?????????? ???????? ??????? -http://www.martinfrost.ws/htmlfiles/aug2010/wn1626.html.
အောက်တိုဘာလ(၃၀)ရက်နေ့ ရရှိတဲ့သတင်းအရကချင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် K.I.A နှင့် အစိုးရစစ်တပ်တို့အကြား (၆) ရက်ကြာတိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဂါးရာယာန်၊ ရွှေညောင်ပင်၊ လုန်ဇွပ်ကုန်းတိုက်ပွဲနေရာများတွင် အစိုးရစစ်တပ်ဘက်မှ အကျအဆုံးများလာမှုကြောင့် UN မှ ပိတ်ပင်ထားသော (Chemical Weapon) ဓာတုလက်နက်များကိုစတင် အသုံးပြုနေကြောင်း K.I.A နဲ့ နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ်။ ယင်းဓါတုလက်နက် ဓာတ်ငွေ့ကိုရှုရှိုက်မိတဲ့ K.I.A စစ်သည် (၁၀) ယောက်ကျော်ဟာ တခါတည်း ခေါင်းမူးလာပြီး အဆက်မပြတ် အော့အန်ကြောင်း၊ ကိုယ်ခန္ဓာ ပျော့ခွေသွားပြီး ဆက်လက်တိုက်ပွဲ မဝင်နိုင်တော့ကြောင်း ရှေ့တန်း K.I.A စစ်မျက်နှာမှ သိရှိရပါတယ်။
တဆက်တည်းမှာဘဲ အောက်တိုဘာလ (၂၉) ရက် မနေ့ကလည်း K.I.A စစ်ဌာနချုပ် လိုင်ဇာနှင့် သိပ်မဝေးတဲ့ အင်သပ်တောင်တိုက်ပွဲမှာ အစိုးရစစ်တပ်ဘက်မှ ကျဆုံးမှုများလာတာနဲ့အမျှ အစိုးရစစ်တပ်ဘက်မှ (Chemical Weapon) ဓါတုလက်နက်ဖြင့် K.I.A စစ်တပ်ကိုပစ်ခတ်ခဲ့ရာ K.I.A စစ်သည် (၄) ဦးဟာ ဆက်လက် တိုက်ပွဲမဝင်နိုင်တော့ဘဲ တကိုယ်လုံး ပျော့ခွေသွားပြီး အဆက်မပြတ် အော့အန်နေကြောင်း K.I.A ရှေ့တန်းစစ်မျက်နှာမှ ဆက်လက် သတင်းပေးပို့လာပါတယ်။
ဓါတုလက်နက်ဖြင့် အသုံးပြုလေ့ပြုထရှိတဲ့ နည်းစနစ်ကတော့ (၈၁)မမစိန်ပြောင်းနှင့် (၁၂၀)မမစိန်ပြောင်းကြီးများဖြင့် အသုံးပြုနိုင်ပြီး ခွင်းကျည်များနှင့် ရောလွတ်နိုင်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်ကြပါတယ်။ ယခင် MTA ခွန်ဆာတပ်များကို စစ်တပ်ကစခန်းကုန်းများ တက်သိမ်းရာမှ အကျအဆုံးများနေလို့ ဓါတုလက်နက်သုံးစွဲခဲ့ကြောင်း သိရှိရပါတယ်။ ဓါတုလက်နက်ကို နိုင်ငံတကာက တားမြစ်လက်နက်အဖြစ် သတ်မှတ်ကြပြီး အသုံးပြုပါက ကန့်ကွက် စစ်ဆေးအရေးယူဖြစ်စဉ် ရှိခဲ့ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ် သတင်းပေးပို့လာပါတယ်။
| < Prev | Next > |
|---|

