ပင်မနေရာ အထူးသတင်း K.I.A ကို ချေမှုန်းရန် စစ်တပ်က ပြင်ဆင်နေပြီဆို

ပင်မနေရာ အထူးသတင်း K.I.A ကို ချေမှုန်းရန် စစ်တပ်က ပြင်ဆင်နေပြီဆို

K.I.A ကို ချေမှုန်းရန် စစ်တပ်က ပြင်ဆင်နေပြီဆို

Print PDF
User Rating: / 5
PoorBest 

K.I.A ရှေ့တန်းတနေရာ

ယနေ့စက်တင်ဘာ ၂၉ ရက် K.I.A ဌာနချုပ် လိုင်ဇာအနီးတဝိုက်တွင် တပ်မတခုစာ အင်အားရှိ တပ်များကို အစိုးရက စေလွတ်ထားရာ တချို့ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများက ဤဝက်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ အလားတူ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားရှိ (မလခ) လေတပ်စခန်းဌာနချုပ် လေယာဉ်ကွင်းမှာ A5 (အတည်ပြုဆဲ) ကဲ့သို့ တိုက်လေယာဉ်များ အနည်းဆုံး (၈) စီးခန့် Standby ပြင်ဆင်ထားရှိနေပြီဖြစ်ကြောင်း၊ မြစ်ကြီးနားမြို့ခံတဦးမှ သတင်းပေးပို့လာပါတယ်။ K.I.A ဘက်မှလည်း စစ်ပွဲများကို ဆင်နွဲသွားဘို့ အဆင်သင့်ဖြစ်ရန် အထူးသတိထား ပြင်ဆင်နေတယ်လို့လည်း သိရှိရပါတယ်။


အဲဒီလို နှစ်ဘက်တပ်များ စစ်ပြင်ဆင်မှုအကြီးအကျယ်လုပ်နေတာကြောင့် တင်းမာမှု အထွဋ်အထိပ်ရောက်နေပြီး ကချင်ပြည်နယ်ရှိ ပြည်သူပြည်သားများက အထူးစိုးရိမ်ပူပန်လျက်ရှိကြောင်း မြစ်ကြီးနားမြို့ခံမှ ပြောကြားလာပါတယ်။ UNနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှ ဖိအားပေး တားဆီးပေးစေလိုပြီး နှစ်ဖက် စေ့စပ်ညှိနှိုင်းပေးစေလိုတယ် လို့လည်း အဲဒီမြို့ခံက ပြောပါတယ်။


တဆက်တည်းမှာပင် စက်တင်ဘာ ၂၉ရက်နေ့ K.I.A တပ်မဟာ(၄)  လက်အောက်ခံ တပ်ရင်း (၈)နယ်မြေ မန်းတုန်နှင့် တပ်ရင်း (၉) နယ်မြေတို့တွင် K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး တပ်ရင်း(၉) နယ်မြေမှာ K.I.A ဘက်မှ SSA/SSPP တပ်များက ပူးပေါင်းပါဝင် ကူညီ တိုက်ခိုက်နေကြောင်း K.I.A နှင့် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

Last Updated ( Saturday, 01 October 2011 12:07 )  

နောက်ဆုံးရသတင်းများ