ပင်မနေရာ အထူးသတင်း တည်ကြက်ဖြစ်လာမဲ့ မြန်မာနိုင်ငံ

ပင်မနေရာ အထူးသတင်း တည်ကြက်ဖြစ်လာမဲ့ မြန်မာနိုင်ငံ

တည်ကြက်ဖြစ်လာမဲ့ မြန်မာနိုင်ငံ

Print PDF
User Rating: / 7
PoorBest 

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်

မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ထိတွေ့ဆက်ဆံရေးမူအရ ယခုတလော နိုင်ငံခြားရေး ဝန်ကြီး မစ္စက်ကလင်တန် လာရောက် လည်ပတ်မည့်သတင်း အပေါ် စစ်ဖက်နီးစပ်သူများက အနာဂတ်တွင် အာရှတိုက်မှာ အမေရိကန်နဲ့ တရုတ် သြဇာအာဏာ ချဲ့ထွင်ပြိုင်ဆိုင်မူအကြား မြန်မာနိုင်ငံဟာ တည်ကြက်ဖြစ်လာနိုင်မယ်ဆိုတဲ့အကြောင်း သုံးသပ် သတင်းပေးပို့လာပါတယ်။


ပြီးခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာ အမေရိကန် သမ္မတ ဘာရက် အိုဘာမားက သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့ စေလွှတ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီ ပြောဆိုချက်အပေါ် အငြိမ်းစား တပ်မတော် အရာရှိတစ်ဦးက တုံ့ပြန်ပြောဆိုလာပါတယ်။


“ အမေရိကန်က မြန်မာနိုင်ငံကို စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှု၊ ယခင်က ကိုယ်ကျိုးစီးပွားနဲ့ နှိုင်းယှဉ်ပြီး သိပ်မရှိခဲ့ဘူးဗျ။ မြောက်ကိုရီးယားနဲ့ အီရန် တို့အား လုံခြုံရေး မဟာဗျူဟာအရ ဦးစားပေးခဲ့တာ ရှိတယ်။ အာရှတိုက်မှာ သူ့ရဲ့ အမာခံ မိတ်ဆွေနိုင်ငံဟာ ထိုင်းနိုင်ငံ ရှိပြီးသားဖြစ်တာမို့ မလိုအပ်ဘူးလို့ အစက ထင်နေတယ်။ မြန်မာအရေးခင်းတွေ ဖြစ်တိုင်း နိုင်ငံတကာမှာ ဒီထက်ဆိုးဝါးတဲ့ အရေးခင်းဖြစ်တာနဲ့ တိုက်ဆိုင်နေတာမို့ စိတ်ဝင်တစား အာရုံစူးစိုက်မှုနည်းခဲ့တယ်ဗျ။ ရွှေဝါရောင်တော်လှန်ရေး တစ်ခုသာ နိုင်ငံတကာက မြန်မာစစ်ဗိုလ်ချုပ်တွေ အပေါ် ကြမ်းတမ်းရက်စက်သူများအဖြစ် မြင်ခဲ့တယ်။”


အာဆီယံ ဥက္ကဌအဖြစ် မြန်မာနိုင်ငံအား တာဝန်ပေးအပ်လာမူအပေါ် သမ္မတဦးသိန်းစိန်အနေနဲ့ အာဆီယံနဲ့ တရုတ်အကြား တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ရေး အငြင်းပွားမူ ပြဿနာ ဖြေရှင်းရဖွယ်ရှိပါတယ်။ တရုတ်ရဲ့ ရန်ဖက်ဖြစ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံနှင့် ရှင်းရသလို ဖိလစ်ပိုင်နိုင်ငံကပါ တောင်းဆိုနေလို့ ဦးသိန်းစိန်အနေနဲ့ ဆွေမျိုးပေါက်ဖေါ် တရုတ်အပေါ် ဘယ်လိုကိုင်တွယ် ရပ်တည်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


အမေရိကန် အစိုးရဟာ အရှေ့အလယ်ပိုင်း လစ်ဗျားနိုင်ငံကဲ့သို့ အာရပ်အရေးခင်းများမှာ လက်ရှောင်နေခဲ့ပြီး ဥရောပ အီးယူနိုင်ငံများကို လွဲပြောင်းပေးခဲ့ပါတယ်။ ယခင် အမေရိကန်သမ္မတများဟာ အာရှတိုက်ကို စိတ်ဝင်စားမူ အနည်းငယ်သာရှိခဲ့ပြီး ယခု သမ္မတ ဘာရက် အိုဘာမားကျတော့ မြန်မာနိုင်ငံကို အရေးတယူဖြစ်လာခဲ့တာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ကောင်းမွန်တယ်လို့ တပ်မတော် အရာရှိတစ်ဦးက ဆိုလာပါတယ်။


“ ကျနော်တို့ ဗိုလ်ချုပ်တွေဟာ ယခင် နဝတ၊ နအဖ ခေတ်က  အမေရိကန် မုန်းတီးရေး ဆိုပြီး လေသံပစ်နေတာ၊ သူတို့ကျတော့ အမေရိကန်အစိုးရထံ ဆက်ဆံရေး လမ်းကြောင်းဖွင့်ဖို့ တိုးတိုးတိတ်တိတ် ကြိတ်ပြီး ကြိုးစားနေတာဗျ။ မူးယစ်ဆေး နိပ်နှင်းရေးဆိုတဲ့ ကောင်းစဉ်နဲ့ DEA တို့ကို ဖိတ်ခေါ်ပြီး လုပ်ခဲ့တာ ရှိခဲ့တာကိုး၊ ဒါပေမဲ့ သံတမန်ရေးရာကျတော့ အမေရိကန်တို့က ဆေးဖေါ် ကြေားဖေါ် တောင်မလုပ်ခဲ့တော့ ဂွကျကုန်တာပေါ့။ ယခု နိုင်ငံခြားရေး ဝန်ကြီး လာမယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ အလားအလာကောင်းများဖြစ်တယ်။ ”


လက်ရှိ အမေရိကန်နိုင်ငံ အနေနဲ့ ကမ္ဘာမှာ ပြိုင်ဘက်အဖြစ် ယခင်က ရုရှားနိုင်ငံကို သတ်မှတ်ထားသော်လည်း ယခု စီးပွားရေး အင်အား ဖွံ့ဖြိုး ကြီးမားလာတဲ့ တရုတ်နိုင်ငံအပေါ် သတိထား စောင့်ကြည့်နေရပါတယ်။ တရုတ်နိုင်ငံဟာ အာရှတိုက်မှာ သြဇာအာဏာ ချဲ့ထွင်လာတာနဲ့အမျှ သူတို့ရဲ့ နယ်စပ်လုံခြုံရေးဖြစ်တဲ့ မြန်မာနိုင်ငံကို အနောက်ဘက်တံခါးအဖြစ် စည်းရုံးပြီး ရင်းနှီးမြုပ်နှံမှုပေးကာ အမာခံ တည်ဆောက်ထားခဲ့ပါတယ်။ စီးပွားရေး ပိတ်ဆို့မူ ခံနေရတဲ့ မြန်မာနိုင်ငံအဖို့  တရုတ်နိုင်ငံကို ဆွေမျိုး ပေါက်ဖေါ်ကြီး၊ ကျေးဇူးရှင်ကြီး သဖွယ် သဘောထားနေရပါတယ်။  စည်းလုံးခြင်းရဲ့ အင်အား အဖွဲ့ဝင် အရာရှိကြီး တစ်ဦးက စစ်ရုံးမှာ ကက (နက်) မှ အရာခံဗိုလ်တစ်ဦးနဲ့ ၁၉၈၉ ခုနှစ် တွေ့ဆုံခဲ့စဉ် အတွေ့အကြုံလေးကို ပြောပြလို့သိရှိရ ခဲ့ပါတယ်။


“ဗိုလ်ကြီးရေ  တရုတ်ကတော့ ကျနော်တို့ နိုင်ငံကို ဒေါ်လာသန်း ထောင်နဲ့ချီပြီး  စစ်လက်နက်ပစ္စည်းတွေ၊ စစ်လေယာဉ်တွေ၊ စစ်ရေယာဉ်တွေ၊ တင့်ကားတွေ ပေးခဲ့တာ  အံ့သြတယ်ဗျ။ အလကားနီးပါး ကာလတန်ဖိုးနဲ့ ယှဉ်ကြည့်ရင် တန်တယ်လို့ ခေါ်ရမယ်၊ အမေရိကန်ကိုလည်း ကြောက်စရာမလိုတော့ဘူး၊ ”

Last Updated ( Tuesday, 22 November 2011 13:59 )  

နောက်ဆုံးရသတင်းများ