ပင်မနေရာ အထူးသတင်း လူတွင်ကျယ်လုပ်တော့မယ့် မဟာ “ရဲ” များ

ပင်မနေရာ အထူးသတင်း လူတွင်ကျယ်လုပ်တော့မယ့် မဟာ “ရဲ” များ

လူတွင်ကျယ်လုပ်တော့မယ့် မဟာ “ရဲ” များ

Print PDF
User Rating: / 9
PoorBest 

 ရကတ (ရန်ကုန်တိုင်း စစ်ဌာနချုပ်)နဲ့ နီးစပ်သူများက အစိုးရသစ် ဖွဲ့စည်းပြီးသကာလ ပြောင်းလဲလာတဲ့ အခြေအနေများကို စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ ရန်ကုန်မြို့တော်အတွင်း လုံခြုံရေး၊ စီမံခန့်ခွဲရေး စီးပွားရေးလုပ်ငန်း ကိစ္စအဝဝကို တပ်မှ ချုပ်ကိုင်ထားရာမှ ယခုအခါ အစိုးရသစ် ဖွဲ့စည်းခဲ့ပြီးနောက် နယ်ဘက်အုပ်ချုပ်ရေး အထူးသဖြင့် လုံခြုံရေး ကိစ္စရပ်များမှာ တပ်မှ တဖြေးဖြေးခြင်း ဆုတ်ခွာနေပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ယခင်က ရကတအတွင်း စစ်ဒေသ (၁/ ၂/ ၃/ ၄) ဖွဲ့စည်းထားပြီး နဝတ/နအဖ ခေတ်မှာ အာဏာကို အပြည့်အဝရရှိထားခဲ့တယ်။ 

စစ်မှုထမ်းဟောင်း တစ်ဦးကပြောကြားရမှာ “ နဝတခေတ်က မဝတ ဥက္ကဌနှင့် မြို့နယ်မှူးတွေဆိုရင် စစ်ဒေသမှူးခေါ်ပါက ဒူးတုန်နေအောင်ကြောက်နေရတယ်။ စစ်ဒေသ(၄) လက်အောက်ခံ ရန်ကုန်မြို့တော် မြို့လည်ခေါင်မြို့ (၆)မြို့နယ်ရှိ ကာရာအိုကေ အနှိပ်ခန်းတွေဆိုရင် စစ်ဒေသ (၄)ကို ဆက်ကြေးပေးရစမြဲပါ ” 

ယခုအခါ ရန်ကုန်တိုင်းမြို့တော်ကြီး ဧရိယာအတွင်း စစ်ဒေသများအစား ရဲဒေသများအဖြစ် ပြောင်းလဲခေါ်ဝေါ်ရန် စီစဉ်သွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ ရဲဒေသ (၁) နှင့် (၃) ကို ရဲမှူးကြီး  မင်းချစ်သူအား တာဝန်ပေးပြီး ရဲဒေသ (၂) နှင့် (၄)ကို ရဲမှူးကြီး ဝင်းထွန်း (နိုင်) တာဝန်ပေး ကွပ်ကဲမည်ဖြစ်ကာ အပေါ်မှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ကွပ်ကဲအုပ်ချုပ်နေပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ဌာနချုပ် အနေဖြင့် ရဲမှူးချုပ် သူရဗိုလ်နီက စီမံကွပ်ကဲသွားမယ်လို့သိရပါတယ်။

ရကတ ခြေလျင်တပ်ရင်းတစ်ရင်းမှ စစ်သည်တစ်ဦးက ရင်ဖွင့်ရာမှာ “ ကျွန်တော်တို့ ရန်ကုန်မြို့ထဲ ဈေးဝယ်သွားရင်ဖြစ်ဖြစ်၊ အလည်အပတ်ဆိုရင် ဖြစ်ဖြစ် ယူနီဖေါင်းနဲ့သွားရင်တောင် ရဲတစ်ဦးက ခရီးသွားလာခွင့် လက်မှတ် ပါရဲ့လားဆိုပြီး ရစ်နေသေးတယ်ဗျား၊ အဲဒါကြောင့် အရပ်ဝတ်နဲ့ သွားရတာက စိတ်အေးရတယ်။” 

အလားတူ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က သံဖြူဇရပ်မြို့တွင်း ပစ်ခတ်မှု ပေါက်ကွဲမှုဖြစ်စဉ်မှာ မြို့နယ်ရဲနှင့် ပြည်နယ်ရဲမင်းကြီးအား စုံစမ်းဖော်ထုတ်မှု ညံ့ဖျင်းလို့ ဆူပူကြိမ်းမောင်းခဲ့တယ်လို့ သိရပါတယ်။ ဆိုလိုတာက ယခင်ခေတ်ကဆိုရင် အဲဒီဖြစ်စဉ်မျိုးဖြစ်လာပါက တပ်က ဝင်ရောက်စုံစမ်းဖေါ်ထုတ်ခဲ့ပြီး ယခုအခါ ရဲတပ်ဖွဲ့အား လုံခြုံရေးဆိုင်ရာ တာဝန်တွေ လွဲပြောင်းခဲ့လို့ ပြဿနာဖြစ်ပွားချိန်မှာ ခြေမကိုင်မီ လက်မကိုင်မီ ရဲတွေရဲ့ ဒုက္ခကို တွေ့မြင်ရပါတယ်။

ခြေလျင်တပ်ရင်းအရာရှိတစ်ဦးက ပြောကြားရာမှာ “ ဒီလိုရဲတွေဝင်လုပ်တာ တပ်အတွက် ပိုပြီးသက်သာတယ်၊ ဂုဏ်ရှိတယ်၊  လူထုအုံကြွမှု ဖြစ်လာပြီဆိုရင် တပ်က အထက်လူကြီးတွေရဲ့ မတရားအမိန့်အရ ဖြိုခွဲခိုင်းတဲ့ တာဝန်ကြီးမှ လွတ်မြောက်သွားပြီဖြစ်တယ်၊ တပ်မတော်ရဲ့ သမိုင်းအမည်းစက် မကြာခဏ ထင်နေတာ အခုတော့ အသက်ရှုချောင်သွားတယ် ” လို့ဆိုပါတယ်။

ဒါကြောင့် သတင်းဖေါ်ထုတ်မှု၊ စုံစမ်း စစ်ဆေးမှု အပါအဝင် လုံခြုံရေးဆိုင်ရာ တာဝန်ပိုင်းတွေမှာ ရဲတပ်ဖွဲ့အနေနဲ့ မည်မျှ အတိုင်း အတာအထိ အောင်မြင်အောင် ဆောင်ရွက် သွားနိုင်မယ် ဆိုတာ ကိုတော့ စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများက သတင်းပေးပို့ လာပါတယ်။

Last Updated ( Friday, 07 October 2011 18:36 )  

နောက်ဆုံးရသတင်းများ