
ဆန်ဂန်တပ်စခန်းအနီးမှ တာခေါရေအားလျှပ်စစ်
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် အခြေစိုက် စစ်တပ်ရဲ့ ခလရ (၃၂၁) က စက်တင်ဘာလ ၁၆ ရက်နေ့တွင် အင်မောက် မုဒ်လွမ်ကျေးရွာ အထက်ဘက်မှာရှိတဲ့ ဂွယ်ကျေးရွာ မှ ရွာသူရွာသားများကို အပြစ်မရှိ ခေါ်ယူညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ၎င်းကျေးရွာမှ စုံစမ်းသိရှိရပါတယ်။ စစ်အစိုးရရဲ့ ခလရ (၃၂၁) စစ်ကြောင်းက ဂွယ် ကျေးရွာသို့ ဝင်ရောက်လာပြီး ရွာသား (၁၂) ဦးကို K.I.A အား ကူညီအားပေး ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲကာ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်းယင်းရွာမှ မျက်မြင်သက်သေများက သတင်းပေးပို့လာပါတယ်။
ယင်းရွာသား (၁၂) ဦးကို စစ်တပ်အခြေစိုက်တဲ့ ဆန်ဂန်တပ်စခန်းသို့ လမ်းပြဖို့ရန်နဲ့ ဆက်လက်စစ်ဆေးရန်ရှိလို့ ဆိုကာ အတင်းအဓ္ဓမ ခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။ ယခုချိန်ထိ ယင်း (၁၂) ဦးကို ပြန်လွှတ်လိုက်ခြင်း မရှိသေးကြောင်း ရွာသားများထံမှ သိရှိရပါတယ်။ ယင်းဖမ်းဆီးခေါ်ဆောင်သွားတဲ့ အထဲမှာ အိမ်ထောင်စု တစ်ခုတည်းမှ သားအဖပါသွားလို့ ကျန်အိမ်သူ အိမ်သားများမှာ အလွန်စိတ်သောကရောက်နေကြောင်း သိရှိရပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ ယင်းရွာသား (၁၂) မှာ စက်တင်ဘာလ ၁၈ ရက် မနက် ၁၁း၀၀ နာရီအချိန်ထိတော့ ပြန်လည် ရာက်ရှိလာခြင်း မရှိသးသဖြင့် ကျန်ရှိသော အိမ်သူအိမ်သားများနှင့် ရွာလူကြီးအပါအဝင် ရွာသားအားလုံးမှာလည်း စိုးရိမ်သောက ပူပန်နေကြောင်း စုံစမ်းသိရှိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသောရွာသား (၁၂) ဦးတို့ရဲ့ အမည်စာရင်းများမှာ-
၁။ ဦးပေါင်ဆန် ဖန်ဝါ ( PausangHpangWa ) အသက် ၆၀
၂။ မောင် ပေါင်ဆန်လနူး (Pausang La Nu) အသက် ၂၀
၃။ ဦးလဘန် လ (Labang La) အသက် ၆၀
၎။ မောင် လဘန် ဝမ်ဆောက် ( Labang Wan Sawk) အသက် ၂၂
၅။ မောင် ဒရှီမွန်းအောင် ( DashiMunAwng ) အသက် ၁၈
၆။ မောင် ဒရှီ လ (Dashi La) အသက် ၁၅
၇။ မောင် ဂေါ့မော် ဘရန် ဆိုင်း (GawmawBrang Seng) အသက် ၂၁
၈။ ဦးမရန် ယော်ထုန် (Maran Yaw Htung) အသက် ၅၅
၉။ ဦး မြစ်ခိုင် (MyitHkai) အသက် ၄၈
၁၀။ မောင် ဒမောင်ဒီး (Damau Di) အသက် ၁၉
၁၁။ မောင် လထော် အောင်ရာ (LahtawAwng Ra) အသက် ၁၇
၁၂။ ဦးလဇိန် နော်ထွယ် (Lazing NawHtoi) အသက် ၃၂
| < Prev | Next > |
|---|

