
?????????????????? ???????
တိုင်းရင်းသားနယ်မြေတွေမှာ တပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ငြိမ်းချမ်းရေးပြုလုပ်ဖို့ အစိုးရအား တိုက်တွန်းနေကြပါတယ်။ နိုင်ငံတော်သမ္မတက KIA အား တိုက်ခိုက်နေတာကို အပစ်ရပ်ဖို့ စစ်တပ်အား အမိန့်ပေးထားလျက်သားနဲ့ စစ်တပ်က ဆက်လက် တိုက်ခိုက်နေတာဟာ ပဟေဠိသဖွယ် ထူးဆန်းနေပါတယ်။ တကယ်ဆိုရင် နိုင်ငံတော်သမ္မတဟာ D.S.A – 9 က ကျောင်းဆင်းပြီး ကာကွယ်ရေးဦးစီးချုပ်ဟာ D.S.A 19 ဖြစ်တာမို့ ရာထူးအနေနဲ့ကြည့်ကြည့်၊ စီနီယာ ဂျူနီယာနဲ့ပဲကြည့်ကြည့် အပေါ်ကိုလှန်တောင် မကြည့်ရဲတဲ့ အခြေအနေ ရှိပါတယ်။ ဒါပေမဲ့ ကာချုပ်ကို နောက်ကွယ်မှ ကြိုးကိုင်နေသူတစ်ဦး ရှိဟန်တူပြီး အနားယူသွားသူလို့ ယူဆနေကြတဲ့ ဗိုလ်ချူပ်မှူးကြီးဟောင်းသန်းရွှေ ဖြစ်နိုင်ကြောင်း စစ်ဘက်နီးစပ်သူများက ခန့်မှန်းကြပါတယ်။ ကာချုပ်ရဲ့နောက်တွင် (back ground) တရားမဝင် သြဇာအာဏာရှိဆုံးသူ တစ်ဦးရှိလို့သာ ဗိုလ်ချူပ်ကြီးမင်းအောင်လှိုင် လုပ်ရဲနေကြောင်း ဖြစ်နိုင်တယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။
ခြေလျင်-အမြောက်-တင့် ပူးပေါင်းစစ်ဆင်ရေးကြီးထဲမှ မြင်ကွင်းတစ်ခု
စစ်ရေးအရ အလွယ်တကူ အလျှော့ပေးမည်ဆိုပါက တပ်မတော်ရဲ့ ဂုဏ်သက္ခာပိုင်းဆိုင်ရာ ကျဆင်းနိုင်မည်ဖြစ်ကြောင်း မင်းတို့သမ္မတက အမှတ်ယူချင်တိုင်း အလွယ်တကူ အလျှော့ပေးစရာမလိုဘူး စစ်ရေးအရအသာစီးရမှ ငြိမ်းချမ်းရေး လမ်းကြောင်းသွားရန်ဆိုတဲ့ သဘောထားမှတ်ချက်ရှိလို့သာ ကာချုပ်က စစ်ဆင်ရေး ဆက်လက် ဆင်နွှဲတာဖြစ်နိုင်ကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ စစ်ဘက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။
| < Prev | Next > |
|---|

