ပင်မနေရာ ကြားဖြတ်သတင်း စစ်တပ်မှ လူ့အခွင့်အရေးချိုးဖေါက်နေ

ပင်မနေရာ ကြားဖြတ်သတင်း စစ်တပ်မှ လူ့အခွင့်အရေးချိုးဖေါက်နေ

စစ်တပ်မှ လူ့အခွင့်အရေးချိုးဖေါက်နေ

Print PDF
User Rating: / 0
PoorBest 

စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့သော နမ်ဆန်ယာန် ကျေးရွာ

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရအကြား ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း အစိုးရတပ်မှ ပြည်သူများကို ညှင်းပမ်းနှိပ်စက်ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကိုလည်း အတင်းအဓမ္မ လုယူခြင်း၊ ခြိမ်းခြောက်ခြင်းများကို တရားဝင် ရဲတင်းစွာ ပြုမှုနေကြောင်း သိရှိရပါတယ်။ အောက်တိုဘာ (၂၅) ရက်နေ့ နံနက်ပိုင်း ဗန်းမော်မှ စစ်ကားကြီး (၁၀) စီးဟာ မိုးမောက်မြို့နယ် ခဝမ်ဘန်မ် ကျေးရွာသို့  ရောက်ရှိလာကာ ကျေးရွာလူထုများရဲ့ အိမ်များကို ရိုက်ဖွင့်ပြီး အဖိုးတန် အသုံးအဆောင်ပစ္စည်းများနှင့် ကြက်၊ ဝက်၊ နွား အစရှိသော တိရိစ္ဆာန်များကို လုယူ ဖမ်းစီးသယ်ဆောင်သွားကြောင်း ၎င်းရွာသူရွားသားများထံမှ သိရှိရပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် " ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး... ဘယ်ဘဝက ဝဋ်ကြွေးလဲမသိတော့ဘူး..." ဆိုပြီး ၎င်းကျေးရွာမှ ရွာသားတစ်ဦးက ငိုယိုပြီး ရင်ဖွင့်ခဲ့ကြောင်း ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

Last Updated ( Friday, 28 October 2011 15:28 )  

နောက်ဆုံးရသတင်းများ