
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်မှ မိခင်ဘလောဒ် (photayokeking.blogspot.com) ဖြစ်ခဲ့စဉ်က သတင်းများကို ဖေါ်ပြခြင်း မပြုခဲ့ဘဲ ဆောင်းပါးများကိုသာ တင်ပြခဲ့ရာ စာဖတ်သူများ ရေပန်းစား၊ အထူးကြိုက်နှစ်သက်ခဲ့ပြီး ဆောင်းပါးအနေဖြင့် ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများကို အပိုင်းလိုက် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ စစ်ဘက်နီးစပ်သူများက တပ်မတော်အတွင်း အတွင်းကြိတ်ဖြစ်ပေါ်ခဲ့တဲ့ သတင်းများကို ဆက်လက်ပေးပို့လာလို့ တင်ပြပေးလိုက်ရပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ အာဏာနီ တည်ဆောက်နေတဲ့သတင်းအား စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ သတင်းနဲ့ဆက်စပ်ကာ ဆက်လက်ပြီး နောက်ဆက်တွဲ ထပ်မံသိရတာက ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ ပြောင်းရွေ့ခိုင်းတဲ့ တိုင်းမှူးတွေကို Warning ကပ်ပေးပြီး ရဟတ်ယာဉ်တွေနဲ့ အမြန် ရွေ့ပြောင်းခိုင်းတယ်လို့ သိရပါတယ်။ တချို့ တိုင်းမှူးတွေများ ဘုမသိဘမသိ အငိုက်ခံလိုက်ရတာမို့ တိုင်းက စားမဲ့ဝါးမဲ့အကွက်တွေတောင် လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအပြောင်းအရွေ့ရဲ့ ထူးခြားချက်တစ်ခုမှာ တိုင်းစစ်ဌာနချုပ် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပြောင်းခိုင်းခြင်းမဟုတ်ဘဲ ပတ်ချာလည် ပြောင်းခိုင်းခြင်းဖြစ်ပါတယ်။ ဥပမာ နတခ တိုင်းမှူးနဲ့ ရတခ တိုင်းမှူး အပြန်အလှန်ပြောင်းခြင်း မဟုတ်ဘဲ အခြားတိုင်းမှူးများက ဝင်ရောက် နေရာယူခြင်းဖြစ်ပါတယ်။ အဓိက ပစ်မှတ်ဖြစ်တဲ့ ရကတတိုင်းမှူးဟောင်း ဗိုလ်ချုပ်ထွန်းသန်းနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များက မတည့်တဲ့ တိုင်းမှူးများကို ဖယ်ရှားလိုတယ်လို့ သိရကြောင်း တင်ပြပေးလိုက်ပါတယ်။
| < Prev | Next > |
|---|

