ပင်မနေရာ အထူးသတင်း လူ့အခွင့်အရေးချိုးဖေါက်နေတဲ့ စစ်တပ်

ပင်မနေရာ အထူးသတင်း လူ့အခွင့်အရေးချိုးဖေါက်နေတဲ့ စစ်တပ်

လူ့အခွင့်အရေးချိုးဖေါက်နေတဲ့ စစ်တပ်

Print PDF
User Rating: / 3
PoorBest 

ကြည့်ကြပါအုံး... မြင်လို့မှ ကောင်းသေးရဲလား?

မြစ်ကြီးနား ဗန်းမော် ကားလမ်းမကြီး အကြားမှာရှိတဲ့ နမ်ဆန်ယာန်ကျေးရွာနှင့် နီးစပ်သူများထံက ဤဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ အစိုးရတပ် ခလရ (၁၂၁) နှင့် (၃၄၈) ပူးပေါင်းတပ်များဟာ နမ်ဆန်ယာန်ကျေးရွာမှ တပ်များဆုတ်ခွာသွားခဲ့ပြီး ဖြစ်ပါတယ်။ ယခုအချိန်တွင် အဲဒီတပ်တွေဟာ ဂန်ဒေါင်ယာန် အနောက်ဘက် (၁၀)မိုင်ကျော်တွင် ရှိတဲ့ ဆိုင်းမိုင်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာသားများကို ညှင်းပန်းနှိပ်စက်ခြင်းများပြုလုပ်ကာ ရွာသားများရဲ့ ပစ္စည်းများကိုလည်း စိတ်ကြိုက်လုယူ အသုံးပြုနေကြောင်း၊ ရွာသားများကိုလည်း ထင်ရာစိုင်း ပြုမူနေမှုကြောင့် ကိုယ်လွတ်ရုံးကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထွက်ပြေးသွားတဲ့ ရွာသားများကို ဖမ်းဆီးရမည့်အစား လက်နက်အားကိုး ပစ်ခတ်နေကြောင်း၊ ယင်းထွက်ပြေးရာတွင် ဦးဆွမ်းလွတ်တူးနှင့် သူ့ရဲ့ဇနီးလည်း ပါဝင်ထွက်ပြေးခဲ့ရာ ဇနီးဖြစ်သူမှာ မပြေးနိုင်တော့သဖြင့် ချန်လျစ်ထားခဲ့ရကြောင်း ဦးဆွမ်းလွတ်တူးမှ ပြောကြားလာပါတယ်။ အထက်အရာရှိ စစ်ဗျူဟာမှူးရဲ့ အမိန့်အရ ကြောက်ရွံ့လို့ ထွက်ပြေးသွားသော ရွာသားများကို ပစ်သတ်နိုင်တဲ့အမိန့် (Free-Fire-Authority) ကို ပေးထားကြောင်း စုံစမ်း သိရှိရပါတယ်။

Last Updated ( Saturday, 29 October 2011 14:05 )  

နောက်ဆုံးရသတင်းများ