A financial Safety Net payday loan Have a history of poor borrowing
ပင်မနေရာ ကြားဖြတ်သတင်း (ကာ/လုံ) ကောင်စီ အစည်းအဝေးမှာ သဘောထား ကွဲလွဲခဲ့

ပင်မနေရာ ကြားဖြတ်သတင်း (ကာ/လုံ) ကောင်စီ အစည်းအဝေးမှာ သဘောထား ကွဲလွဲခဲ့

(ကာ/လုံ) ကောင်စီ အစည်းအဝေးမှာ သဘောထား ကွဲလွဲခဲ့

Print PDF
User Rating: / 9
PoorBest 

ဒုဗိုလ်ချုပ်ကြီး လှမင်း

ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂလီ ကိစ္စနဲ့ စပ်လျဉ်းပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ (ကာ/လုံ) အစည်းအဝေးမှာ အဖွဲ့ဝင်များ သဘောထား ကွဲလွဲမှု ရှိခဲ့ပါတယ်။ အဖွဲ့ဝင် (၁၁) ဦး ပါဝင်တဲ့ အဲဒီ (ကာ/လုံ) အဖွဲ့ဟာ နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေမှာ အဓိက ကိုင်တွယ် ဖြေရှင်းရတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး ကိုကို

အဲဒီ အဖွဲ့မှာ နိုင်ငံတော် သမ္မတက အစ တပ်ချုပ်အပါအ၀င် လွှတ်တော် ဥက္ကဋ္ဌများ ပါဝင်ကြတဲ့အတွက် လုပ်ပိုင်ခွင့် အာဏာ အရှိဆုံး ပုဂ္ဂိုလ်များ ပါဝင်ကြတာမို့ ထင်ရှားပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းတွေဟာ တစထက်တစ ဆိုးဝါးလာပြီး အကြမ်းဖက်မှုများ ဖြစ်လာသည်အထိ ရေချိန်မြင့်လာရပါတယ်။ သဘောထား ကွဲလွဲရတဲ့ အကြောင်းရင်းကတော့ ပြည်ထဲရေး ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက တဖက်၊ တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကာကွယ်ရေး ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး လှမင်းတို့က တဖက် အပြန်အလှန် အပြစ်တင်ကြတယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကာလမှာ နယ်ဘက်ရှိ တရားဥပဒေ စိုးမိုးရေး ရဲတပ်ဖွဲ့က အပြည့်အ၀ တာဝန်ယူဖို့ လိုတယ်လို့ စစ်တပ်က သဘောထားကြောင်း သိရပါတယ်။ ဒုဗိုလ်ချုပ်ကြီး ကိုကိုဟာ စစ်တပ်မှာ နေခဲ့တုန်းက ဒုတပ်ချုပ် (ယာယီ) ဖြစ်ခဲ့တဲ့အပြင် တိုင်းမှူးဘ၀တုန်းက မောက်မာခဲ့သူလို့ နံမည်ကြီးသူ ဖြစ်ကြောင်း၊ ဒုဗိုလ်ချုပ်ကြီး ကိုကိုဟာ ကကကြည်းမှာလည်း နေခဲ့တာမို့ ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်ကြီး လှမင်းတို့ကို ဂျူနီယာလို သဘောထားကာ ရခိုင်ပြည်နယ် အရေးအခင်း ကိစ္စတွေမှာ မာနခံခဲ့ပြီး စစ်တပ်အား အကူအညီ မတောင်းခံခဲ့တဲ့အတွက် ဒေသလုံခြုံရေးကို အချိန်မှီ ဖိဖိစီးစီး မလုပ်နိုင်တာ ဖြစ်တယ်လို့ စစ်ဖက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။
Last Updated ( Sunday, 19 August 2012 13:35 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ