How do I apply payday loan Your Finances are your own Business
ပင်မနေရာ အထူးသတင်း ထိတွေ့ ပစ်ခတ် တိုက်ပွဲငယ်မှ တိုက်ပွဲကြီးများ အဆင့်သို့ ကူးပြောင်းနေပြီ

ပင်မနေရာ အထူးသတင်း ထိတွေ့ ပစ်ခတ် တိုက်ပွဲငယ်မှ တိုက်ပွဲကြီးများ အဆင့်သို့ ကူးပြောင်းနေပြီ

ထိတွေ့ ပစ်ခတ် တိုက်ပွဲငယ်မှ တိုက်ပွဲကြီးများ အဆင့်သို့ ကူးပြောင်းနေပြီ

Print PDF
User Rating: / 5
PoorBest 

ရှေ့တန်းနေမြေမှ K.I.A မျိုးချစ် စစ်သည်တော်များ (ပုံ-jinghpawkasa)

မကြာသေးမီကလေးကပင် နမ်းဆန်ယာန်ကျေးရွာနှင့် နီးစပ်သူများထံမှ ဝင်လာတဲ့သတင်းအရ K.I.A နှင့် စစ်တပ် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားလျက်ရှိရာ တိုက်ပွဲမှာ ပြီးဆုံးခြင်း မရှိသေးပေမယ့် လောလောဆယ် ရရှိထားတဲ့ သတင်းများကို လေ့လာသုံးသပ်နိုင်ရန် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က တင်ပေးလိုက်ပါတယ်။

စက်တင်ဘာ ၁၅ ရက် မနက်ပိုင်း ၁၀း၀၀ နာရီ ဝန်းကျင်က စတင်ပြီး စက်တင်ဘာလ ၁၆ ရက် (ယနေ့) နေ့လည်ပိုင်း အချိန်ကာလ အတောအတွင်း အစိုးရစစ်တပ်ဖြစ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနား မုဒ်လုမ် အခြေစိုက် မပခ လက်အောက်ခံ ခလရ (၃၇) , စကခ (၂၁) လက်အောက်ခံ နုမ်လာန် အခြေစိုက် ခလရ (၄၃၈) တို့နှင့် နမ်ဆန်ယာန်ကျေးရွာ အနီး နမ်ဘာန်ချောင်း အထက်ပိုင်းမှာ K.I.A ဌာနချုပ် ကာကွယ်ရေး အထူးတပ် နှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး အရာရှိစစ်သည် (၂၀) ဦးခန့် ကျဆုံးနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ တိုက်ပွဲစတင် ဖြစ်ဖြစ်ခြင်း K.I.A ဘက်မှ စစ်သား (၁) ဦး လက်နက်ငယ်ကျည်ဆံ ထိမှန်လို့ အခုချိန်မှာတော့ K.I.A ဌာနချုပ် လိုင်ဇာ K.I.A ဆေးရုံမှာ ဆေးကုသနေကြောင်း သိရှိရပါတယ်။ တိုက်ပွဲဟာ အခုချိန်ထိ ဆက်လက်ဖြစ်ပွား နေသေးကြောင်း သိရှိရပါတယ်။ အခုသတင်း ရေးနေချိန်ထိ အဲဒီ စစ်တပ်တို့ကို K.I.A တပ်တို့က ဝိုင်းရံပိတ်ဆို့ ထားကြောင်း သတင်းရရှိပါတယ်။ အဲဒီ သတင်းများကို အခြေခံပြီး စစ်ဘက်နီးစပ်သူများရဲ့ အဆိုအရ မိနစ်ပိုင်း ဖြစ်ပွားတဲ့တိုက်ပွဲများကို ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်လို့ သတ်မှတ်ပြီး အချိန်နာရီနှင့်အမျှ ဖြစ်ပွားတဲ့တိုက်ပွဲများကို တိုက်ပွဲကြီးများအဆင့်သို့ သတ်မှတ်ထားကြောင်း သိရှိရပါတယ်။ နာရီနှင့် ချီပြီး တိုက်ပွဲကြီးဖြစ်ပွားလျှင် လက်နက်ကြီးများ ပါလာသလို လက်နက်ငယ်ဆိုရင်လည်း ရှေ့တန်းကျည်ဆံ သာမက နောက်တန်းကျည်ဆံကိုပါ သုံးစွဲရပြီး တပ်ခွဲတပ်ရင်း အရံကျည်များပါ ထုတ်သုံးရတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ နှစ်ဖက်ထိခိုက်ဒဏ်ရာရမှု ကျဆုံးမှု အရေအတွက်ကလည်း တိုးတက်မြင့်မားလာတာမို့ အစိုးရသစ်အဖို့  မျက်လုံးပြူးစရာဖြစ်လာကာ ဒီတစ်ကြိမ်မှာ ကျဆုံးတဲ့ စစ်တပ်မှ  အရေအတွက်ဟာ စံချိန်တင်တာကြောင့် စစ်အင်အား ဖြည့်တင်းမယ့် အခြေအနေ  ရှိလာနိုင်ကြောင်း သုံးသပ်ကြပါတယ်။

Last Updated ( Wednesday, 22 August 2012 21:26 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ