How do I apply payday loan Your Finances are your own Business
ပင်မနေရာ ကြားဖြတ်သတင်း ဒုသမ္မတ ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်နိုင်မည်လော?

ပင်မနေရာ ကြားဖြတ်သတင်း ဒုသမ္မတ ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်နိုင်မည်လော?

ဒုသမ္မတ ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်နိုင်မည်လော?

Print PDF
User Rating: / 6
PoorBest 

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ တရုတ်ဒုသမ္မတ Xi Jinping

ရာထူးမှ နှုတ်ထွက်စာ တင်ထားတဲ့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနေရာမှာ အလားအလာရှိသူတွေ၊ ဖြစ်နိုင်ချေရှိသူတွေကို စစ်ဘက် နယ်ဘက် နီးစပ်သူများနဲ့ နိုင်ငံရေး၊ စစ်ရေး လေ့လာနေသူများက ထင်ကြေး အမျိုးမျိုး ပေးနေကြပါတယ်။ မကြာသေးမှီကလေးကမှ စစ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ဦးနဲ့ ဆက်သွယ်မှုရခဲ့ရာ သူ့ရဲ့ ထင်မြင်ယူဆချက်ကို အခုလို တင်ပြလာပြန်ပါတယ်။

“ကျွန်တော့်အမြင် ပြောရရင် ဒုသမ္မတ လစ်လပ်သွားတဲ့နေရာကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အစားထိုးနိုင်တယ်ဗျ။ သူ့ကို ဒုသမ္မတအဖြစ် သမ္မတ ဦးသိန်းစိန်က ဆွဲတင်လိုက်နိုင်တယ်ဗျ။ နောက်ထပ် ဆက်ခံမယ့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အသစ်ဟာ ဦးသိန်းစိန်ရဲ့ တပည့်လက်ရင်း ဗိုလ်ချုပ်တစ်ဦးဦးကို ခန့်အပ်လိုက်ရင် စစ်တပ်ထုံးစံအရ အမိန့်ပေးစနစ် ပိုမို ချောမွတ်သွားသလို သမ္မတရဲ့မူဝါဒကို တသွေမသိမ်း လိုက်နာ အကောင်အထည် ဖေါ်ရမဲ့ပုံစံမျိုး အနေအထား ရောက်သွားတော့ မကောင်းဖူးလားဗျာ။ ဘယ်သူမဆို ဒီနေရာတွေ ရောက်ရင် ဒီလိုဘဲ လုပ်ကြမှာဘဲ”

ဒါပေမဲ့ မဖြစ်နိုင်တဲ့ အခြေအနေတရပ် ရှိနေသေးတယ်လို့ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်အဖွဲ့က အခုလို ဆွေးနွေးခဲ့ပါတယ်။

“ညီလေးရေ ကိုမင်းအောင်လှိုင်ကို ဦးသန်းရွှေက စိတ်ကြိုက်တင်ခဲ့တယ် မဟုတ်လား။ သူ့ကို ဖယ်ရင် ရှော့ကြီး ဝင်သွားနိုင်တယ်၊ ကိုသူရမြင့်အောင်ဇာတ်လမ်း မေ့နေပြီလား” လို့ ထောက်ပြခဲ့ပါတယ်။

“အကိုကြီးရေ ဦးသိန်းစိန်ကိုကော ဦးသန်းရွှေက တင်ခဲ့တာဘဲ မဟုတ်လား။ သမ္မတနဲ့တပ်ချုပ် နှိုင်းယှဉ်ရင် ဘယ်ဟာကပို အရေးကြီးတယ်လို့ မြင်သလဲ? သမ္မတက ပြုပြင်ပြောင်းလဲရေး လုပ်လွန်းအားကြီးရင်လည်း ဦးသန်းရွှေဘက်ကို မျှားဦးလှည့်နိုင်တယ် မဟုတ်လား။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်က အင်မတန် သဘောထားကြီးတယ်။ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်ကို လွှတ်လိုက်တာ အံ့သြတယ်၊ ဦးသိန်းစိန်ဟာ အချက်အလက်၊ အထောက်အထား၊ အကျိုးအပြစ်၊ သုံးသပ်ချက် ခိုင်ခိုင်မာမာ ကိုးကားတင်ပြနိုင်တာ စစ်ရုံးမှာ သူတစ်ဦးတည်းရှိတယ်။ သူ့ကို ဘယ်သူမှ မမှီဘူး။ S.D Expert (staff duty - စစ်ဦးစီးတာဝန် စနစ်တကျကျွမ်းကျင်ပြီး လူကြီးအား ပိုင်နိုင်စွာတင်ပြနိုင်သူ) လို့ ခေါ်ကြတယ်။ ဦးသန်းရွှေကို ဦးသိန်းစိန်က အဲဒီကိစ္စ တင်ပြဖို့ ကြိုးစားကြည့်မှာဘဲ” လို့ ပြောဆို ဆွေးနွေးသွားပါတယ်။

Last Updated ( Sunday, 19 August 2012 13:47 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ