How do I apply payday loan Your Finances are your own Business
ပင်မနေရာ ကြားဖြတ်သတင်း ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ သတင်း - အပိုင်း (၇)

ပင်မနေရာ ကြားဖြတ်သတင်း ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ သတင်း - အပိုင်း (၇)

ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ သတင်း - အပိုင်း (၇)

Print PDF
User Rating: / 50
PoorBest 

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်

စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်မှ မိခင်ဘလောဒ်(photayokeking.blogspot.com) ဖြစ်ခဲ့စဉ်က သတင်းများကို ဖေါ်ပြခြင်းမပြုခဲ့ဘဲ ဆောင်းပါးများကိုသာ တင်ပြခဲ့ရာ စာဖတ်သူများ ရေပန်းစား၊ အထူးကြိုက်နှစ်သက်ခဲ့ပြီး ဆောင်းပါးအနေဖြင့် ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများကို အပိုင်းလိုက် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ စစ်ဘက်နီးစပ်သူများက တပ်မတော်အတွင်း အတွင်းကြိတ်ဖြစ်ပေါ်ခဲ့တဲ့ သတင်းများကို ထပ်မံပေးပို့လာလို့ တင်ပြပေးလိုက်ရပါတယ်။

တပ်မတော် ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဟာ ကမ္ဘာအေးဘုရားလမ်းအိမ်တွင် နေခဲ့စဉ်က ထောက်လှမ်းရေးတပ်မှ ပြုတ်သွားသူများ၊ အကျဉ်းထောင်မှ ပြန်လွှတ်သူများကို အမှတ်တရ ညစာ စားပွဲသဏ္ဍန်ဖန်တီးပြီး တွေ့ဆုံခဲ့တဲ့သတင်းအား ဗိုလ်ချုပ်ကြီးသန်းရွှေတို့က ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆိုင်းမပါ ဗုံမဆင့် ဗိုလ်ချုပ်ကြီးခင်ညွန့်အိမ်အား မီးဖြတ်ပြီး ညအချိန်မတော် ရဲချုပ်နဲ့ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်တို့အဖွဲ့ကို သွားရောက်ဖမ်းဆီးခိုင်းကာ ပိုမိုတင်းကြပ်တဲ့ အကျဉ်းထောင်အတွင်းသို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်က သူ့ခေါင်းပေါ်ရှိ ဆံပင်ကို လက်ညှိုးထိုးကာ အပြင်သို့ မသွားဘဲ သူကိုယ်တိုင် ဆံပင်ညှပ်ရကြောင်း မလုံမလဲ ပြောဆိုတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး သူ့ရဲ့သားအား ခဏဆိုပြီး ဖမ်းချုပ်ခေါ်သွားခဲ့စဉ်က အထုပ်အပိုး ပစ္စည်းတွေတောင်မှ ယူခွင့်မပြုတာကို  ဝမ်းနည်းပက်လက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်များအရ သံဝေဂတရား ရယူနိုင်ရေးအတွက် လက်ရှိဗိုလ်ချုပ်များအား တိုက်တွန်းလိုက်ရပါတယ်။

Last Updated ( Monday, 20 August 2012 02:49 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ