ပင်မနေရာ ကြားဖြတ်သတင်း မတရားတဲ့ အမိန့် တပ်တွေစတင် ဖီဆန်လာပြီ

ပင်မနေရာ ကြားဖြတ်သတင်း မတရားတဲ့ အမိန့် တပ်တွေစတင် ဖီဆန်လာပြီ

မတရားတဲ့ အမိန့် တပ်တွေစတင် ဖီဆန်လာပြီ

Print PDF
User Rating: / 3
PoorBest 

 

ရှေ့တန်းမှ ပြန်လည်ရောက်ရှိသော K.I.A စစ်သည်များ

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် အစိုးရတပ် ခလရ (၄၇) တို့အကြား ဗန်းမော်ဇုံနယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ အကျ အဆုံးနှင့် ထိခိုက်မှုများပြား ခဲ့ကြောင့် စစ်ဖက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။ ခလရ (၄၇) တပ်ရင်းမှူးက မိမိရဲ့စစ်သည်များ ကျဆုံးမှုကို မလိုလားတဲ့အတွက် အထက်မှ အမိန့်ကို ဖီဆန်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရှေ့တန်းနယ်မြေမှ ဆုတ်ခွာသွား ခဲ့ကြောင်း၊ ယင်းဆုတ်ခွာသွားမှုကြောင်း တပ်ရင်းမှူးနှင့် အရာရှိ (၃) ဦးတို့အား ယခုချိန်တွင် စစ်အကျဉ်းထောင်မှာ အကျဉ်း ချထားကြောင်း စုံစမ်း သိရှိရပါတယ်။

 

K.I.A မှ တိုက်ကွက်ဖေါ်ခြင်း 

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် ဂလာန်ဂျာပါသို့ မလိခမြစ်မှ ချီတက်လာတဲ့ အစိုးရ စစ်ကြောင်း တစ်ကြောင်းကို K.I.A တပ်ရင်းများက ဝင်ရောက် ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း၊ K.I.A နှင့် နီးစပ်သူများက ဤဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

Last Updated ( Thursday, 27 October 2011 21:52 )  

နောက်ဆုံးရသတင်းများ