ပင်မနေရာ ကြားဖြတ်သတင်း ဗိုလ်ချုပ်ကြီး မြတ်ဟိန်းရဲ့ ဇာခန်းစီးနောက်ကွယ်မှ သတင်း

ပင်မနေရာ ကြားဖြတ်သတင်း ဗိုလ်ချုပ်ကြီး မြတ်ဟိန်းရဲ့ ဇာခန်းစီးနောက်ကွယ်မှ သတင်း

ဗိုလ်ချုပ်ကြီး မြတ်ဟိန်းရဲ့ ဇာခန်းစီးနောက်ကွယ်မှ သတင်း

Print PDF
User Rating: / 5
PoorBest 


ဗိုလ်ချုပ်ကြီး မြတ်ဟိန်း

ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်းရဲ့ သားဖြစ်သူ MarkII ကားဖြင့် ယာဉ်တိုက်မှုဖြစ်ခဲ့လို့ သေသူရဲ့ ကျန်ရစ်သူမိသားစုများကို ဒေါ်လာငွေရောင်းကာ တိုက်ခန်းဝယ်ပေး၊ လျော်ကြေးပေးပြီး အမှုဖျောက်ထားတဲ့သတင်းကို ကက(လေ)နှင့် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။ ထိုစဉ်က အိမ်တော် ကိုယ်ရေးအရာရှိ PSO ဖြစ်သူ DSA 38 မှ ဗိုလ်မှူး ၀င်းမင်းထွန်းမှ လိုက်လံ ဖြေရှင်းပေးခဲ့ရကြောင်း သိရှိရပါတယ်။ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ထွေးထွေးညွန့်မှာ မောင်လေးတစ်ဦးရှိပါတယ်။ သူဟာပြည်ပပို့ဆောင်ရေး အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာဖြစ်ပြီး ဂျပန်နိုင်ငံသို့ သင်တန်းသားများ စေလွှတ်နေပါတယ်။ အဲဒီလို စေလွှတ်ရာမှာ အကျိုးဆောင်ခငွေ US$ 4000 မှ 5500 ကြားရယူတဲ့အပြင် ထွက်ပြေးပါက လျော်ကြေးငွေပေးဆောင်ရန် တဦးလျှင် မြန်မာငွေကျပ် သိန်း၃၀ကို အာမခံအဖြစ ထပ်မံတောင်းခံခဲ့ပါတယ်။ အာမခံငွေရယူခြင်းမှာ မြန်မာနိုင်ငံ အလုပ်သမားဥပဒေအရ ချိုးဖောက်မှုဖြစ်သော်လည်း ဒုတိယဗိုလ်ချုပ်ကြီးရဲ့ အရှိန်အဝါကြောင့် အလုပ်သမားညွန်ကြားရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အရေးမယူရဲခဲ့ကြောင်း သိရပါတယ်။ ထွက်ပြေးတဲ့အခါ ပေးလျော်ရန်ဆိုပြီး အာမခံငွေများကို ရယူထားသော်လည်း ထွက်ပြေးပါက ဖြေရှင်းချင်းမရှိကြောင်း သိရပါတယ်။ ဒါ့အပြင် လက်ရှိရောက်ရှိနေတဲ့ သင်တန်းသားများမှာ လုပ်ငန်းခွင်မှ ရပ်ဆိုင်းခြင်း၊ ဗီဇာသက်တမ်းတိုးရန် ခက်ခဲခြင်းနှင့် သင်တန်းသားအသစ်များ ဗီဇာလျှောတ်ထားမှု ရပ်ဆိုင်းခံရခြင်းများ ကြုံတွေ့နေကြောင်း သိရပါတယ်။ ထွက်ပြေးသူများမှာလည်း စာရွက်စာတမ်းအတုများဖြင့် စေလွှတ်ထားကြောင်း၊ အာမခံပစ္စည်းများရယူထားကြောင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနသို့ တိုင်တန်းထားကြောင်း သတင်းပေးပို့လာပါတယ်။

Last Updated ( Thursday, 03 November 2011 00:25 )  

နောက်ဆုံးရသတင်းများ