ပင်မနေရာ အထူးသတင်း အစိုးရအဖွဲ့အတွင်း အုပ်စုများ အားပြိုင်နေကြခြင်း

ပင်မနေရာ အထူးသတင်း အစိုးရအဖွဲ့အတွင်း အုပ်စုများ အားပြိုင်နေကြခြင်း

အစိုးရအဖွဲ့အတွင်း အုပ်စုများ အားပြိုင်နေကြခြင်း

Print PDF
User Rating: / 6
PoorBest 

ဝန်ကြီးဟောင်း ဦးဌေးဦး

၂၀၁၁ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ဖွဲ့စည်းဖြစ်ပေါ်လာသော သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့အတွင်း အုပ်စုများ အားပြိုင်နေကြတဲ့သတင်းကို စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ အစိုးရအဖွဲ့မှာ ကြံ့ဖွံ့ပါတီက အမတ်အများစု ရရှိထားကြလို့ ရုတ်တရက်ကြည့်လျှင် တည်ငြိမ်နေသယောင်ဖြစ်ပေမဲ့ အုပ်စုများ ဖွဲ့လျှက်ရှိကြောင်း သိရှိရပါတယ်။ အထူးသဖြင့် ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်များဟာ မိမိတို့ရဲ့နောက်မှာ တပ်မရှိတော့တာရယ်၊ ရာထူးဂုဏ်မှောက်မာနိုင်တဲ့ ပခုံးပေါ်မှာ အပွင့်နဲ့ ယူနီဖောင်းမရှိတော့တာရယ် စတာတွေကြောင့် ပုဆိုးကိုတောင် ခိုင်မြဲအောင် မဝတ်တတ်တဲ့ဘဝ ကြုံတွေ့နေရပါတယ်။ အဆိုးဆုံးက ဝန်ကြီးဟောင်း ဦးအောင်သောင်းလို ယခင်နအဖ ဝန်ကြီးဟောင်းတွေဟာ ဝန်ကြီးမဖြစ်တော့တဲ့အတွက် ဘေးထိုင်ဘုပြော အကွက်ချောင်းနေပါတယ်။ လွတ်တော်တွေမှာ သာမန်လွတ်တော် ကိုယ်စားလှယ်များနဲ့ တန်းတူ ထိုင်နေရတဲ့အတွက် အလိုလို သိမ်ငယ်စိတ်တွေ ဝင်နေတယ်လို့ သိရပါတယ်။

ဝန်ကြီးဟောင်း ဦးအောင်သောင်း

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ သမ္မတဦးသိန်းစိန်ကို အစိုးရသစ်ဖွဲ့ရင် မင်းတို့နဲ့ တွဲရမှာဖြစ်လို့ ဝန်ကြီးဟောင်းတွေအား  စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန်ဟာ နအဖအစိုးရတုံးက ကိုင်တွယ်ရခက်တဲ့ ဆောင့်ကြွားကြွားနိုင်လွန်းလှတဲ့ ဝန်ကြီးဟောင်းတွေကို ထားပစ်ခဲ့ဟန်တူတယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ ဒါကြောင့် လွတ်တော်မှာ ကန့်လန့်ကာနောက်ကွယ်က ကြိုးကိုင်နေတဲ့ ကြံ့ဖွံ့အထွေထွေ အတွင်းရေးမှူး ဝန်ကြီးဟောင်းဦးဌေးဦး၊ ဝန်ကြီးဟောင်းများဖြစ်ကြတဲ့ ဦးအောင်သောင်း၊ ဦးသိန်းဇော်စတဲ့ အုပ်စုတစ်အုပ်စု၊ လက်ရှိ ရာထူးယူထားတဲ့ ဝန်ကြီးများက တစ်အုပ်စု၊ တပ်မတော်သား ကိုယ်စားလှယ်များက တစ်အုပ်စု၊ အတိုက်အခံလို့ခေါ်နိုင်တဲ့ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ပါတီများက တစ်အုပ်စု၊ အခြေအနေကို စိုးရိမ်ကြီးစွာ စောင့်ကြည့်နေတဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဦးစီးတဲ့ တပ်မတော်အုပ်စု ဆိုပြီး ရှိပါတယ်။ အစိုးရအဖွဲ့တွင်း သဘောထားတင်းမာသူများကတော့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဝန်ကြီးဦးကျော်ဆန်း၊ လွတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်း၊ လဝကဝန်ကြီး ဦးခင်ရီ၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုတို့ဖြစ်ကြကြောင်း သိရပါတယ်။

ဝန်ကြီးဟောင်း ဦးသိန်းဇော်

ဦးအောင်သောင်းတို့ ဦးစီးတဲ့ ကြံ့ဖွံ့အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားတာကအစ တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေးရယူဘို့ သင့်မသင့် အပါအဝင် မြစ်ဆုံရေကာတာအဆုံး အစိုးရအဖွဲ့အား တိုးတိုးတိတ်တိတ်တမျိုး၊ သွယ်ဝိုက်လို့ တခါ ဖိအားပေးအကြပ်ကိုင်ကြကြောင်း သိရပါတယ်။ နောက်ဆုံးတော့ သမ္မတဦးသိန်းစိန်ဟာ ပညာသားပါပါ တာဝန်ပေးတဲ့အနေနဲ့ ဦးအောင်သောင်းနဲ့ ဦးသိန်ဇော်တို့အား အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့ဟာ K.I.A  နှင့် စတင်တာ ထွက်ထွက်ခြင်း အောင်မြင်မှုမရဘဲ တပ်လှန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ UWSA နဲ့ ဦးစိုင်းလင်းတို့အဖွဲ့ကိုတော့ အပစ်ရပ်လက်မှတ်ထိုးနိုင်ခဲ့လို့ သူတို့အဖို့ သက်မချနိုင်ခဲ့ပါတယ်။ လွတ်တော်တွင် ထူးခြားတဲ့ဖြစ်စဉ်တစ်ခုအနေဖြင့် အကျဉ်းသားများ လွတ်ပေးရေး အဆိုတင်သွင်းသူများထဲမှာ တပ်မတော်သားကိုယ်စားလှယ်များက တက်တက်ကြွကြွ ထောက်ခံအားပေးခဲ့လို့ ကြံ့ဖွံ့အုပ်စု တအံ့တသြဖြစ်ခဲ့ကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်ကို သုံးသပ် သတင်းပို့လာပါတယ်။

Last Updated ( Thursday, 13 October 2011 17:27 )  

နောက်ဆုံးရသတင်းများ