ပင်မနေရာ ကြားဖြတ်သတင်း တပ်မ တပ်များ ကချင်ပြည်နယ်သို့ အင်အား ဖြည့်တင်းလျှက်ရှိ

ပင်မနေရာ ကြားဖြတ်သတင်း တပ်မ တပ်များ ကချင်ပြည်နယ်သို့ အင်အား ဖြည့်တင်းလျှက်ရှိ

တပ်မ တပ်များ ကချင်ပြည်နယ်သို့ အင်အား ဖြည့်တင်းလျှက်ရှိ

Print PDF
User Rating: / 0
PoorBest 

ရှေ့တန်းစစ်မြေပြင်မှ K.I.A စစ်သည်တစ်ဦး


ကချင်ပြည်နယ် ဗန်းမော် မြစ်ကြီးနားလမ်းရှိ ဗန်းမော်မြို့နယ်အနီး မြို့သစ်သို့ အစိုးရစစ်တပ်အင်းအား (၈၀၀) ကျော် နိုဝင်ဘာ (၂၃) ရက် ညနေပိုင်းတွင်ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသခံမိတ်ဆွေများက စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ အဲဒီ အစိုးရစစ်တပ်များဟာ ကေအိုင်အေ တပ်မဟာ (၅) တည်ရှိရာ လိုင်ဇာဘက်သို့ ဆက်လက်ထွက်ခွာသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ ကချင်ပြည်နယ်အတွင်း ယခုကဲ့သို့ တပ်များ အင်အား ဖြည့်တင်းလျှက်ရှိနေရခြင်းမှာ ကေအိုင်အေနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော  အစိုးရစစ်တပ်များ အကျအဆုံးများပြားလာရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကချင်တောင်တန်းများမှာ ထူထပ်မြင့်မားတဲ့အတွက် ပင်ပန်းနွမ်းနေတဲ့ တပ်များအစား အောက်မြန်မာပြည်မှ တပ်မ (၄၄) အပါအ၀င် စစ်အင်အား အများအပြားကို ကချင်ပြည်နယ် စစ်မျက်နှာပြင်သို့ လှဲလှယ် အစားထိုးနေကြောင်း သတင်းရရှိပါတယ်။ အရင် ကနဦး ဒေသခံများက ယူဆရာမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် တပ်များ ကချင်ပြည်နယ်မှ ဆုတ်ခွာပေးတယ်လို့ ယူဆခဲ့ပေမဲ့ အောက်မြန်မာပြည်မှ တပ်များ ထပ်မံတက်လာလို့ တပ်လှဲလှယ်ခြင်းဖြစ်တယ်လို့ နောက်ပိုင်းမှာ သိလိုက်ရပါတယ်။ တပ်မ (၄၄) ဟာ မွန်ပြည်နယ် သထုံမှာ အခြေစိုက်ပြီး ကရင်ပြည်နယ် ဧရိယာ တာဝန်ယူထားပေမဲ့ K.N.U / D.K.B.A တို့နဲ့ အစိုးရ ဆွေးနွေးပွဲ အတိုင်းအတာ တစ်ခုထိ ခရီးရောက်နေတာမို့ တပ်မ (၄၄)ကို ဆွဲထုတ်တာ ဖြစ်နိုင်ကြောင်း စစ်ဖက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

Last Updated ( Thursday, 01 December 2011 20:43 )  

နောက်ဆုံးရသတင်းများ