ပင်မနေရာ အထူးသတင်း K.I.A နှင့် စစ်တပ် ထိခိုက်ကျဆုံးသတင်း

ပင်မနေရာ အထူးသတင်း K.I.A နှင့် စစ်တပ် ထိခိုက်ကျဆုံးသတင်း

K.I.A နှင့် စစ်တပ် ထိခိုက်ကျဆုံးသတင်း

Print PDF
User Rating: / 3
PoorBest 

K.I.A မျိုးချစ်စစ်သည်များ


စက်တင်ဘာ (၂၇) ၊ ယနေ့ (၉) နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) နယ်မြေတွင် ကချင်လွတ်လပ်ရေးတပ်မတော် K.I.A နှင့် စစ်တပ်တို့ အပြင်းအထန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း K.I.A နှင့် နီးစပ်သူများထံမှ သတင်းပေးပို့လာပါတယ်။


စက်တင်ဘာ (၂၆) ရက်၊ မနေ့က ကချင်လွတ်လပ်ရေးတပ်မတော် K.I.A နှင့် စစ်တပ်တို့ ကျိန်းနမ့်ဇွပ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ K.I.A ဘက်မှ တပ်ကြပ်ကြီး လဂျာ ကချင်ပြည်သူ၊ ပြည်သားများအတွက် အသက်ပေးလှူခဲ့ရကြောင်း ကျိန်းနမ့်ဇွမ်ကျေးရွာနှင့် နီးစပ်သူများထံမှ သတင်းပေးပို့လာပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်း K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်းများနဲ့ စစ်တပ်များအကြား (၃) ရက်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲမှာ စစ်တပ်ဘက်မှ အရာရှိစစ်သည် (၁၀၀) ကျော် ကျဆုံးခဲ့တယ်လို့ သိရှိရပါတယ်။ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု များပြားလာသောကြောင့် ကျေးရွာ ဆေးရုံ၊ ဆေးခန်းတွေမှာ နေရာမဆန့်အောင်ကို ဖြစ်နေကြောင်း ကျေးရွာလူထုများက သတင်းပေးပို့လာပါတယ်။ တိုက်ပွဲ အတွေ့အကြုံနှင့် ဝေးကွာနေပြီး ကလေးစစ်သားကဲ့သို့ ခပ်ညံ့ညံ့စစ်သည်များ ပါဝင်နေလို့ စစ်တပ်ရဲ့ တိုက်စွမ်းရည် ကျဆင်းနေတာကြောင့် ရှေ့တန်းတပ်ရင်းမှူးများ အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။ K.I.A ဘက်မှာ (၄)ဦး ကျဆုံးခဲ့ပြီး ၎င်းတိုက်ပွဲတွင် ပါဝင်ကူညီခဲ့သော ရှမ်းတပ်မတော် (SSA)မြောက်ပိုင်း တပ်ဖွဲ့ဝင်ဘက်မှလည်း (၄)ဦး ကျဆုံးခဲ့ကြောင်း၊ တိုက်ပွဲဟာ ဆက်လက်ဖြစ်ပွားနေသေးကြောင်း စစ်ဖက်နီးစပ်သူများထံမှ သိရှိရပါတယ်။

Last Updated ( Saturday, 01 October 2011 12:02 )  

နောက်ဆုံးရသတင်းများ