How do I apply payday loan Your Finances are your own Business
ပင်မနေရာ ကြားဖြတ်သတင်း ထိပ်တန်း ဗိုလ်ချူပ်တွေ တဆင့်တိုး ရာထူး တိုးမြှင့်မှု အခြေအနေ

ပင်မနေရာ ကြားဖြတ်သတင်း ထိပ်တန်း ဗိုလ်ချူပ်တွေ တဆင့်တိုး ရာထူး တိုးမြှင့်မှု အခြေအနေ

ထိပ်တန်း ဗိုလ်ချူပ်တွေ တဆင့်တိုး ရာထူး တိုးမြှင့်မှု အခြေအနေ

Print PDF
User Rating: / 0
PoorBest 

ဗိုလ်ချူပ်ကြီးမင်းအောင်လှိုင်

မကြာသေးခင်ကလေးကမှ အင်တာနက် စာမျက်နှာတွေအပေါ်မှာ စစ်တပ်မှထိပ်တန်း ဗိုလ်ချူပ်များ ရာထူးတိုးမြှင့်သွားကြောင်း သတင်းတွေပေါ်ထွက်ခဲ့ပါတယ်။

အဲဒီသတင်းနဲ့ စပ်လျဉ်ပြီး ပြည်တွင်းရှိ တပ်မတော်အရာရှိ တစ်ဦးကပြောဆိုရာမှာ “အမှန်ကတော့ဗျာ စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအရ အရာရှိကြီးတွေ တဆင့်မြှင့်ရာထူး တိုးလာလို့ ပြောရင်ပိုမှန်တယ်ဗျ။ စစ်တပ်မှာ ရာထူးနဲ့အဆင့် မတူတာတွေရှိပါတယ်။ ဗိုလ်ချူပ်ကြီးမင်းအောင်လှိုင်အနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ရာထူးကို မူလကတည်းက ရရှိထားခဲ့ပြီးဖြစ်တယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်ကြီး မင်းအောင်လှိုင်ဟာ စစ်တပ်ရဲ့လုပ်ထုံးလုပ်နည်းအရ တစ်ဆင့်မြှင့်ရာထူးရဲ့ လစာကိုခံစားပြီး တစ်နှစ်ပြည့်ပါက ပုခုံးပေါ်အပွင့်တင်တာဗျ။ အင်္ဂလိပ်စကားလုံးဝေါ်ဟာရ အဓိပ္ပာယ်အရ Officiation ကို စစ်တပ်ကလူတွေက မွေးစားထားပြီး ရှင်လောင်းကာလလို့လည်း ခေါ်ကြတယ်ဗျ။ ဒါကြောင့် ဗိုလ်ချူပ်ကြီး မင်းအောင်လှိုင်ဟာ ဒုတိယ ဗိုလ်ချူပ်မှူးကြီး အပွင့်တင်ဖို့အတွက် ဒုတိယ ဗိုလ်ချူပ်မှူးကြီး လစာတနှစ်ခံစားခဲ့ပြီးလို့ ပုခုံးပေါ်မှာ အပွင့်တင်လိုက်တာဖြစ်တယ်။

အဲဒီလိုဘဲ လေချူပ်၊ ရေချူပ်တွေဟာ ဗိုလ်ချူပ်ကြီးလစာစားပြီးမှ အပွင့်တင်တာဖြစ်တယ်။ ဒီမှာတစ်ခုထူးခြားတာက ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချူပ်ကြီး လှဌေးဝင်းဟာ လေချူပ်၊ ရေချူပ်နဲ့ တန်းတူဗိုလ်ချူပ်ကြီးရာထူး ပေးလိုက်ပေမဲ့ ယခင်ကဗိုလ်ချူပ်ကြီး သူရရွှေမန်းလို ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးပေးလိုက်တဲ့ အနေအထားထက် ပါဝါမတူတာကိုတွေ့ ရမှာဖြစ်တယ်ဗျ။ ဗိုလ်ချူပ်ကြီးသူရရွှေမန်း ညှိနှိုင်းရေးကွပ်ကဲရေးမှူး ရာထူး ယူခဲ့စဉ်က ရေချူပ်၊ လေချူပ်တို့က ဒုတိယဗိုလ်ချူပ်ကြီးအဆင့်တွေမှာ ဘဲရှိနေတာကိုးဗျ။

အခုတော့ leven တူတန်းညှိလိုက်တဲ့ သဘောပေါ့ဗျာ။ အင်တာနက် သတင်းတွေမှာ ဖေါ်ပြသလို ထူးခြားတာမဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်အရ ရာထူးတက်သွားတာဖြစ်တယ်။ ကျွန်တော့်အထင်တော့ ကာချူပ်နဲ့ ဒုကာချူပ်တွေဖြစ်ကြတဲ့ ဗိုလ်ချူပ်မင်းအောင်လှိုင်နှင့် ဗိုလ်ချူပ်စိုးဝင်းတို့ဟာ ရေချူပ်၊ လေချူပ်တို့နဲ့ အဆင့်ကွာစေဖို့ ဗိုလ်ချူပ်မှူးကြီးနဲ့ ဒုတိယဗိုလ်ချူပ်မှူးကြီး ဆက်ပြီးတိုးမြှင့်သွားမယ်ထင်တယ်”။

Last Updated ( Sunday, 19 August 2012 13:53 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ