ပင်မနေရာ ကြားဖြတ်သတင်း ပြည်သူတွေ မိုင်းနင်းမိပြီ

ပင်မနေရာ ကြားဖြတ်သတင်း ပြည်သူတွေ မိုင်းနင်းမိပြီ

ပြည်သူတွေ မိုင်းနင်းမိပြီ

Print PDF
User Rating: / 1
PoorBest 

စစ်တပ်ထုတ် မြေမြုပ်မိုင်း သယ်ဆောင်လာစဉ်

အောက်တိုဘာလ ၂၈ ရက်နေ့ ကချင်ပြည်နယ် မိုးမောက် လွယ်ဂျယ်လမ်း ခဝမ်ဘန် ကျေးရွာမှ ဒဂေါ်သွားရာလမ်းဆုံတွင် အစိုးရစစ်တပ်က ထောင်ထားတဲ့ မိုင်းကို နင်းမိလို့ မောင်ဘရန်ဒီး ပွဲချင်းပြီး သေဆုံးသွားကြောင်းနှင့် မောင်လထော် ဇော်လီမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသဖြင့် ယခု မိုးမောက် ဆေးရုံးမှ ဆေးကုသခံနေကြောင်း ဆေးရုံနှင့် နီးစပ်သူများထံမှ သတင်းရရှိပါတယ်။ တဆက်တည်းမှာပင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် K.I.A ဌာနချုပ် လိုင်ဇာတွင်ရှိတဲ့ ဂျေယာန်ခ (Je Yang Hka) ကချင်စစ်ပြေး ဒုက္ခသည်စခန်းသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယင်ကျန်း ခရိုင်မှ ကချင်မျိုးနွယ် ရပ်မိရပ်ဖများနှင့် အမှုတော်ဆောင်များက လာရောက်ကြည့်ရှု အားပေးခဲ့ပြီး ဆန်(၂၀၀) အိတ်ကိုလည်း လာရောက်လျူဒါန်းခဲ့ကြောင်း ဒုက္ခသည်စခန်းမှ သတင်းပေးပို့လာပါတယ်။

 

နောက်ဆုံးရသတင်းများ