
ရှေ့တန်းစစ်မြေပြင်မှ K.I.A စစ်သည်များ
အောက်တိုဘာလ ၂၆ ရက်နေ့ မနက် ၈း၀၀ နာရီဝန်းကျင်တွင် K.I.A တပ်မဟာ (၁) လက်အောက်ခံက (101) တပ်တို့က ကချင်ပြည်နယ် ဆွမ်ပရာဘွမ် ကားလမ်းမကြီး ဒရိုခ တံတား စောင့်တဲ့ စစ်အစိုးရ စစ်တပ် ခလရ (၁၃၈) ကို ဝင်ရောက်တိုက်ခိုက် အောင်ပွဲခံခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သိမ်းဆည်းရမိတဲ့ စစ်ပစ္စည်းများမှာ Keenwood R/T (၃) ၊ အသံလွှင့် ဆက်သွယ်စက်ကြီး (၁) လုံး၊ သေနတ် (၃) လက်၊ ကျည်ဆံ (၁၀၀၀) ကျော်စသည်တို့ကို သိမ်းဆည်းရမိပြီး စစ်သုံ့ပန်း (၁) ဦး နှင့် အစိုးရ တပ်ဘက်မှ (၁) ဦး ထိခိုက်ခဲ့ကြောင်း၊ K.I.A (101) ဘက်တော့ ထိခိုက်မှု မရှိကြောင်း K.I.A နှင့် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။
ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား မှုတွေကြောင့် အစိုးရတပ်ဘက်မှ အထိအခိုက် များပြားလာပါတယ်။ ယခုဆိုရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်တပ် ဆေးရုံများတွင် စစ်သားလူနာများ အပြည့် ဆေးကုသ ခံယူနေသဖြင့် အရာရှိများရဲ့ ဇနီးများဟာ မလိဇွပ်ဆေးရုံတွင် မွေးဖွားနေကြရကြောင်း ဆေးရုံနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ်။
| < Prev | Next > |
|---|

