်ပွားလို့ စစ်တပ်အချင်းချင်း ရန်စောင်နေချိန်မှာ DKBA ကို စစ်ရုံးသို့ ခေါ်ပြီးတော့ ကူတိုက်ပေးဖို့ ရွှေမန်းက ပြောခဲ့တယ်လေ။ လက်နက်တွေ ထုတ်ပေးဖို့ အတွင်းရေးမှူး (၂) ကလည်း ကကကြည်း (တာဝန်) ကို ညွန်ကြားခဲ့ပါသေးတယ်။ DKBA က စစ်တပ်အဝတ်အစားနဲ့ အသွင်ယူပြီး လိုအပ်ရင် ထိုင်းနယ်စပ်ကို ဖြတ်ကျော်ကာတိုက်ဖို့ စီစဉ် ခဲ့တယ်လို့ ဆိုပါတယ်။ ရွှေမန်းရဲ့ စည်းရုံးမှုအား အကောင်းဆုံးအချိန်ဟာ DKBA ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအား အရင်ကနဦး ထောက်ခံခိုင်းတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျဆုံး သွားတာကတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပတော့ DKBA က မြဝတီဝင်တိုက်ချိန် ဖြစ်နေလို့ ရွှေမန်း တစ်ယောက် ငယ်ထိပ် မြွေပေါက်ခံရပါတယ်။ စစ်ဖက် နီးစပ်သူတို့က ဆက်လက် ပြောကြားရာမှာ “ ရွှေမန်းက ကစထမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းအား ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့ကို စေလွှတ်ပြီး DKBA ဗိုလ်နှုတ်ခမ်းမွေးနှင့် တွေ့ဆုံ ညှိနှိုင်းခိုင်းခဲ့ပါတယ်။ ဗိုလ်နှုတ်ခမ်းမွေးက စိတ်ဓါတ် ရင့်ကျက်ခိုင်မာတာကြောင့် လက်လျှော့ခဲ့ရတယ်ဗျ၊ ဗိုလ်ရွှေမန်း တစ်ယောက် ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်သလို ဖြစ်သွားတယ်ဗျာ” ဆက်လက်ပြီး စစ်ဖက်နီးစပ်သူ တစ်ဦးက ပြောဆိုရာမှာ ဗိုလ်ရွှေမန်းတစ်ယောက် လျှို့ဝှက်စွာနဲ့ မြောက်ကိုးရီးယားကို သွားရောက်လည်ပတ်ပြီး ပြန်လာချိန်မှာ အင်တာနက်ပေါ် သတင်းအတိအကျ ပေါက်ကြားသွားခဲ့လို့ တပ်ချုပ်က ငြိုငြင်တာ ခံရနိုင်တယ်လို့ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုက်ဒ်ကို ပြောကြား လာပါတယ်။
ဗိုလ်ချုပ်ကြီးခင်ညွန့် အရေးယူခံရလို့ သတင်းစာရှင်းလင်းပွဲ လုပ်ခိုင်းရာမှာ ဗိုလ်ချုပ်ကြီး ရွှေမန်းနှင့်အတူ ထိုစဉ်က အတွေးရေးမှူး (၁) ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ သတင်းစာရှင်းလင်းပွဲမှာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခက်ထန်တဲ့ စကားလုံးများ သဘောထားများကို ဗိုလ်ချုပ်ကြီးရွှေမန်းက မသင့်တော်လို့ ဖြုတ်ပစ်ခဲ့ပါတယ်။ သတင်းစာထဲမှာ တည်းဖြတ်ပြီး ပါလာခဲ့လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဒေါကန်ကာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအား ဆူပူခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ နောက်နေ့မှာ သတင်းစာရှင်းလင်းပွဲကို မြေပြင်တွင် ထပ်မလုပ်ခိုင်းဘဲ စာရွက်ပေါ်မှာ လုပ်တဲ့သဘောနဲ့ သတင်းစာမှာ ထပ်မံဖြည့်စွက် ဖေါ်ပြခိုင်းလို့ ပြည်သူတွေ တအံ့တဩ ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့်ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့ အနာဂါတ်ကို ခန့်မှန်းတဲ့ စစ်ဖက်နီးစပ်သူ တစ်ဦးကတော့ ဗိုလ်ချုပ်ကြီးရွှေမန်းဟာ ခေတ္တ ငုပ်လျှိုးသွားပေမယ့် ကြံ့ဖွံ့ဥက္ကဌ ဖြစ်နေတာမို့ နောင်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် လျာထားနိုင်တယ်။ သိန်းစိန်က D.S.A - 9 ဖြစ်လို့ အသက်ကြီးပြီး အချိန်မရှိတော့တာကြောင့် သူ့ကို အရင်ဆုံး ထိုးတင်တာ ဖြစ်နိုင်တယ်။ဗိုလ်ချုပ်ကြီးရွှေမန်းဟာ D.S.A – 11 က ဖြစ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ နောက်တလှမ်း ဆုတ်ခိုင်းတာ ဖြစ်နိုင်ကြောင်း ခန့်မှန်း တင်ပြလာပါတယ်။ "နောက်ပိုင်းမှာ အသက်ငယ်တဲ့ သူတွေကို ဦးစားပေးရမယ်ဆိုတဲ့ မူဝါဒရှိတာမို့ သူ့အား ညှိနှိုင်းကွပ်ကဲရေးမှူးရာထူး တီထွင်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။" အဲ့ဒီတုန်းက ဒီလို တီထွင်ပေးအပ်ခဲ့တာကို အတွင်းရေးမှူး (၁) နှင့် ဒုချုပ်တို့က သိပ်မကြည်ဘူးဗျ၊ ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့ဇနီးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ဇနီး ဒေါ်ကြိုင်ကြိုင်ထံ အဝင်အထွက် လုံးပန်းရင်း အလွမ်းသင့်သွားတာကြောင့် မြှောက်စားခဲ့တယ်လို့ သတင်း ပေးပို့လာပါတယ်။
| < Prev | Next > |
|---|

