ပင်မနေရာ ကြားဖြတ်သတင်း ကျောင်းသားများနှင့် စစ်သည်များ ခိုက်ရန်ဖြစ်ပွား

ပင်မနေရာ ကြားဖြတ်သတင်း ကျောင်းသားများနှင့် စစ်သည်များ ခိုက်ရန်ဖြစ်ပွား

ကျောင်းသားများနှင့် စစ်သည်များ ခိုက်ရန်ဖြစ်ပွား

Print PDF
User Rating: / 2
PoorBest 

ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း

အစိုးရ အဖွဲ့သစ် တက်လာပြီးနောက်ပိုင်း စစ်တပ်အတွင်း ဗိုလ်ချုပ်များက သူတို့ရဲ့ အမူအကျင့်အတိုင်း နယ်ဘက် အုပ်ချုပ်ရေးတွေမှာ ဝင်ရောက်စွက်ဖက်နေလျက်ရှိနေသေးကြောင်း ကျောင်းသား မိဘများနှင့် နီးစပ်သူများက စည်းလုံးခြင်းရဲ့ အင်အားဝက်ဆိုက်ဒ် သို့ သတင်းပေးပို့လာပါတယ်။

ဖြစ်စဉ် တစ်ရပ်မှာ စစ်သည်များနှင့် မြိတ်တက္ကသိုလ်မှ အဝေးသင် ကျောင်းသားများ ခိုက်ရန် ဖြစ်ပွါးမှု ဖြစ်စဉ်ဖြစ်ပါတယ်။ ကျောင်းသူများ အဆောင်ရှေ့ ည အချိန်မတော် ဂစ်တာသွားတီးတဲ့ စစ်သည်များအား ကျောင်းသားများက နားမခံသာလို့ ဆော်ပလော် “တီး” လွှတ်လိုက်ရာမှ စစ်သည်များ ကွဲပြဲပြီး၊ အမှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်အပေါ် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းက စစ်သည်များရော အရပ်သားများကိုပါ နှစ်ဖက်စလုံး ထိရောက်သော အရေးယူမှု ဆောင်ရွက်ပါဟု မှတ်ချက် ပြန်ချပေးလိုက်သဖြင့် ကမ်းရိုးတန်းတိုင်း တိုင်းစစ်ဌာနချုပ်က မြိတ်မြို့ ရဲတပ်ဖွဲ့အား ညွန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

အဲ့ဒီအရေး အခင်းအပေါ် ကျောင်သားများရဲ့ မိဘများကအမှု ကျေအေးရန် တောင်းပန်စေကာမူ အမှုပိတ် မပေးဘဲ အရေး ယူစေဖို့ မြိတ်မြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ညွှန်ကြားချက် ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ စစ်အစိုးရ လက်ထက်တုန်းက ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အာဏာနှစ်ရပ် (အုပ်ချုပ်ရေးနှင့် စစ်ရေး) ကိုင်တွယ်ထားသဖြင့် တိုင်းမှူးများအား ညွှန်ကြားခွင့် ရှိစေကာမူ ယခုအခါ တိုင်းမှူးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် အာဏာခွဲခြား လိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ခေတ်တွင် တရားစီရင်ရေး စနစ်အား တပ်မှ ၀င်စွက်ဖက်ခွင့် မရှိသင့်ကြောင်း အရပ်ဘက် ဝန်ထမ်းများက ဝေဖန်ကြပါတယ်။ တကယ်လို့ ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်မှု မပြုခဲ့ရင်တောင်မှ စစ်တပ်နှင့် ရဲ အမြင်မကြည်လင်မှု ပိုမို နက်ရှိုင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိစစ်သည်အား အရေးယူလိုက ယူနိုင်စေကာမူ၊ ကျေအေးနိုင်သော ရန်ဖြစ်မှု တစ်ခုတွင် တဘက်မှ အရပ်သားများအပေါ် နှိပ်ကွပ်ရန် ပြည်ထဲရေး ၀န်ကြီးဌာနအောက်မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တရားရေး အဖွဲ့အစည်းများအပေါ် ဖိအားပေး ၀င်ရောက် စွက်ဖက်နေတဲ့ သတင်းအား တင်ပြလိုက်ရပါတယ်။

Last Updated ( Wednesday, 14 December 2011 12:25 )  

နောက်ဆုံးရသတင်းများ