ပင်မနေရာ ကြားဖြတ်သတင်း လေတပ်ထဲမှ ပေါက်ကွဲ သံများ

ပင်မနေရာ ကြားဖြတ်သတင်း လေတပ်ထဲမှ ပေါက်ကွဲ သံများ

လေတပ်ထဲမှ ပေါက်ကွဲ သံများ

Print PDF
User Rating: / 4
PoorBest 

သမ္မတဦးသိန်းစိန်

ကက(လေ) လက်အောက်ခံ တပ်များရှိ အချို့အရာရှိများဟာ ပြစ်မှုတစုံတရာမရှိဘဲ ရာထူးတိုးမြင့်မှု မရှိတာကြောင့် နိုင်ငံတော် သမ္မတဆီ လိပ်မူပြီး တိုင်တန်းနေကြောင်း ကက(လေ)နှင့် နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။


ကက(လေ)မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ ဇနီးတစ်ဦးက ရင်ဖွင့်လာပါတယ်။ “ ကျမတို့ လေတပ်မှာ DSA နဲ့ OTS ကျောင်းဆင်းခြင်း အတူတူ ခွဲခြားဆက်ဆံခံနေရတယ်ရှင့်၊  OTS ဗိုလ်သင်တန်းကျောင်းဆင်း ၁၉၉၅ ခုနှစ် Commission Year ဗိုလ်သင်တန်း အမှတ်စဉ် ၉၁ မှ စက်မှုလက်မှုဌာနခွဲ လက်အောက်ရှိ လက်နက်၊ လျှပ်/ချိန် နဲ့ ရေဒီယို အရာရှိ ၁၀ ဦးခန့်ဟာ ခုအချိန်အထိ ဗိုလ်ကြီးဘ၀မှာဘဲ ရှိနေသေးတာမို့ နစ်နာနေရတယ်၊ မိသားစုများအနေနဲ့လည်း တပ်ရဲ့စည်းရုံးရေး ကော်မတီကဲ့သို့ လှုပ်ရှားမှုများမှာ ဗိုလ်ကြီး ဇနီးများအဖြစ် ကျမတို့ထက် ဂျူနီယာကျတဲ့ အရာရှိများရဲ့ ဇနီးများ နောက်မှနေရတဲ့အတွက် feeling ဖြစ်နေကာ တာဝန်ပေးမှုအပိုင်းတွင် မကြာခဏ စကားများအဆင်မပြေဖြစ်ရတယ်” လို့ ဆိုပါတယ်။


ဒါကြောင့် အဲဒီအရာရှိများဟာ စုပေါင်းလက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတဆီလိပ်မူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ မိတ္တူပေးလို့ နစ်နာချက်များ ဖြေရှင်းပေးရေး တိုင်ကြားစာ ပေးပို့တင်ပြထားတယ်လို့ သိရပါတယ်။ အဓိကအချက်များမှာ သူတို့တွင် မည်သည့်ပြစ်မှုမှ မရှိပါဘဲ အဆင့်တိုးမပေးခြင်း၊ အင်ဂျင်နီယာဘွဲ့ရမဟုတ်သောကြောင့် အဆင့်တိုးမပေးဘူးဟု ကာကွယ်ရေး ဦးစီးချုပ်(လေ)က လွယ်လွယ်ပြောနေပါတယ်။ ဒါပေမဲ့ DSA ကျတော့ ရာထူး မဖြစ်ဖြစ်အောင် တိုးမြင့်ပေးကာ DSA 9 မှ အရာရှိများဟာ ဒုဗိုလ်မှူးကြီး များအဆင့်ထိ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီ OTS ကျောင်းဆင်း ဗိုလ်ကြီးအဆင့်ရှိ အရာရှိများကို အုပ်ချုပ်ရေးရာထူးနေရာများတွင် ပေးနိုင်ပါလျက်နဲ့ တင်မပေးခဲ့ဘဲ ထားခဲ့လို့ တဖြည်းဖြည်း အသက် ၄၀ ကျော်လာခဲ့ရပါတယ်။ ဒါအပြင် အဆင့်တိုးမပေးနိုင်သည့်တိုင် အခြားအရပ်ဘက် ၀န်ကြီးဌာနများသို့ ပြောင်းရွှေ့ပေးရန်လည်း မစီစဉ်ပေးခြင်း၊ တပ်ထွက်ခွင့် တင်သူများအားလည်း ခွင့်မပြုဘဲ ဥပေက္ခာပြုထားခြင်း၊ စတဲ့ အချက်များကို အဲဒီတိုင်စာမှာ တင်ပြထားတယ်လို့လည်း သိရပါတယ်။

Last Updated ( Sunday, 20 November 2011 09:31 )  

နောက်ဆုံးရသတင်းများ