How do I apply payday loan Your Finances are your own Business
ပင်မနေရာ ကြားဖြတ်သတင်း အိန္ဒိယစစ်သံမှူး နေပြည်တော်မှာ တည်းခိုနေစဉ် ပစ္စည်းအခိုးခံရမှုသတင်း

ပင်မနေရာ ကြားဖြတ်သတင်း အိန္ဒိယစစ်သံမှူး နေပြည်တော်မှာ တည်းခိုနေစဉ် ပစ္စည်းအခိုးခံရမှုသတင်း

အိန္ဒိယစစ်သံမှူး နေပြည်တော်မှာ တည်းခိုနေစဉ် ပစ္စည်းအခိုးခံရမှုသတင်း

Print PDF
User Rating: / 7
PoorBest 

အိန္ဒိယ စစ်ဖက်အရာရှိကြီးများအား အစည်းအဝေးတစ်ခုတွင် တွေ့ရပုံ

 

(၂၀၁၂) ခုနှစ် ဧပြီလ (၉) ရက်တုန်းက အိန္ဒိယစစ်သံမှူးဖြစ်သူ Col-ragesh kumar ဟာ နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်မှာ တည်းခိုနေစဉ် အိပ်ခန်းထဲမှ သူ့ရဲ့ပစ္စည်းများ အခိုးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ အခိုးခံရတဲ့ ပစ္စည်းများထဲမှာ ပတ်စပို့နှင့် ဒေါ်လာငွေပေါင်းများစွာ ပါသွားတာကြောင့် နေပြည်တော်တဝိုက် ဂယက်ရိုက်သွားတယ်လို့ သိရပါတယ်။ ဘာလို့လည်းဆိုတော့ နေပြည်တော်ဟာ အစိုးရအဖွဲ့ ရုံးဆိုက်ရာ မြို့တော် ဖြစ်တဲ့အပြင် ဗိုလ်ချူပ်အများစုက နေပြည်တော်ကို ကြပ်ပြေးရယ်လို့ တောဇနပုဒ်မြို့လို အခေါ်မခံချင်တာကြောင့် တမင်သက်သက် စည်ကားဖွံ့ဖြိုးအောင် ငွေကုန်ကြေးကျ မြောက်များစွာ တည်ဆောက် နေခဲ့ပါတယ်။

 

ဒီကြားထဲ နေပြည်တော်မှာ နိုင်ငံခြားသား ပစ္စည်းခိုးခံရတဲ့ ဖြစ်စဉ်ဟာ ပထမဦးဆုံး အကြိမ်ဖြစ်ပြီး အဲဒီနိုင်ငံခြားသားကလည်း မြန်မာနိုင်ငံရဲ့အိမ်နီးချင်း အိန္ဒိယနိုင်ငံသား သံတမန်တစ်ဦး ဖြစ်နေတာကြောင့် နေပြည်တော် အစိုးရအဖို့ ဂုဏ်သိက္ခာ ကျဆင်းဖွယ် ဖြစ်နေပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအဖို့ သူခိုးအား အမြန်ဖမ်းမိနိုင်ဖို့အတွက် အပူတပြင်း ကြိုးစား ရှာဖွေနေသလို ရဲတပ်ဖွဲ့ကြီးအား စိန်ခေါ်တဲ့ဖြစ်စဉ် ဖြစ်ပါကြောင်း နေပြည်တော်ရပ်ကွက် တချို့က သုံးသပ် ပြောဆိုနေကြပါတယ်။

Last Updated ( Sunday, 19 August 2012 13:52 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ