
ရေနဲ့ငါးပမာ ပြည်သူများရဲ့ နှလုံးသားထဲက K.I.A
ကချင်လွတ်မြောက်ရေးတပ်မတော် K.I.A တပ်ရင်း(၃) နယ်မြေဖြစ်တဲ့ ဂါးရာယာန်၊ လုန်ဇွပ် တောင်ကုန်းနဲ့ ဂန်ဒေါင်ယာန်အနီးရှိ ဆိုင်းမိုင်းကျေးရွာများတွင် ကချင်လွတ်မြောက်ရေးတပ်မတော် K.I.A နဲ့ စစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ကျေးရွာနဲ့ နီးစပ်သူများထံမှ သိရှိရပါတယ်။ လိုင်ဇာဌာနချုပ်အနီးရှိ K.I.A တပ်ရင်း (၂၄) နယ်မြေဖြစ်သော အင်ဒုန်ဒဘန်တွင် စစ်တပ်ဘက်မှ ရိက္ခာလာပို့သော စစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် K.I.A စစ်သည်များနှင့် ကချင်ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ တဆက်တည်းမှာဘဲ ဂါလာန်ပါ ကျေးရွာတွင်လည်း K.I.A တပ်မဟာ(၅) လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ်မတော် K.I.A နှင့် စစ်တပ်တို့အကြား (၃)ရက်မြောက် တိုက်ပွဲကို ဆက်လက်ဆင်နွဲနေကြောင်း သိရှိရပါတယ်။
တဆက်တည်းမှာဘဲ ကချင်လွတ်မြောက်ရေးတပ်မတော် K.I.A နှင့် စစ်တပ်များအကြား ဗန်းမော်မြို့နယ် လော့ဒန်ကုန်းမှာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင် ခလရ (၆၀၁) တပ်ရင်းမှူး, ဒုတပ်ရင်းမှူး, တပ်ကြပ်ကြီးနှင့် အခြား အရာရှိ စစ်သည် (၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများက ဤဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။
| < Prev | Next > |
|---|

