ပင်မနေရာ ကြားဖြတ်သတင်း စစ်တပ်လွှမ်းမိုးဆဲ လက်ရှိအစိုးရအဖွဲ့

ပင်မနေရာ ကြားဖြတ်သတင်း စစ်တပ်လွှမ်းမိုးဆဲ လက်ရှိအစိုးရအဖွဲ့

စစ်တပ်လွှမ်းမိုးဆဲ လက်ရှိအစိုးရအဖွဲ့

Print PDF
User Rating: / 5
PoorBest 

ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် မစ္စယင်းလတ်

မကြာသေးမှီရက်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်လည်ပတ်ခဲ့ပါတယ်။ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးတဲ့အကြောင်းအရာတွေမှာ ထိုင်းနိုင်ငံမှ စက်ရုံအလုပ်ရုံတွေ လာရောက်ဖွင့်လှစ်ပေးဖို့ အပါအဝင် စစ်တပ်နဲ့ မသက်ဆိုင်တဲ့ နိုင်ငံရေး စီးပွားရေး ခေါင်းစဉ်များကို ဆွေးနွေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ဖက်နီးစပ်သူများက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ အစိုးရအဖွဲ့ရဲ့ သဘောထားကို သယ်ဆောင်ပေးတဲ့ သဘောလို့ ယေဘူယျ အကောင်းဘက် ရှုမြင်ကြပေမဲ့ တကယ်တမ်း လုပ်ထုံးလုပ်နည်းအရ  စစ်တပ်အကြီးအကဲ တစ်ယောက်အနေနဲ့ ဒီလိုအကြောင်းအရာတွေ ခေါင်းစဉ်တွေအား ထည့်သွင်း ဆွေးနွေးဖို့ မသင့်လျော်ကြောင်း ဝေဖန်ကြပါတယ်။


ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ နိုင်ငံတကာ ခရီးစဉ်အရ ဗီယက်နမ် နိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတွေကို သွားရောက်လည်ပတ်နေတာဟာ တပ်မတော်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အတတ်ပညာ၊ နည်းပညာများ ဆည်းပူးလေ့လာကြဖို့ဟာ အဓိက ကျတယ်ဆိုပေမဲ့ တကယ်တမ်းအဲဒီကို သွားရောက်နေတာဟာ နိုင်ငံတကာ ဆက်ဆံရေး၊ သံတမန်ခင်း အတွေ့အကြုံများ ရရှိရေး ဦးတည်ရှေးရှုးနေတာဖြစ်ပြီး နောင်ရွေးကောက်ပွဲမှာ သမ္မတအတွက် ရည်စူးနေတာများလားလို့ သံသယဖြစ်နေကြကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာခဲ့ပါတယ်။

Last Updated ( Friday, 13 January 2012 23:23 )  

နောက်ဆုံးရသတင်းများ