Related information payday loans 50 up to
ပင်မနေရာ ကြားဖြတ်သတင်း ဒုသမ္မတ ရှစ်လုံးကို သမ္မတနဲ့ ဦးရွှေမန်းတို့က တွေ့ရန် ကြိုးပမ်း

ပင်မနေရာ ကြားဖြတ်သတင်း ဒုသမ္မတ ရှစ်လုံးကို သမ္မတနဲ့ ဦးရွှေမန်းတို့က တွေ့ရန် ကြိုးပမ်း

ဒုသမ္မတ ရှစ်လုံးကို သမ္မတနဲ့ ဦးရွှေမန်းတို့က တွေ့ရန် ကြိုးပမ်း

Print PDF
User Rating: / 13
PoorBest 

ထိပ်ပိုင်း ခေါင်းဆောင်များနဲ့အတူ ဦးသီဟသူရ တင်အောင်မြင့်ဦးအား တွေ့ရပုံ

နှုတ်ထွက်ခွင့် တင်ထားတဲ့ ဒုသမ္မတ ဦးသီဟသူရ တင်အောင်မြင့်ဦးဟာ ဘုန်းကြီး ၀တ်နေတယ်လို့ သတင်းရရှိပါတယ်။

သူဟာ လူတွေ့ မခံဘဲ ဘာသာရေး အကြောင်းပြကာ ဖာသိဖာသာ နေခဲ့တဲ့အတွက် ထိပ်ပိုင်းအာဏာပိုင် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းများ ပေါ်ထွက်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ဒုသမ္မတ ရှစ်လုံး ရှိရာ ဘုန်းကြီးကျောင်းသို့ သွားရောက် တွေ့ဆုံခဲ့ပေမဲ့လည်း တွေ့ခွင့်မရခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကျတော့ ဒုသမ္မတ ရှစ်လုံးဟာ ငြင်းပယ်ဖို့ အားနာတာကြောင့် လက်ခံ တွေ့ဆုံ ခဲ့ရပေမဲ့ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ သတင်း စုံစမ်းဖို့ ခက်ခဲပါတယ်။ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လက်ခံဖို့ ဦးတင်အောင်မြင့်ဦးဟာ ရံဖန်ရံခါ အထွဋ်တက်လေ့ ရှိရာ နောက်ဆုံး ဆရာကြီး ဦးသန်းရွှေ ကိုယ်တိုင်က သမ္မတဘက် ရပ်တည်လိုက်တဲ့အတွက် ဦးတင်အောင်မြင့်ဦး စိတ်ဓာတ်ကျသွားတယ်လို့ သိရပါတယ်။ တကယ်တော့ တပ်မှာ ရှိနေစဉ်က ဦးသိန်းစိန်ဟာ စစ်ရေးချုပ် ဖြစ်ခဲ့ပြီး ဦးတင်အောင်မြင့်ဦးက စစ်ထောက်ချုပ် ဖြစ်ခဲ့တာကြောင့် ပါဝါအပြိုင် ရှိနေသူများ ဖြစ်ကြပါတယ်။ ဦးတင်အောင်မြင့်ဦးဟာ MEC နဲ့ စစ်ထောက်ချုပ် ဆိုတဲ့ တပ်ထမင်းအိုးကြီးကို ခွကိုင်ခွင့် ရရှိတာကြောင့် ဒုသမ္မတ ရာထူးကိုလည်း မမျှော်လင့်ဘဲ ရရှိသွားသူ ဖြစ်တာမို့ ဦးသန်းရွှေအပေါ် တင်ပြလို့ ပြီးလိမ့်မယ်လို့ ထင်မှတ်ခဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ ဦးသိန်းစိန်ဟာ အမျိုးသား ညီလာခံမှာ ဦးဆောင်ခဲ့သူ ဖြစ်တာမို့ ဦးရွှေမန်းကို ကျော်ဖြတ်ပြီး သမ္မတ ဖြစ်ခဲ့တာကြောင့် ဦးသန်းရွှေအား အမှန်တကယ် ပြောရေးဆိုရေး ပြီးတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ဒါကို ဦးတင်အောင်မြင့်ဦး အနေနဲ့ မထင်မှတ်ဘဲ လျှော့တွက်လိုက်ဟန် တူပါတယ်။ ဒီထက်ပိုပြီး ဦးတင်အောင်မြင့်ဦး မေ့နေတာက ဦးသိန်းစိန်ဟာ သူ့ထက် ဂျူနီယာကျတဲ့ သွားလေသူ ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ နေရာရနေချိန်မှာ အတွင်းရေးမှူး (၂) ဘ၀နဲ့ ခပ်လျှိုလျှို သည်းခံနေခဲ့ရတဲ့ အခြေအနေကို ဖြတ်သန်းခဲ့ရကြောင်း စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။

စစ်တပ်က အရာရှိများ သာမန် ထွက်ခွင့်တင်ရင် အရေးယူခံရတတ်တာမို့ ကျန်းမာရေးအရ အကြောင်းပြပြီး ထွက်ကြကြောင်းနဲ့ ရှစ်လုံးကိုယ်တိုင်က ကျန်းမာရေး ယိုယွင်းလာကြောင်း၊ စစ်တပ်အရာရှိများ ဘာသာရေး အကာအကွယ်ယူပြီး ထွက်ခွင့်ရဖို့ ခြေလှမ်းစလေ့စထ ရှိကြောင်း စတဲ့ သတင်းများကို စစ်ဖက်နီးစပ်သူများက ပေးပို့သွားခဲ့ပါတယ်။

Last Updated ( Sunday, 19 August 2012 13:28 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ