Payday loans
ပင်မနေရာ အထူးသတင်း အတုအယောင် အာဏာအလွှဲအပြောင်း ပြင်ဆင်မှုများ အရေးပေါ်သတင်း

ပင်မနေရာ အထူးသတင်း အတုအယောင် အာဏာအလွှဲအပြောင်း ပြင်ဆင်မှုများ အရေးပေါ်သတင်း

အတုအယောင် အာဏာအလွှဲအပြောင်း ပြင်ဆင်မှုများ အရေးပေါ်သတင်း

Print PDF
User Rating: / 1
PoorBest 

??????????????? ??????????

အာဏာအလွှဲအပြောင်းရှိလို့ ၂၀၁၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့ ခေါ် တပ်မတော်နေ့ကို ယခင်နှစ်များကဲ့သို့ စစ်ရေးပြ အခမ်းအနားများအား ကြီးကျယ်ခမ်းနားစွာ ကျင်းပခြင်း မပြုတော့ကြောင်း ဤစည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ သတင်းတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခုအခါ စစ်ဘက်နီးစပ်သူများက အရေးပေါ် သတင်းတစ်ရပ်အနေနဲ့ “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်သို့ ထပ်မံ သတင်းပေးပို့လာပါတယ်။ ယခုအပတ်အတွင်း သမ္မတကြီး ဦးသိန်းစိန်ထံ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲရန် ပြင်ဆင်မှုများ ရှိနေပြီဖြစ်ကြောင်းနဲ့ လုံခြုံရေးကို အထူးတင်းကြပ်ထားပြီး နယ်သို့ထွက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ညွှန်ကြားရေးမှူးများ ဗိုလ်ချုပ်များကို ပြန်ခေါ်ထားကြောင်း သိရပါတယ်။ ထို့အပြင် ဂျီနီဗာတွင်ရှိနေသော DSA – 16 ကျောင်းဆင်း ဦးဝဏ္ဏမောင်လွင်ကဲ့သို့ သံအမတ်ကြီးအချို့ကို အစိုးရအဖွဲ့တွင် တာဝန်ပေးရန် ပြန်ခေါ်ထားတယ်လို့ သိရကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် လျာထားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မကျေနပ်လို့ အကျယ်ချုပ် ချထားလိုက်ပြီဖြစ်ကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးနေရာကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား ပေး/မပေးဆိုတာ မတ်လ ၂၉ ရက်နေ့ အချိန်ထိ မသေချာသေးကြောင်း၊ တပ်မှအရာရှိများအား အရပ်ဘက် ဝန်ကြီးဌာနများသို့ ပြောင်းရွေ့တာဝန်ပေးရေး အမိန့်များကိုထုတ်ရန် စစ်ရာထူးခန့်ချုပ်ရုံးတွင် ပြင်ဆင်နေကြောင်း၊ ပြောင်းရွေ့ခံရမည့် အရာရှိ အရေအတွက် များပြားသည်ဟု သိရကြောင်း သတင်း ပေးပို့လာပါတယ်ခင်ဗျား။

Last Updated ( Wednesday, 03 April 2013 17:41 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ