ပင်မနေရာ ကြားဖြတ်သတင်း K.I.A နှင့် စစ်တပ် တိုက်ပွဲပြင်းထန်လျက်ရှိ

ပင်မနေရာ ကြားဖြတ်သတင်း K.I.A နှင့် စစ်တပ် တိုက်ပွဲပြင်းထန်လျက်ရှိ

K.I.A နှင့် စစ်တပ် တိုက်ပွဲပြင်းထန်လျက်ရှိ

Print PDF
User Rating: / 3
PoorBest 

ရှေ့တန်းစစ်မြေပြင်မှ K.I.A စစ်သည်များ

အောက်တိုဘာ (၂၈) ရက်နေ့တွင် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း ဒေါ့ဖုန်းယန်မြို့နယ် ဒိန်ဂါရွာနှင့် အင်ဒုန်ဒဘန်ရွာတို့တွင် K.I.A မျိုးချစ်ရဲဘော်များက ပြည်သူ့စစ်များနှင့် ပူးပေါင်းကာ ဒေါ့ဖုန်းယန် အခြေစိုက် စစ်တပ် ခလရ (၁၄၂) နှင့် အပြင်းအထန် တိုက်ခိုက်နေကြောင်း K.I.A နှင့် နီးစပ်သူများထံမှ သတင်းရရှိပါတယ်။ စစ်တပ်ဘက်က ဒေါ့ဖုန်းယာန်ရွာအနီး ဟန်ကိုင် စခန်းမှ တိုက်ပွဲဖြစ်ရာ ခလားဒိန်ဂါ၊ အင်ဒုန်ဘန် ဘက်သို့ (၁၂၀ မမ) စိန်ပြောင်းလက်နက်ကြီးများနှင့် အဆက်မပြတ် ပစ်ကူပေးနေကြောင်း သတင်းရရှိပါတယ်။ အလားတူ မြစ်ကြီးနား ဗန်းမော် လမ်းပိုင်း နားလုံးအနီး အင်သပ်တောင်ခြေသို့ ထိုးတက်လာသော စစ်တပ် စစ်ကြောင်းကို K.I.A မျိုးချစ်စစ်သည်များနှင့် ပြည်သူ့စစ်တို့ပူပေါင်းပြီး ယနေ့တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ တဆက်တည်းမှာပင် မြစ်ကြီးနား ဗန်းမော်လမ်းကြောင်းမှာပင် လုံဇွပ်တောင်မှာ K.I.A မျိုးချစ်စစ်သည်များနှင့် စစ်တပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုများပြားလာမှုကြောင့် စစ်တပ်စစ်ကြောင်းများ ဆုတ်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ အဲဒီတိုက်ပွဲမှာ အစိုးရဘက်မှ စစ်သည် (၂၀) ခန့်ကျရှုံးပြီး (၆၀) ခန့် ဒဏ်ရာရရှိသွားကြောင့် သတင်းရရှိပါတယ်။

Last Updated ( Saturday, 29 October 2011 15:55 )  

နောက်ဆုံးရသတင်းများ