A financial Safety Net payday loan Have a history of poor borrowing
ပင်မနေရာ ကြားဖြတ်သတင်း ဦးသန်းရွှေ ဘယ်လို သဘောနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေသံ ပစ်ခိုင်းနေတာလဲ

ပင်မနေရာ ကြားဖြတ်သတင်း ဦးသန်းရွှေ ဘယ်လို သဘောနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေသံ ပစ်ခိုင်းနေတာလဲ

ဦးသန်းရွှေ ဘယ်လို သဘောနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေသံ ပစ်ခိုင်းနေတာလဲ

Print PDF
User Rating: / 14
PoorBest 

????????????????

မကြာသေးမီ ကလေးကမှ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဗိုလ်ချူပ်မှူးကြီးဟောင်း ဦးသန်းရွှေအနေနဲ့ လေးစားအကြည်ညိုဆုံး ဖြစ်ရတဲ့ ပုဂ္ဂိုလ်ဟာ ဗိုလ်ချူပ်အောင်ဆန်း ဖြစ်ပါတယ်လို့ လေသံပစ်လာပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ရုံးနဲ့ နီးစပ်သူတစ်ဦးက အခုလို ထောက်ပြ ပြောဆိုသွားပါတယ်။

“ဦးခင်အောင်မြင့်ဟာ စစ်တပ်မှာ ကကပြန်ညွှန်မှူး ဗိုလ်ချူပ်အဆင့်နဲ့ နေခဲ့သူ ဖြစ်တယ်ဗျ။ သူဟာ OTS - 40 ကျောင်းဆင်းပြီး ဦးသန်းရွှေ ခလရ (၁) တပ်ရင်းမှူးဖြစ်ခဲ့တုံးက AD၊ IO လုပ်ခဲ့ဖူးလို့ သားအရင်း တပည့်ရင်းတစ်ယောက်ဆိုရင် မမှားဘူးပေါ့ဗျာ၊ ဖအေဖြစ်သူရဲ့ နိုင်ငံရေးထွက်ပေါက်မို့ ဦးခင်အောင်မြင့်က FOLLOW လိုက်ပြီး ပြောတာပေါ့။ ဦးခင်အောင်မြင့်ဟာ သူ့ရဲ့ တပ်မတော်စည်းရုံးရေး ကော်မတီ ROLL ကို မြင့်သထက်မြင့်အောင် ဦးသန်းရွှေအားကိုးနဲ့ တိုင်းမှူး တပ်မမှူးတွေကို ဖိအားပေးခဲ့လို့ သူ့ကြောင့် တပ်မတော်သားတွေ ခေါင်းကိုက်ခဲ့ရဖူးတယ်ဗျ။ အခု ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် မြန်မာ့တပ်မတော်ရဲ့အဖေရင်း ဖြစ်သူကို အလေးစားဆုံး၊ အကြည်ညိုဆုံးလို့ ဆိုပြန်တော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ရင် မလိုလားအပ်တဲ့ ပြဿနာ မဖြစ်ပွားစေဖို့ ကြိုကာတဲ့ သဘောနဲ့ စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာအရ စကားပစ်ကြည့်တဲ့ သဘောပါ။ ဖြစ်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လိုမျိုး တရားမဝင် ဦးသန်းရွှေထံ လာပြီး တွေ့လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တပည့်ခင်အောင်မြင့်ကို ဒီလို လေသံပစ်ခိုင်းတာ ဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ပေါ့ဗျာ ၁၉၉၂ ခုနှစ် ဦးသန်းရွှေ တက်ခါစက ဗိုလ်ချူပ်အောင်ဆန်း ဓါတ်ပုံတွေကို ဖြုတ်ခိုင်းခဲ့တဲ့ သမိုင်းကြောင်းက အထင်အရှား ရှိနေလေတော့ အပြောနဲ့လက်တွေ့ မညီလို့ စိတ်ပျက်စရာပါဘဲ။ ဦးသန်းရွှေရဲ့ အတွင်းစိတ်က ခန့်မှန်းရခက်ပြီး စိုးရိမ်ဖို့လည်းကောင်းတယ်” လို့ ပြောဆိုသွားပါတယ်။

Last Updated ( Thursday, 04 April 2013 14:30 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ