??????????? ???????????????? ??????????? ?????????????
တပ်မတော်သား ကိုယ်စားလှယ်များဟာ ရွေးချယ်ခံမဟုတ်ဘဲ လွှတ်တော်အတွင်း 25% တိုက်ရိုက်အမတ် အဖြစ်ဝင်လာသူများ ဖြစ်ပါတယ်။ ယခုကျင်းပမဲ့ လွှတ်တော် အစည်းအဝေးများတွင် စိန်ခေါ်နေတဲ့ ကိစ္စနှစ်ရပ်ရှိပါတယ်။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် NLD ရဲ့ လှုပ်ရှားမှုများကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နောက်ကိစ္စတစ်ခုကတော့ ကျဆင်းနေတဲ့ နိုင်ငံရဲ့စီးပွားရေးကို ပြုပြင်ပြောင်းလဲရာမှာ ယခင်က ချုပ်ကိုင်ထားတဲ့ ဦးပိုင်နဲ့ MEC တို့ရဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းပေးရေး ကိစ္စပဲဖြစ်တယ်။ ဒါကြောင့် ယခင်က အရာရှိငယ်များကို တပ်ချုပ်က စိတ်မချတော့ဘူးဆိုကာ အတွေ့အကြုံရင့်ကြပ်ပြီး ဗဟုတုတပြည့်စုံတဲ့ တပ်မမှူး၊ တိုင်းမှူးအဆင့်တူ ဗိုလ်မှူးကြီး ဗိုလ်မှူးချုပ်တွေကို အစားထိုးလဲလှယ် လိုက်တာဖြစ်တယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီအရာရှိကြီးတွေကို ခေါ်ယူတွေ့ဆုံမှာဖြစ်ပြီး လွှတ်တော်အတွင်း စည်းလုံးညီညွှတ်စွာ နေဖို့နဲ့ အထက်ပါကိစ္စနှစ်ရပ်ကို မှာကြားနိုင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ထောက်ခံမဲ၊ ကန့်ကွက်မဲ ပေးရမှာ မိမိသဘောဆန္ဒထက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့မူနဲ့ သဘောထားကို ရပ်တည်ဖို့ မှာကြားမှာသေချာကြောင်း စစ်ဖက်နီးစပ်သူများကဆိုပါတယ်။
ဒါ့အပြင် လွှတ်တော်တွင်း မဲအများစုရရှိထားတဲ့ ကြံ့ဖွံ့ပါတီကို အထောက်အကူမပြုရင်တောင် ကြားနေမဲအဖြစ် ရပ်တည်သွားဖို့ မှာကြားနိုင်မယ်လို့ သုံးသပ်ပါတယ်။ ဒါ့အပြင် NLD က ထိုးဖေါက်စည်းရုံးလာနိုင်တာမို့ ကြည်းတပ်နှင့် ရေတပ်၊ လေတပ် ဆိုပြီး ကွဲထွက်မသွားဘဲ စုစုစည်းစည်းနဲ့ နေထိုင်သွားဖို့နဲ့ အမြဲသုံးသပ်ဆွေးနွေးတိုင်ပင်ကြဖို့ အခြေခံဥပဒေများကိုလည်း လေးလေးနက်နက်လေ့လာထားဖို့ မှာကြားနိုင်တယ်လို့ သုံးသပ်ရပါတယ်။