????????????????? ????? ?????? ?????????????? (??????? - Weekly Eleven Media Group)
မကြာသေးမှီကလေးကမှ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းများနဲ့ စပ်လျဉ်းပြီး တရားဥပဒေ စိုးမိုးရေးအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလအတောအတွင်း လုံခြုံရေး တာဝန်များကို တပ်က ရုတ်သိမ်းပြီး နောက်ပိုင်းတွင် ပြည်ထဲရေး လက်အောက်ခံ ရဲတပ်ရင်းများက ၀င်ရောက်အစားထိုး နေရာယူခဲ့ပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရှိ မြို့၊ ရွာဒေသများဟာ တနေရာနဲ့ တနေရာ သွားလာမှု၊ ဆက်သွယ်မှု ခက်ခဲတာကြောင့် ရဲစခန်း၊ ရဲတပ်ဖွဲ့များ အနေနဲ့ ဖြစ်ပေါ်လာတဲ့ အရေးအခင်းကိစ္စများအပေါ် ထိထိရောက်ရောက်အချိန်မှီ မတားဆီးနိုင်တာ တွေ့ရပါတယ်။ အမှန်တကယ်တော့ ဆူပူအုံကြွသူ လူအုပ်ကြီးကို ရဲတပ်ဖွဲ့များ အင်အားနဲ့ ထိန်းသိမ်းနိုင်စွမ်း မရှိသလို အဓိကရုဏ်း နှိမ်နင်းရေး အတွေ့အကြုံများနဲ့ ဥပဒေသများ မကျွမ်းကျင်တာကြောင့် အကြမ်းဖက်မှုဖြစ်စဉ်များ ဆက်တိုက် ဆိုသလို ပေါ်ထွက်ခဲ့ပါတယ်။
မင်းဘာကြီးလမ်းဗလီမှ မြန်မာ့စီးပွားရေးဘဏ်နှင့် ကမ္ဘောဇဘဏ်ဖက်သို့ ချီတက်လာသော ဘင်္ဂါလီများ (ဓာတ်ပုံ - Facebook)
ဒီနေရာမှာ ဒေသခံ အခြေစိုက် တပ်ရင်း၊ စကခ (စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်) နဲ့ တိုင်းစစ်ဌာနချုပ်များက ရဲတပ်ဖွဲ့အား ကူညီပံ့ပိုးရန် ဆန္ဒရှိပေမဲ့ ရခိုင်ပြည်နယ်အဆင့် ပြည်နယ် ၀န်ကြီးချုပ်နဲ့ အာဏာပိုင် အုပ်ချုပ်ရေး အဖွဲ့အစည်းများက ဆက်စပ်ပြီး ပူးပေါင်းဆောင်ရွက်ရေး ပြုလုပ်သွားဖို့ တိုက်တွန်းရန် လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။ ပုဒ်မ (၁၄၄) ထုတ်ပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ အင်အားနဲ့ မလုံလောက်နိုင်မှန်း သိလျက်နဲ့ ဇွတ်တရွတ် ထိန်းသိမ်းပေမဲ့လည်း အရေးအခင်းကို ဆက်လက်ပြီး အခြေအနေ ထိန်းသိမ်းနိုင်စွမ်း မရှိတာ ပေါ်လွင်ခဲ့ပါတယ်။ နောက်ပိုင်း သမ္မတ မိန့်ခွန်းအရ တပ်မတော်အား ပါဝင် ကူညီဆောင်ရွက်ဖို့ အမိန့်ပေးရတဲ့အထိ အခြေအနေကို ကျရောက်ခဲ့ပါတယ်။
စစ်တွေမြို့ တနေရာရှိ ရပ်ကွက်အိမ်ခြေများ မီးလောင်နေပုံ (ဓာတ်ပုံ - Weekly Eleven Media Group)
ရခိုင်ပြည်နယ်ရဲ့ အားနည်းချက် တစ်ခုမှာ အနောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ စစ်တွေမှ အမ်းမြို့သို့ ပြောင်းရွေ့သွားလို့ ကွပ်ကဲမှု၊ ဆက်သွယ်မှု အချိန်မှီ အကာအကွယ်ပေးမှု၊ လစ်ဟာမှုများ ပေါ်ထွက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အနေနဲ့ တိုင်းမှူးအား မေတ္တာရပ်ခံ အကူအညီ တောင်းသင့်ကြောင်း စစ်ဖက်နီးစပ်သူများက ဝေဖန်ကြပါတယ်။
သမ္မတဦးသိန်းစိန် ဇွန်လ (၁၀) ရက်နေ့ည မိန့်ခွန်းပြောနေပုံ (ဓာတ်ပုံ - Facebook)
တာဝန်အရှိဆုံးမှာ ယခင်က ဖွဲ့စည်းထားတဲ့ နစကလို့ ခေါ်တဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ထောက်လှမ်းရေး အသွင်ပြောင်း တပ်ဖွဲ့ဝင် တချို့လူများရဲ့ အဂတိလိုက်စားမှုကြောင့် ဘင်္ဂါလီလူမျိုးများ အစုလိုက် အပြုံလိုက် ၀င်ရောက်ခဲ့ပြီး အရေးအခင်း ဖြစ်လာချိန်မှာတော့ မနိုင်မနင်းဖြစ်ကာ ဗရမ်းဗတာ ဖြစ်လာရတယ်လို့ သုံးသပ်ထားကြောင်း စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org မှတဆင့် တင်ပြလိုက်ရပါတယ်။
| < Prev | Next > |
|---|

