
ရှေ့တန်း စစ်မြေပြင်မှ K.I.A စစ်သည်တစ်ဦး
အောက်တိုဘာလ (၃၀) ရက် ညနေပိုင်း ၇:၀၀ နာရီ ဝန်းကျင်တွင် ဗန်းမော် အင်းမောက်နှင့် ခဝမ်ဘန်ကျေးရွာ သွားရာလမ်းနှင့် ခဝမ်ဘန်မှာ ရောက်ရှိ အခြေစိုက်နေတဲ့ အစိုးရ စစ်တပ်တို့ကို K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း K.I.A နှင့် နီးစပ်သူများထံမှ သိရှိရပါတယ်။ K.I.A တို့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ရခြင်းရဲ့ အကြောင်းရင်းမှာ အစိုးရ စစ်တပ်တွေဟာ ဆင်လွမ်လမ်း၊ လော်ဒန်လမ်း၊ လော်ဒန် ကရုန်ဘက်သို့ စစ်အင်အား အဆမတန် ထိုးစစ်ဆင်လာမှုကြောင့် စစ်နည်းဗျူဟာအရ စစ်တပ်ရဲ့ နောက်ပိုင်းများကို K.I.A တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ K.I.A အရာရှိများမှ ပြောကြားချက်အရ သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ဘက်မှ ဘယ်နှစ်ယောက် ကျဆုံးသည်ကို မသိရသေးပေမယ့် K.I.A ဘက်မှာတော့ ထိခိုက် ကျဆုံးမှု မရှိခဲ့ကြောင်းလည်း စုံစမ်း သိရှိရပါတယ်။
| < Prev | Next > |
|---|

