
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဓညဝတီ ရေတပ်သို့ သွားရောက်စစ်ဆေးနေစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ် ဧရိယာနဲ့ အကျူံးဝင်တဲ့ အ နောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ သွားရောက်လည်ပတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ရုံးနဲ့ နီးစပ်သူများက ထူးခြားချက်တွေကို သတင်းပေးပို့လာပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ ကာကွယ်ရေး ဦးစီးချုပ်(လေ)၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်များနဲ့အတူး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ သွားရောက်စစ်ဆေးခဲ့ပြီး တပ်မိသားစုဝင်များအား သက်သာချောင်ချိ့ရေး ထောက်ပံ့မှုများပေးခဲ့ပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းနေလင်း နဲ့အတူ တပ်ရဲ့မဲဇာလို့ခေါ်တဲ့ ဝေးလံခေါင်ဖျား အန်းတပ်နယ်ရှိတပ်များ၊ စစ်တွေနဲ့ ကျောက်ဖြူမြို့များရှိ တပ်များကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ထူးခြားချက်တစ်ခုမှာ ကျောက်ဖြူရှိ ကာကွယ်ရေး ဦးစီးချုပ် (ရေ) လက်အောက်ခံ ဓညဝတီ ရေတပ်စခန်းဌာနချုပ်သို့ သွားရောက်စစ်ဆေးခဲ့ပြီး စစ်ဦးစီးအရာရှိချုပ်(ရေ)က အသေးစိတ် တင်ပြခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ ရေတပ်စစ်သင်္ဘောစီးနင်းပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေး သွားရောက် စစ်ဆေးခဲ့ရာမှာ တရုတ်အကူအညီဖြင့် ဆောက်လုပ်နိုင်တယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။ တဆက်တည်းမှာဘဲ ဘင်္ဂလားဒ့်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့တဲ့ ဒုတပ်ချုပ်၊ (လေ)ချုပ်၊ (ရေ)ချုပ်တွေဟာ နှစ်နိုင်ငံ နယ်နမိတ်ထိစပ်မှု ရေပိုင်နက်မြေ ဧရိယာများ မလိုလားအပ်တဲ့ ဖြစ်စဉ်များ မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်တဲ့ သဘောနဲ့ သွားရောက်လည်ပတ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မည်တို့ပင်ဖြစ်စေကာမှု တရုတ်အကူအညီဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း ဆောက်လုပ်ခြင်းဟာ ရွှေဂက်စ် စီမံကိန်းအတွက် ပင်လယ်ပြင် စိုးမိုးနိုင်ရန် ကြိုတင်း ကာကွယ်ရေး စီမံချက်တခု ဖြစ်နိုင်ကြောင်း သတင်းပေးပို့လာပါတယ်။
| < Prev | Next > |
|---|

