Related information payday loans 50 up to
ပင်မနေရာ ကြားဖြတ်သတင်း NLD အောက်ခြေ အနေနဲ့ တပ်မတော်ကို စည်းရုံးစေချင်

ပင်မနေရာ ကြားဖြတ်သတင်း NLD အောက်ခြေ အနေနဲ့ တပ်မတော်ကို စည်းရုံးစေချင်

NLD အောက်ခြေ အနေနဲ့ တပ်မတော်ကို စည်းရုံးစေချင်

Print PDF
User Rating: / 8
PoorBest 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်ရုံးဖွင့်ပွဲအခမ်းအနားတစ်ခုတွင် တွေ့ရစဉ်

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးသကာလ နိုင်ငံတကာက အံ့သြယူလောက်အောင် ပြုပြင်ပြောင်းလဲရေးတွေကို အထိုက်အလျောက် တွေ့မြင်ခဲ့ရပါတယ်။ နိုင်ငံတွင်းရှိ ဝန်ကြီးဌာနများနဲ့ မူဝါဒများကို ပြုပြင်ဖို့၊ စီးပွားရေးဆိုင်ရာ ကြိုးနီစနစ်များ ပြုပြင်ဖို့ သမ္မတက တွန်းအားပေး လုပ်ခိုင်းနေပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုဘဲလုပ်လုပ် တပ်မတော်ရဲ့အခြေခံ ပင်ရင်းစိတ်ဓါတ်က အဲ့ဒီပြုပြင်ပြောင်းလဲရေးကို အသာတကြည် စိတ်ရောကိုယ်ပါ လက်ခံမှ ဖြစ်တယ်လို့ စစ်တပ်တွင်း အရာရှိတချို့က ဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်ကိုယ်တိုင် ဒီမိုကရေစီ အသွင်ဖေါ်ဆောင်ရေးကို လေးလေးနက်နက် ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုတဲ့ သံန္နိဌာန်ကို ခိုင်ခိုင်မာမာ ချမှတ်ဖို့ လိုကြောင်း ပြောသွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်တပ်မှ အရာရှိတစ်ဦးက NLD ကို အားမလို အားမရ အခုလို သူ့အမြင်ကို ထောက်ပြလာပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်သား အများစုက ဗိုလ်ချုပ်အောင်ဆန်းသမီးလို့သာ သိကြပြီး ကျန်တဲ့ ဒေါ်စုရဲ့စိတ်နေ စိတ်ထားကိုတော့ သိပ်မသိကြဖူးဗျ။ ခက်တာက NLD အသိုင်းအဝိုင်း အထူးသဖြင့် အောက်ခြေတချို့က စစ်တပ်ကို အဆိုးမြင်ဝါဒနဲ့ သိမ်းကျုံးမြင်နေတုံးဘဲဗျ။ တကယ်တော့ တပ်မတော်သားတွေမှာ တရားတဲ့အမိန့်၊ မတရားတဲ့အမိန့်ဆိုပြီး ခွဲခြားလက်ခံလို့ရတဲ့ အခြေအနေ မရှိဘူး။ တပ်မတော်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ Commading officer တပ်ရင်းမှူးမှ တိုင်းမှူးအဆင့်လောက်ထိကို NLD က စည်းရုံးသိမ်းသွင်းဖို့ ကောင်းတယ်။ NLD အောက်ခြေတချို့က တိုင်းပြည်နိမ့်ကျ ယိုယွင်းရောက်ခဲ့ရတာဟာ စစ်တပ်ကြောင့်လို့ သိမ်းကျုံးမြင်တာဟာ မကောင်းဘူးပေါ့ဗျာ။ အာဏာရှင်စနစ်နဲ့ အာဏာရှင်တွေကို ပစ်မှတ်ထား ခွဲခြားမြင်ပြီး တပ်မတော်သားတွေအပေါ် ပြည်သူ့ရဲ့ သားသမီးများအဖြစ် မြင်စေချင်တယ်ဗျာ။ နိယာမ သဘောအရ အဲဒီလို အဆိုးမြင်နေရင် ပြုပြင်ပြောင်းလဲချင်တဲ့ တပ်မတော် အရာရှိတွေတောင် တုံ့ဆိုင်းသွားကြတယ်လို့” စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်ကို ပြောကြားလာကြောင်း တင်ပြလိုက်ရပါတယ်။

Last Updated ( Sunday, 19 August 2012 13:46 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ